မေမေ့..သားငယ်လေး..ဒီနေ့တိုက်ပွဲဝင်ရန်..ချီတက်ပါပြီ.. Get link Facebook X Pinterest Email Other Apps By YeYint Nge March 08, 2021 .G. .XYZ. အားလုံးဘေးကင်းကြပါစေ....မေမေသင်း Get link Facebook X Pinterest Email Other Apps Comments
ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ By YeYint Nge June 17, 2024 စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးခြင်းမရှိဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ ■ စားအုန်ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၇၀ ကျပ်စစ်တပ်က သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် ဆီတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ အထိ စျေးပေါက်နေ ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ တင်သွင်းလာသော စားအုန်းဆီများကို လိုင်စင်ရ ဆီကုန်သည်ကြီးများမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေရောင်းချလျက်ရှိရာ စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ ဖြန့်ဝေရောင်းချခြင်းမပြုဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပစျေးကွက်သို့ စျေးနှုန်းအမြင့် အမြတ်ကြီးကြီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက စားအုန်းဆီ တစ်ပိဿာလျှင် ရည်ညွှန်းစျေး ၅၃၇၀ ကျပ် သတ်မှတ်ထားသော်လည်း လက်တွေ့ စျေးကွက်အတွင်းတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ စျေးနှုန်းရှိနေကြောင်း ၊ အဓိကမှာ ဆီကုန်သည်များက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ မှန်မှန်ကန်ကန်ရောင်းချပေးခြင်းမရှိဘဲ အာဏာပိုင်များနှင့်ပ... Read more
အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ By YeYint Nge June 18, 2024 အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံပြီး မြန်မာအကြမ်းဖက်စစ်တပ် ကျရှုံးလိမ့်မည်ဟု ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းပြောဆို ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ် အီတလီနိုင်ငံ၊ Abbiategrasso မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တက်ရောက်လက်ခံလိုက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် ကျဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့် ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ Abbiategrasso မြို့တော်ဝန် Cesare Nai က ဦးဆောင်ပြီး ၊အီတလီအမတ် Umberto Maerna ၊ Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သူငယ် ချင်းဖြစ်သူ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြသည်။ မိခင်အတွက် ဆုကို လက်ခံခဲ့သော ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မြန်မာ နိုင်ငံတွင် အကြမ်းဖက်မှုများ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်က ရှုံးနိမ့်မည်ဖြစ် ကြောင်း၊ မြန်... Read more
နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း By YeYint Nge June 17, 2024 ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းမိသားစုထံသို့ လွှဲပြောင်းသည့်အထောက် အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်း ရန်ကုန်၊ ဇွန် ၁၇ ပြည်ပနိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့် သွားရောက် အလုပ်လုပ်သော အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုထံသို့ လွှဲပြောင်းသည့်အထောက်အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်းနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ လစဉ် လဆန်း ၅ ရက်အတွင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက ပြည်ပနိုင်ငံများတွင် ရရှိသော လစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက်အထားများကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်သို့ သွားရောက်အလုပ်လုပ်... Read more
ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ် By YeYint Nge June 21, 2024 အာဏာသိမ်း စစ်အုပ်စုက ဆရာတော်အား ပစ်ခတ်သတ်ဖြတ်မှု ဝန်မခံသေးဘဲ ဆက်လက် စုံစမ်းဦးမယ်လို့ဆို၊ MFP ၊ ဇွန်-၂၁ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဇွန်(၁၉)ရက် မနက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါ လာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ ဝိုင်းဝန်း ပစ်ခတ် သတ်ဖြတ်ခဲ့သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့စစ်ခေါ် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မန္တလေးနန်းတွင်းမှာ အခြေပြုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ လက်အောက်ခံ အမှတ်(၂) အင်အားပြန်လည် ဖြည့်တင်းရေးတပ် (အပတ-၂-ကျောက်ဆည်တပ်နယ်)က ဗိုလ်မှူးအဆင့် မိုးမင်းဦးဟာ စစ်အာဏာသိမ်းစ ကတည်းက ငါန်းဇွန်နယ်ထဲ ရောက်ရှိလာကာ ဒေသတွင်း လူသတ်၊ လုယက်၊ အကြမ်းဖက်မှုတွေမှာ ဦးဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်(၁၉)ရက်က အဲ့ဒီ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်တဲ့ စစ်အုပ်စု အင်အား(၁၄)ယောက်၊ ငါန်းဇွန်မြို့နယ် ပျူခေါင်းဆောင် မျိုးမင်... Read more
အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် By YeYint Nge April 27, 2023 မြန်မာကိုချည်နှောင်မည့် အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ တ-ရုတ်နဲ့စီးပွားရေး ချည်နှောင်မှုတွေဟာ အားနည်းသွားတဲ့အနေအထားရောက်ခဲ့တယ်လို့ အချက်အလက်ကိန်းဂဏန်းတွေအရ သိရပါတယ်။ ပိုမိုပွင့်လင်းတဲ့ စီးပွားရေးလုပ်ဆောင်နိုင်တဲ့အနေအထားတွေအရ ဥရောပအပါအ၀င် အခြားနိုင်ငံများနဲ့ သိသိသာသာတိုးမြှင့်ဆက်ဆံနိုင်ခဲ့လို့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်နဲ့ကုန်သွယ်ရေး လိုငွေပြမှုတွေလည်း သိသိသာသာလျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်ဟာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အာဆီယံနိုင်ငံတွေကို သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်း One Belt One Road BRI အရ ချုပ်ကိုင်ထားဖို့ ၂၀၁၃ ခုနှစ်တည်းက စတင်ခဲ့ပါတယ်။ ၂၀၁၃ ကစပြီး အာဆီယံဒေသတွင်းမှာ တ-ရုတ်အစိုးရက BRI ခေါင်းစဉ်အောက်ကနေ ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်သုံးစွဲခဲ့ပြီး ဒါဟာ နိုင်ငံတခုချင်းစီရဲ့ နှစ်စဉ်သုံးရန်ပုံငွေထက်၀က်နဲ့ညီမျှတဲ့အထိဖြစ်ပါတယ်။ တချို့ဆို ကျော်တောင်ကျော်လွန်နေပါသေးတယ်။ အဲ့ထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာပါ၀င်ပါတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာဟာ ချိုင်းနားကြွေးမြီကို အထူ... Read more
၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ် By YeYint Nge November 15, 2021 တော်လှန်ရေးဗားရှင်း🇺🇲 ဦးကျော်မိုးထွန်းကို တရားရုံးမှာ တရားလာရင်ဆိုင်ပါဆိုပြီး စကစကစာထုတ်တယ် တကယ်ဆို ဒါဘာမှမထိရောက်မှန်းသူတို့သိပေမယ့် အခုလ ၂၆ ၂၇UN အစည်းအဝေးမှာ အစိုးရအသိအမှတ်ပြုရေးအတွက် NUGကို စကစကတိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ် ဒီအသိအမှတ်ပြုဖို့ကလဲ အမေရိကန်နဲ့တရုတ် သဘောအတိုင်းဖြစ်လာမှာပါ ကျင်ဖင့်နဲ့ ဘိုင်တန်လဲအခုရက်ပိုင်း ဆွေးနွေးမယ်လို့ အသံတွေထွက်လာပါတယ် ထုံးစံအတိုင်း ယခင်အခေါက်က ဆွေးနွေးသလို အဖြေထွက်လာမှာပါ အခုရက်ပိုင်း စကစဆီ နိုင်ငံသုံးနိုင်ငံက သံတမန်တွေလာပါတယ် ထိုင်း ဒုဝန်ကြီးချုပ် ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ သူကတော့သိပ်အရေးမပါပါဘူး တရုတ်က ဆွန်ကော့ရှန်တို့ပါပဲ ထိုင်းကလာတာတော့ သူ့နိုင်ငံထဲ ဝင်လာမယ့် ဒုက္ခသည်တွေနဲ့လဲဆိုင်သလို US UK တို့ထိုင်းကိုလာပြီး ဖိအားပေးလို့စကစကို ထိုင်း ဒုဝန်ချုပ်ကိုယ်တိုင်လာ သတိပေးတာဖြစ်ဖို့များပါတယ် ဆွန်ကော့ရှန်လာရင် ထုံးစံအတိုင်းအပြောင်းအလဲနဲ့ ပြသနာတစ်ခုခုအမြဲရှိတတ်တယ် အရင်ကသူလာတယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ဘူး တပတ်ကြာနေသွားတယ် ဆွန်ကော့ရှန်ပြန်တော့ကျင်ဖင့်နဲ့ဘိုင်တန် ဖုန်းနဲ့ပြောပြီး UNမှာ ဦးကျော်မိုးထွန်း နေရာဆက်ရတယ် အခုလဲ ဆွန်ကော့ရှန်... Read more
ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား By YeYint Nge April 22, 2023 Breaking News- နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို မကွေးလေတပ်သို့ ပို့ဆောင် ■ ပြည်သူများအနေဖြင့် ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ၏ အန္တရာယ် ကို သိရှိရန် လိုအပ် ရန်ကုန်၊ ဧပြီ ၂၂ ခေတ်သစ် နိုင်ငံတကာတွင် အသုံးပြုခြင်း မပြုရန် ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေတတ်သည့် ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထားကြောင်း စစ်တပ် သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင် တဲ စခန်းရှိ အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃) က ထုတ်လုပ်သည့် 50 kg 120 cluster (လေယာဉ်တင်ဗုံး)များ ကို မကွေးလေတပ်သို့ စစ်ကား ၁၂ စီးဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။ CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပိုမို ရက်စက်စွာ သတ်ဖြတ်ရန် အတွက် အလွန်ရက်စက်သော ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ အသုံးပြုလာသည်ကို အထူး သတိထားရန် သတိပေးသည်။ "ကပစ... Read more
မင်းအစာပဲလေ— By YeYint Nge June 16, 2024 တခါထဲဝင်စားခဲ့လိုက် လူလိုမကျင့်တတ်ရင် လူလိုမတွေးတတ်ရင် လူလိုနားမလည်ရင် နွား ဒါမှမဟုတ် ခွေးသာသာပေါ့၊ Read more
ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား By YeYint Nge March 03, 2022 news.com.au ဗလာဒီမာပူတင်က သူ့မိသားစုကို မကြာသေးခင်က ဆိုက်ဘေးရီးယားရှိ မြေအောက်မြိုတစ်ခုသို့ပြောင်းရွှေ့ဝှက်ထားကြောင်း ရုရှားပရော်ဖက်ဆာတစ်ဦးအပြောအရသိရသည်။ ဇိမ်ခံအဆင်မြင့်နည်းပညာများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော ဘန်ကာသည် အယ်လ်တိုင်တောင်တန်းများတွင်တည်ရှိပြီး နူကလီးယားဒဏ်ကိုပင်ခံနိုင်အောင် ဒီဇိုင်းဆွဲထားခဲ့သည်ဟု အသက် ၆၁ နှစ်အရွယ် နိုင်ငံရေးဆိုင်ရာသိပ္ပံပညာရှင် ဗလာရီ ဆိုလိုဗီး ပြောသည်။ ရုရှားက ယူကရိန်းမြို့တော် ကီယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို အမြောက်ကျည်ဆံမိုးရွာနေချိန် ပူတင်သည် "Vaccum ဗုံး" များအသုံးပြုကာ အပြစ်မဲ့အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်နေကြာင်း စွပ်စွဲချိန်များထွက်ပေါ်လာချိန်တွင် သူ့မိသားစုပုန်းရှောင်နေသည်ဆိုသောပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါပညာရှင်သည် အစောပိုင်းက ပူတင်သည် ကျန်းမာရေးပြဿနာရှိနေပြီး ရုရှားလူထုမသိအောင်ဖုံးအုပ်ထားကြောင်းနှင့် သူနှင့် သူ၏ ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုတို့ လျို့ဝှက်ကာ တိုင်းရင်းရိုးရာတစ်မျိုးဖြစ်သော ရှာမန်တို့၏ ယတြာချေဆုတောင်းခြင်းများပြုလုပ်ကြောင်း စွပ်စွဲထားဖူးသည်။ " သမ္မတပူတင်ရဲ့ မိသားစုဟ... Read more
မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ) By YeYint Nge December 31, 2022 https://youtu.be/01TZZ03bOoI မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ) ရန်ကုန်၊ ဒီဇင်ဘာ ၃၁ Khit Thit Media တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပုလောမြို့ဘက်သို့ အင်အား ၃၀၀ ကျော်ဖြင့် တက်လာသော အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပလမြို့အထွက်တိုရွာ၊ နန်းပရုပ်ကျေးရွာတို့တွင် တိုက် ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ် သား ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Palaw PDF ထံမှ သိရသည်။ ဒီဇင်ဘာလ ၃၀ ရက်နံနက် ၈ နာရီဝန်းကျင်ခန့်က မြိတ်မြို့မှ ပုလောမြို့ဘက်သို့ တက်လာသော စစ် ကောင်စီယာဉ်တန်းသည် ပလ မြို့မှ အင်အား (၃၀ဝ) ကျော်ဖြင့် အထွက် တိုရွာအရောက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အ ကြမ်း ဖက်စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ (၃၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Palaw PDF က အတည်ပြု ထုတ်ပြန်ထားသည်။ အဆိုပါနှစ်ရက်ဆက် တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၇ က... Read more
Comments