မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိတဲ့ဂျပန်သံအမတ်ကြီး



◆ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား (MRTV) ၏ သတင်းကြေညာချက်နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်
◆ Announcement Concerning the MRTV Broadcast on March 8 ◆ 3月8日のMRTVの放送に関する発表 ******************** ●၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား (MRTV) ၏ သတင်းကြေညာချက်နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဂျပန်သံအမတ်ကြီး Mr. Maruyama သည် နေပြည်တော်သို့ သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အောက်ပါအချက်များကို တိုက်တွန်းပြောကြားခဲ့ ပါသည်။

ထိုသို့ တွေ့ဆုံခဲ့ရာတွင် ဂျပန်သံအမတ်ကြီး Mr. Maruyama က ဖေဖော်ဝါရီ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိကြောင်း တိုက်ရိုက်ပြောကြားခဲ့ပြီး အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို လုံးဝရပ်ဆိုင်းရန်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီနည်းလမ်းကျသောနိုင်ငံရေးစနစ် အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် အလေးအနက်ထား တိုက်တွန်းခဲ့ပါသည်။

ထိုသို့ တိုက်တွန်းပြောကြားချက်အပေါ် မြန်မာဘက်က ယခုအချိန်အထိ စွဲကိုင်ထားသော ရပ်တည်ချက် ကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

ဂျပန်အစိုးရအနေဖြင့် ဆက်လက်၍ ၁။ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်ဆိုင်းရန် ၂။ ဖမ်းဆီးထိန်းသိမ်းထားသော သက်ဆိုင်ရာပုဂ္ဂိုလ်များအား ပြန်လွှတ်ပေးရန် ၃။ ဒီမိုကရေစီနည်းလမ်းကျသော နိုင်ငံရေးစနစ် အမြန်ဆုံးရရှိစေရန် စသည့် အချက် (၃) ချက်ကို မြန်မာ့တပ်မတော်ဘက်သို့ အလေးအနက်ထား တိုက်တွန်းသွားမည်ဖြစ်ပါသည်။

********************
●Announcement Concerning the MRTV Broadcast on March 8

On March 8, in Nay Pyi Taw, Ambassador Ichiro Maruyama conveyed Japan’s position regarding the situation in Myanmar to Foreign Minister U Wanna Maung Lwin.

Ambassador Maruyama directly expressed a grave concern on the situation in Myanmar after the state of emergency was declared on February 1. Ambassador Maruyama strongly urged to stop resorting to violence against civilians by all means, immediately release those who are detained including State Counsellor Daw Aung San Suu Kyi, and swiftly restore Myanmar’s democratic political system.

In response, the Myanmar side explained their position.

The Government of Japan continues to strongly urge the Myanmar military to immediately stop resorting to violence against civilians, release those who are detained and swiftly restore Myanmar's democratic political system.

********************
●3月8日のMRTVの放送に関する発表

3月8日、ネーピードーにおいて、丸山大使は、ワナ・マウン・ルイン外相に申入れを行いました。
 その際、丸山大使は、2月1日に緊急事態が宣言されて以降のミャンマーの事態に対し、重大な懸念を有していることを直接伝達し、一般市民に対する一切の暴力の停止、アウン・サン・スー・チー国家最高顧問を含む関係者の早期解放と民主的な政治体制の速やかな回復を強く求めました。

これに対し、先方から、従来の立場の説明がありました。

日本政府としては、引き続き、ミャンマー国軍に対して、①民間人に対する暴力の即時停止、②拘束された関係者の解放、③民主的な政治体制の早期回復、の3点を強く求めていきます。 

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