YTU ဘောကွင်း မြေသိမ်းဖို့ စစ်တပ်ကြံစည်
ဒီမနက်မှာ စစ်တပ်က အရာရှိအချို့ (အရပ်၀တ်နဲ့) YTU ဘောလုံးကွင်းကို ရောက်လာတယ်လို့ ဆိုပါတယ်။ ရောက်လာတဲ့ထဲက သူတစ်ယောက်မှာ ဂေါက်ရိုက်ပစ္စည်းတွေလည်း ပါလာတယ်လို့ ပြောပါတယ်။ ဒီကွင်းကို မြက်ရှင်းပြီး ဂေါက်ကွင်းအဖြစ် ဖန်တီးမယ်၊ ဒီကိစ္စကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံတင်ပြမယ်၊ လောလောဆယ် အင်းစိန်အတွက် တာ၀န်ခံ (စစ်ဗိုလ်) က ဘယ်သူလဲဆိုပြီး အချင်းချင်း ပြောနေတယ်လို့ သိရတယ်။ ဆိုတော့ ဒီကွင်းနေရာဟာ ဟိုး BIT စစတုန်းက ဂေါက်ရိုက်ဖို့အတွက်လည်း အသုံးပြုခဲ့တဲ့နေရာဆိုတာ စာထဲဖတ်ဖူးပါတယ်။ အဲ့တုန်းကဘောကွင်းက အခု MJTDC 2 ရှိတဲ့နေရာ G Hall ရှေ့မှာပါ။ နောက်မှ ရေကန်ကြီးတူးပစ်လိုက်တာပါ။ ပြီးခဲ့တဲ့ နအဖ သန်းရွှေခေတ်မှာ RIT ၀န်းနဲ့ကပ်လျက် အောင်သိန္ဓိထဲက မြေကွက်တခုကို နအဖ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ယူလိုက်တယ်။ အဲလိုယူလိုက်တဲ့အထဲ YTU မြေ ပေ ၁၀၀ လောက် ပတ်ပတ်လည်ပါသွားတယ်။ ဘယ်နေရာလည်းဆိုရင် F ဆောင် မျက်စောင်းထိုး (အားကစားရုံသစ်ကြီး ဘက် သွားတဲ့အခြမ်းက) ရေကန်ကြီးရဲ့ ဟိုဖက်ကမ်းပါ။ စစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်ထဲ လှိုင်နယ်မြေထဲက မြေတွေအများအပြားကို သန်းရွှေခေတ်မှာသိမ်းခဲ့တယ်။ လှိုင်နယ်မြေထဲမှာ ပုဂ္ဂလိက လုံးခ