Posts

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

Image
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိပြီ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ် အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူး ပေါင်း သင်တန်းပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင် ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "အပတ်စဉ် ၁ ကနေပြီးတော့ အပတ်စဉ် ၄ အထိ အမေရိကန် မရိန်းတပ်ဖွဲ့က သင်တန်းဆရာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU သင်တန်းဆရာတွေ ပူး ပေါင်းပြီး အထူးစစ်ဆင်ရေး သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်" ဟု တောင် ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။  အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ပြီး  သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌ

အာဆီယံ ခေါင်းဆောင်များ သတ္တိရှိရှိ ဖြင့် မြန်မာ ပြဿနာကို ဖြေရှင်းပါ

Image
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ အထက်ပါ စကားကို ထိုင်း နိုင်ငံတွင် ရှိနေစဉ်အတွင်း ထိုင်း-မလေးရှား ကုန်သည်ကြီး များ အသင်းတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြန်မာ အာဏာသိမ်း စစ်တပ်မှ ၎င်းတို့ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ရပ်တန့်ရန် ဖိအားပေး’နိုင်မည့် အစီအစဉ်အသစ်များ ချမှတ်ရန် လို‌အပ်လာနေပြီဟု ပြတ်ပြတ်သားသား တောင်းဆိုသွားခဲ့ပြန်သည်။ မြန်မာသည် မိမိတို့ နိုင်ငံ နှင့် ကိုက်ညီမည့် ကိုယ်ပိုင် ပြည်တွင်းမူဝါဒ များ နှင့် ဦးစားပေး အစီအစဉ်များ ချမှတ် ကျင့်သုံးခွင့် ရှိသည် မှန်သော်လည်း ယခုခေတ် တွင် မည်သည့် နိုင်ငံကမျှ ကိုယ်ပြည်သူများ အပေါ် ခွဲခြား ဆက်ဆံခွင့်၊ ဘေး ဖယ်ထုတ်ခွင့်၊ ခြိမ်းချောက်ခွင့်၊ ထိုထက် ဆိုးသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ပိုင်ခွင့် မရှိဟု ဆိုသည်။ အာဆီယံ အနေဖြင့် ထိုသို့ ကိုယ့်နိုင်ငံသားများ အပေါ် ပြန်၍ ကျုးလွန်နေသည့် ရက်စက် ကြမ်းကြုပ်မှု များ ရပ်တန့်သွားရမည့် အစီအစဉ် အသစ်များ ချမှတ်ရန် လိုနေပြီဟု အကြံပေးခဲ့သည်။ ထိုသို့သော အပြုအမူ မျိုးကို သည်းငြည်းခံနေမည် ဆိုက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီရှား နှင့် မလေးရှား နိုင်ငံများသို့ ဒုက္ခသည်များ အစုလိုက

စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ် မြန်မာနိုင်ငံမှာ သာမန် မဟုတ်တဲ့ အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာထားချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က ကိုယ်တိုင်လည်း ပွဲအမျိုးမျိုး ဖန်တီးလို့ တက်နေချိန် အခုအခါမှာတော့ မင်္ဂလာပွဲပါ မချန် လိုက်တက်နေပြန်ပါတယ်။  ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Grand Convention Center လုပ်တဲ့ ရေတပ် ဗိုလ်ကြီး အောင်မြင့်ထွန်းနဲ့ မသီရိလွင်တို့ရဲ့  မင်္ဂလာဧည့်ခံပွဲကို မင်းအောင်လှိုင်နဲ့ ကြူကြူလှ လင်စုံမယားတွဲဖက်လို့ ပွဲတက်လိုက်ပါသေးတယ်။ ပွဲတက်တာတောင် ရိုးရိုးမဟုတ်ဘဲ သတို့သားနဲ့ သတို့သမီးကို စင်မြင့်ပေါ်တက်လို့ ဂါ၀ရပြုခံတာတွေပါ လုပ်နေပါသေးတယ်။  မင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင်လည်း စိန်ရတု လွတ်လပ်ရေး၊ တပ်မတော် နေ့၊ စိန်ရတု ပြည်ထောင်စုနေ့ ၊ လေတပ် နှစ်ပတ်လည်၊ ရေတပ် နှစ်ပတ်လည်၊ ဗိုလ်ရှုသဘင်စတဲ့ ပွဲတွေ အမျိုးမျိုး ဖန်တီး တက်နေရာကနေ အားရပုံမရဘဲ မင်္ဂလာပွဲပါ မချန် လိုက်တက်နေတဲ့ပုံရှိပါတယ်။  ဇန်နဝါရီလ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးမှာ နိုင်ငံတော်က သာမန်မဟုတ်တဲ့ အခြေအနေမို့ စစ်အာဏာသိမ်းထားမှု ၆ လသက်တမ်းတိုးတောင်းခဲ့တဲ့ မင်းအောင်လှိုင် မင်္ဂလာပွဲကိုတော့ အေးအေးလူလူ တက်နိုင်သေးတာကလည်း အံ့ဩစရာပါ။  စစ

