ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုရှိတယ် ဆိုတာကို သက်သေပြနိုင်မလား
08 မတ်၊ 2021 ဦးစည်သူအောင်မြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အနေနဲ့ ဖေဖေါ်ဝါရီ ၁ရက် မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီး၊ တိုင်းပြည်အာဏာရယူခဲ့တဲ့ အဓိက အကြောင်းရင်းဟာ “ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်း” ကိစ္စ ဖြေရှင်းမပေးလို့ လို့ ဆိုထားပါတယ်။ အာဏာရယူပြီး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းနဲ့ သူ့ရဲ့ လမ်းပြမြေပုံမှာလည်း ပထမ ဦးဆုံးလုပ်မှာက မဲမသမာမှုတွေ ဖော်ထုတ်မယ်၊ တွေ့ရင် တာဝန်ရှိသူတွေကို အရေးယူမယ် လို့ ဆိုထားပြီး သူ့ရဲ့ နောက်ဆုံး အလုပ်ဟာ လွတ်လပ်ပြီး ရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေး၊ အနိုင်ရ နိုင်ငံရေးပါတီကို တာဝန်လွှဲပြောင်းပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းရှိနေဆဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအဝင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီး၊ ကော်မရှင် အသစ်တစ်ခုကိုလည်း ဖွဲ့စည်း ပေးခဲ့ပြီဖြစ်ပါတယ်။ ကော်မရှင်ကလည်း သူတို့ တာဝန်ယူချိန်ကစ မဲစာရင်းကိစ္စ ပြန်စစ်ဆေးနေပြီး တစ်ချို့ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတာလည်း တွေ့ကြရပါတယ်။ အရင် စစ်အာဏာရှင်တွေက ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အ