ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်
အသက် ၅၃နှစ်အရွယ် ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါကျမှု နှင့် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထား ခဲ့ခြင်း ဖြစ်သည်။ ထွန်းမင်းလတ်နှင့်အတူ အခြားအပေါင်းအပါ ၅ ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးရှေ့မှောက်တွင် သံခြေကျင်း ဝတ်များဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။ သို့သော်လည်း စွဲချက်များကို အပြစ်မရှိကြောင်း ရှေ့နေများမှတဆင့် လျှောက် လဲခဲ့သည်ကို Parachathai သတင်းဌာနက ဖော်ပြခဲ့သည်။ ထွန်းမင်းလတ်အပါအဝင် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံရသူများတွင် စုစုပေါင်း ၈ ဦးအထိရှိနေပြီး ၎င်းတို့တွင် ထိုင်းလွှတ် တော်အမတ်တစ်ဦး၏ သမက်လည်းပါဝင်နေခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။ စွဲချက်တင်ခံထားရသူ ၈ ဦးအနက် ထိုင်းနိုင်ငံသား ၂ ဦးဖြစ်သူ အက်ဒီးနှင့် ကျွိုင်တို့မှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ရေးသားခဲ့သည်။ ယခင်က ဖမ်းဆီးရမိခဲ့သည့် ဦးထွန်းမင်းလတ်နှင့် Allure Group သို့ ငွေ ကြေး စီးဆင်းမှုများရှိနေခဲ့သော