အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်နာရေးကူညီမှုအသင်း အားအကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့



✅နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထုတ်ပြန်သည်။✅
အာဏာသိမ်းစစ်ကောင်စီသည် မိမိတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ မတ်လ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် အကြမ်းဖက်ဝင်ရောက် စီးနင်းခဲ့ပြီး BOD ရုံးခန်း အမှုဆောင်ရုံးခန်း ပြန်ကြားရေးဌာနနှင့် ဘဏ္ဌာရေးဆိုင်ရာ ဌာနများရှိ မှန်တံခါးများပစ်ခွင်းရိုက်ခွဲ၍ computer များ၊Laptop များ တန်ဖိုးကြီး ကင်မရာများ ၊ ဗီဒီယိုကင်မရာများနှင့် စာရွက်စာတမ်းများအား သိမ်းယူခြင်း အလှူငွေများထားရှိရာ မီးခံသေတ္တာတွင်းမှ ငွေသား အလှူငွေ ကျပ် သိန်း ၅၀၀ ခန့်အား ယူဆောင်သွားခဲ့သည့် အပြင် ညတာဝန်ကျ လုပ်အားပေးများ ဝန်ထမ်းများအား ရိုက်နှက်ကာ ဖုန်းနှင့် ငွေကြေးများအား လုယက် ယူဆောင်သွားခဲ့ပါသည်။
7.3.2021 နေ့တွင် အာဏာသိမ်း စစ်ကောင်စီမှ အသင်းရံပုံငွေ အဖြစ် ထားရှိသော စာရင်းသေ အပ်ငွေ ကျပ် နှစ်ဘီလီယံအား CDM ငွေသားများ ဖြစ်သည် ဆိုသည့် အများပြည်သူ အလှူရှင်များ ထင်ယောင်ထင်မှား ဖော်ပြချက်များ ရေးသားဖော်ပြသည်ကို ၄င်းတို့၏ မီဒီယာများတွင် ကြေငြာဖော်ပြထားသည်ကို တွေ့ရှိရပါသည် ။
အမှန်တကယ်မှာ ထို စာရင်းသေ အပ်ငွေ ကျပ် နှစ်ဘီလီယံမှာ လွန်ခဲ့သော လေးနှစ်ခန့်မှ စတင်ကာ အသင်း၏ရံပုံငွေမှ management team ၏ အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် သက်ဆိုင်ရာ ဘဏ်များ၏ လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျ အပ်နှံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ကို ပြည်သူလူထု သိရှိနားလည်စေရန် တင်ပြအပ်ပါသည်။

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်