မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိတဲ့ဂျပန်သံအမတ်ကြီး
◆ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား (MRTV) ၏ သတင်းကြေညာချက်နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက် ◆ Announcement Concerning the MRTV Broadcast on March 8 ◆ 3月8日のMRTVの放送に関する発表 ******************** ●၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား (MRTV) ၏ သတင်းကြေညာချက်နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဂျပန်သံအမတ်ကြီး Mr. Maruyama သည် နေပြည်တော်သို့ သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အောက်ပါအချက်များကို တိုက်တွန်းပြောကြားခဲ့ ပါသည်။ ထိုသို့ တွေ့ဆုံခဲ့ရာတွင် ဂျပန်သံအမတ်ကြီး Mr. Maruyama က ဖေဖော်ဝါရီ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိကြောင်း တိုက်ရိုက်ပြောကြားခဲ့ပြီး အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို လုံးဝရပ်ဆိုင်းရန်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီနည်းလမ်းကျသောနိုင်ငံရေးစနစ် အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် အလေးအနက်ထား တိုက်တွန်းခဲ့ပါသည်။ ထိုသိ