မုံရွာမြို့ရှောင်လမ်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁  ခေတ်သစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့ရှောင်လမ်းတွင် စစ်တပ်စစ်ကြောင်းကို ယမန်နေ့ ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် အချိန် မုံရွာမြို့ မြို့ရှောင်လမ်းတွင် လုံခြုံရေး ကင်းပတ်နေသည့် စစ်သားများလိုက်ပါသော အိမ်စီးကားကိုလည်းကောင်း၊ ဗောဓိတစ်ထောင်မှ စစ်ကြောင်းကို   တင်၍ ပြန်လာသော ၁၂ ဘီးကားကိုလည်းကောင်း  မြို့ရှောင်လမ်းအရောက်  ပဒေသာမိုင်းဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ မိုင်းဆွဲတိုက်ခိုက်အပြီး ကားပေါ်တွင်လိုက်ပါသော စစ်သားများက  ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ာကွယ်ရေး ရဲဘော်များ ဘေးကင်းကြောင်း ၊ လက်ရှိတွင် စစ်တပ်၏ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူများအနေဖြင့်  အိမ်စီးကားများကို ရှေ့မှန်နောက်မှန်ချမောင်းကြပါရန် မေတ္တာရပ်ခံကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထိခိုက်သေဆုံးဟု MOD သတင်းထ

စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Image
Breaking News - မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။  "ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။

ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြု

Image
CJ Platform ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု တစ်နှစ်ခန့် ကြာမြင့်သော်လည်းခွင့်မပြုသေးကြောင်း၊ စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြုနေကြောင်း ရဲသတင်းအရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။ “ကျွန်တော်တို့ ရှမ်းပြည်နယ်ကို ရွေ့ပြောင်းမိန့်တင်ထားတာကြာပြီ၊ တစ်နှစ်ကျော်နေပြီ အခုထိ ကိုအမိန့် မလာသေးဘူး။ စစ်ကိုင်းဘက်ပြောင်းမလားတဲ့ ပြောင်းရင်တော့ချက်ခြင်းခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်” ဟု ရဲသတင်းအရင်းမြစ်ကပြောကြားသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တိုက်ပွဲများဖြစ်ပွားပါက ရဲများ၊စစ်သားများ အကျအဆုံးများသည့်အတွက် ယခုကဲ့သို့ရွေ့ပြောင်းမိန့်ကို ရဲအများအပြားကအထက်သို့တင်ပြကာ ပြောင်းရွေ့နေလိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။ “တစ်နိုင်ငံလုံးမှာဆိုရင် ရှမ်းပြည်နယ်က အားလုံးထဲမှာ တိုက်ပွဲအနည်းဆုံးပဲလေ၊ အဲ့ဒီတော့အဲ့ဘက်ကို ရွေ့ပြောင်းလျှောက်တဲ့သူက များတယ်” ဟု ယင်းကဆိုသည်။ အချို့သော ရဲများအနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲအဖြစ် မလုပ်ဘဲ CDMပြုလုပ်ခြင်သော်လည်း CDM ပြုလုပ်ပါက အခက်အခဲဖြစ်နိုင်သည့်အခြေအနေများကြောင့

