ဟန်ငြိမ်းဉီးကရိုးသားပြီးပန်ဆယ်လိုကလူသတ်ခိုင်းတယ်ဆိုတဲ့မအိုင်းရင်း(အောက်မှာဖတ်ပါ)
https://youtu.be/Xup2K3Cw97w ဖိုင် ပွင့်ပွင့်လင်းလင်းပြောရရင် အိုင်းရင်းကိစ္စကို ကျွန်မ လွန်ခဲ့တဲ့နှစ်ရက်တည်းက ရပ်ဖို့ စဉ်းစားပါတယ်။ ကျွန်မမှာ ဒီလကုန် တော်လှန်ရေးအစီအစဉ်တွေ ကြိုတင်စီစဉ်ဖို့တွေနဲ့ ထပ်အချိန်မပေးချင်တော့ဘူး။ လူတွေလည်း အာရုံနောက်နေမယ်ဆိုတာရယ်၊ လုံလောက်နေပြီဆိုတာရယ် ကျွန်မသိလို့ ရပ်ဖို့စဉ်းစားပေမယ့် ဒီမိန်းမရဲ့ အလိမ်အညာတွေက ရပ်တန့်မသွားခဲ့ဘူး။ ကျွန်မတို့က ပွဲတစ်ခုကို မစရင်လည်း မစဘူး၊ စမယ်ဆိုရင်လည်း ဆုံးအောင်ကရပါမယ်။ မဟုတ်ရင် ပြည်သူတွေ ဝေဝါးနိုင်ပါတယ်။ အခု ကျွန်မဆီကို အိုင်းရင်းရဲ့ ဒီအသံဖိုင် ရောက်လာပါတယ်။ အိုင်းရင်းရဲ့ အလှူရှင်ဟောင်းတစ်ဦးဆီက ပို့လာတာပါ။ အိုင်းရင်းနဲ့ ယောက်ျားနှစ်ယောက်ပြောနေတဲ့ အသံပါ။ ကျွန်မက လူသုံးယောက်ကို သတ်ခိုင်းတယ်။ ဖော်မယ်ဆိုတဲ့ကိစ္စပါ။ အောင်အောင်ကျော်(စစ်ဦးဇီးချုပ်ဆိုတဲ့ကောင်) ဇီးရိုး (မြတ်အောင်ဆိုတဲ့ကောင်)၊ CDM ဆရာဝန် (တွေးကြည့်တာ ကျော်သူရလို့ထင်တယ်) ဒီသုံးယောက်ကို သတ်ခိုင်းပါတယ်တဲ့။ အကုန်ဖော်မယ်တဲ့။ ကဲ…. စိတ်ဝင်စားစရာကောင်းတာက ကျွန်မက ဒီသုံးယောက်ကို သတ်မယ်ဆိုရင် သူ့ကို သတ်ခိုင်းစရာ အကြောင်းရှိလား။ အိုင်းရင်းနဲ့ ကျွန်မက လွန်ခဲ့တဲ့ ၁၂လပိုင်းက