ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ
Saturday, September 6, 2014 လွန်ခဲ့သော ကိုးနှစ်ကျော်ကာလ၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက် ည ၁၁ နာရီ ဖြစ်သည်၊ ရှစ်မိုင် စစ်ရုံးသစ်ကြီး၏ အဆောင်( ၁ )အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ််ချုပ်မှူးကြီးမောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာတဲ့ သေနတ်သံကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ အဆောင် ( ၁ ) တစ်ခုလုံးတွင် အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်သွားသည်၊ အကြောင်းကလည်းရှိသည်၊ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွင်းထားသည်မှာ မကြာသေး သဖြင့် မကျေနပ်သူတစ်ဥိိီးဦးက တပ်ချုပ်ကိုဖြစ်စေ ဒုတပ်ချုပ်ကိုဖြစ်စေ လုပ်ကြံလိုက်လေသလောဟု အချင်းချင်းတီတိုးပြောနေကြသည်။ သေနတ်သံကြားပြီးသည်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ့ကိုယ်ရေးအရာရှိရုံးခန်းတွင် တွေ့လိုက်ကြရသည်၊ မြင်လိုက်ရသည်က ကိုယ်ရေးအရာရှိသည် အဆောင်အယောင်သေနတ်ဖြစ်သော Colt ခြောက်လုံးပြူးသေနတ်ကို ပါးစပ်တွင်ငုံပြီး မောင်းခလုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင်ဖြစ်သည်၊ ဗိုလ်ချုပ်ကြီးမောင်အေးသည် သူ့တပည့် အလောင်းအနီးကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း`` ဘာကြောင့် မင်းဒီလိုလုပ်လိုက်ရတာလဲ၊ဒီလိုလုပ်