ကမ္ဘာ က သဘောပေါက်ရမည့် အချက်

Image
By- လှစိုးဝေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ထုတ်ပြန်သော ကမ္ဘာစီးပွားရေး စစ်တမ်း တွင် GDP per Capita ဟု ခေါ်သည့် နိုင်ငံသား တဦးချင်းစီ ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏ တွင် မြန်မာသည် ဒေါ်လာ ၁,၁၇၀ ဖြင့် အရှေ့တောင်အာရှ ဆယ်တစ်နိုင်ငံ စာရင်းတွင် အနိမ့်ဆုံး သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆယ်တစ်နိုင်ငံ ဆိုသည်မှာ ၂၀၀၂ ခုနှစ်မှ အချူပ်အခြာ အာဏာပိုင် နိုင်ငံ ဘဝသို့ တင်းပြည့်ကျပ်ပြေ့ ရောက်လာခဲ့သည့် အရှေ့ တီမော ကို ထည့်သွင်းထား၍ ဖြစ်သည်။ (ပုံတွင် နိုင်ငံ အလိုက် စာရင်း ကို ဖေါ်ပြထားသည်) ယခုအခါ ၎င်းတို့ ခေတ် နောက်ထပ် တိုးတက်မှုကြီး တရပ်အဖြစ် ရန်ကုန်မြို့ အနှံ့တွင် ခေတ်အဆက်ဆက် တခါမျှ မမြင်ခဲ့ဖူးသော လမ်းဘေးအိပ်၊ လမ်းဘေးစား Homeless လူတန်းစားပင် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ကုမ္ပဏီ အကြီးအကဲ တဦးပင် ထိုသို့ နှစ်နှစ်ဆက်တိုက် ဘာတခုမျှ ဖြစ်မလာပဲ အရှုံးပေါ်နေမည် ဆိုက ရှယ်ယာ အစုရှင်များက ၎င်းအား ဖယ်ရှားရန် ဆူပူ တောင်းဆို ကြမည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ သို့သော် မြန်မာပြည်ရှိ စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ အနေအစား ချောင်လာကောင်းရဲ့ ဟူသော စိတ်ဖြင့် တိုင်းပြည်ကို မင်းအောင်လှိုင် လုပ်ချင်ရာ လုပ်ဟု ထိုးအပ်နေကြသည်။ မင်းအောင်လှိုင

သေနတ်ကိုင်ခွင့်ဥပဒေစိုးထွဠ်နာမည်ဖြင့်ထုတ်ပြန်ချက်

Image

မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရေး ဆိုင်ကယ်များ ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ရွေးခိုင်းခဲ့သည့် ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ် မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရန် ဆိုင်ကယ်များ လိုက်လံဖမ်းဆီးခဲ့သည့် ယာဥ်ထိန်း ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျား တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးမြို့၊ မကွေးပြည်တော်သာလမ်း ကောင်းမွန်စင်တာရှေ့တွင် စစ်တပ် လက်အောက်ခံ ယာဥ်ထိန်းရဲ ၁ ဦးကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ၅ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွား​ကြောင်း သိရသည်။ မကွေးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ယာဥ်ထိန်းရဲများသည် အာဏာသိမ်း ၂ နှစ်ပြည့်အဖြစ် ပြုလုပ်သည့် Silent Strike သပိတ်ကို ပျက်စီးရန် ဆိုင်ကယ် ၁၀၀ ကျော်ကို နည်းမျိုးစုံဖြင့် ဖမ်းဆီးခဲ့ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မကွေးပြောက်ကျား တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဓာတ်ပုံ- မကွေးမြို့ပေါ်မှာ ရဲထိန်းရဲနှင့် ရဲများ ဆိုင်ကယ်များကို ဖမ်းဆီးနေစဉ်။  (ပုံအဟောင်းဖြစ်သည်)

ထန်တလန်မြို့ကို ဗိုလ်ကြီး စောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုး အဖွဲ့သားတွေက မီးရှို့ခဲ့တာဖြစ်တယ်လို့ ဖမ်းမိထားတဲ့ စစ်သုံပန်းတွေ ဝန်ခံ

Image
C8 News ရန်ကုန်၊ဖေဖော်ဝါရီ(၉) ချင်းပြည်နယ်၊ ထန်တလန်မြို့ ကိုဦးဆောင်မီးရှို့ခဲ့သူတွေဟာ ဗိုလ်ကြီး စောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုး တို့ဖြစ်တယ်လို့ ထန်တလန်မြို့မှာရှိတဲ့ CB ဘဏ် အဆောက်အဦးမှာ လက်ရဖမ်းဆီးမိခဲ့ရသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာလည်း ထန်တလန်မြို့မှာရှိတဲ့ CB ဘဏ် အဆောက်အဦးမှာ စစ်ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်သား(၂)ဦးနဲ့ ရဲ(၄)ဦးကို သူတို့ကိုင်ဆောင်တဲ့ သေနက်(၇)လက်နဲ့ ဗုံးသီး (၈)လုံးကို CNF နဲ့CNA တပ်ဖွဲ့တွေက ဖမ်းမိခဲ့ပြီး စစ်ဆေးဆောင်ရွက်ချိန်မှာ သူတို့ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ကြီးစောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုးတို့က သူတို့ကိုယ်တိုင် ဦးဆောင်မီးရှို့ကြတဲ့အပြင် အိမ်ထဲက ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း မနိုင်မနင်းလုယက်ခိုးယူသယ်ထုတ်သွားကြတယ် ခိုးယူထားတဲ့ ပစ္စည်းများလွန်းတဲ့အတွက် မနိုင်လို့ ရဲသားတွေကို ကူညီသယ်ခိုင်းတာတွေရှိတယ်လို့ သူတို့ကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ထန်တလန်မြို့ကို ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေကမီးရှို့ဖျက်စီးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစားနဲ့ ရုပ်သံတွေမှာ ပြောဆိုထားပါတယ်။ Zawgyi ထန်တလန်မြို့ကို ဗိုလ်ကြီး စောရဲမှူးအောင

စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်း

Image
မင်းအောင်လှိုင် မိန်းမနဲ့ သားသမီးတစ်စု စင်ကာပူသွားတာကို သူတို့ လေယာဉ်ပေါ်တက်တဲ့နေ့ကတည်းက သတင်းရင်းမြစ်တစ်ဦးက လှမ်းပြောလို့ သိရတယ်။ စင်ကာပူက မိတ်ဆွေတစ်ဦးကိုတောင် လှမ်း အသိပေးလိုက်သေးတယ်။ စင်ကာပူ အစိုးရက ခွင့်ပြုလက်ခံလို့ သွားမှတော့ သိပ်ပြီး မထူးဆန်းဘူးလို့ မှတ်ယူပါတယ်။ ဒါပေမယ့် ဒါနဲ့ဆက်စပ်လို့ စိတ်ဝင်စားစရာကောင်းတာ ရှိတယ်။  . အဲ့ဒါက စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်းနေတာ ၃ လလောက်ရှိပြီလို့ ဆိုရမယ်။ ဒီထက်လည်း ပိုစောနိုင်တယ်။ နေပြည်တော်မှာ နေကြတဲ့ စစ်တပ်အသိုင်းအဝိုင်း၊ ညွှန်မှူး၊ ညွှန်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေဟာ နေပြည်တော်ကနေ ထွက်ရင် နပတ ကားနံပါတ်ကို မသုံးကြတော့ဘူး။  . ရန်ကုန်ကိုသွားရင် ရန်ကုန် နံပါတ်ပြားကို နေပြည်တော်မှာကတည်းက လဲ လာတယ်။ မန်းကိုသွားရင် မန်းလေးနံပါတ်ပြားလဲလာတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ဆိုတယ်။ ဒါ့အပြင် နေပြည်တော်မှာ တာဝန်ကျနေသူ ရန်ကုန်ပြန်လာရင် သူတို့နဂိုက နေခဲ့တဲ့ အိမ်တွေမှာ မနေတော့ဘဲ တည်းခိုခန်း၊ ဟိုတယ်တွေမှာ လှည့်နေကြတယ်လို့လည်း သိရတယ်။  . နောက်တစ်ခုကတော့ တချို့ မိသားစုဝင်တွေဟာ သန်းခေါင်စာရ

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ် ပြော၊ ပြည်သူများအပေါ် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရမည်ဟု သတိပေးပြောဆို

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအကျပ် အတည်းသည် အာဆီယံအတွက် အနှောင့်အယှက် ဖြစ်နေစေရာ အာဆီယံအဖွဲ့မှ မြန်မာနိုင်ငံကို ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ်  Anwar Ibrahimက ပြောဆိုလိုက်သည်။  ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံအပြီး မလေးရှားဝန်ကြီး ချုပ်က ယနေ့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။  "အခုလောလောဆယ် မြန်မာနိုင်ငံကို ဖယ်ထုတ်သင့်ပါတယ်။  မြန်မာ့အရေးက အာဆီယံရဲ့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် မဖြစ်သင့်ပါဘူး။ မြန်မာစစ်တပ်ကို ပြင်းထန်တဲ့ သတင်းစကားပေးဖို့အတွက် ကျနော်တို့အားလုံးမှာ ခိုင်မာတဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်တာက သင့်တော်ပါတယ်" ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။  ထို့ပြင် မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရမည်ဟု သတိပေးပြောဆိုသည်။  " နိုင်ငံတွေမှာ ပြည်တွင်းရေးမူဝါဒနဲ့ ဦးစားပေးလုပ်ပိုင်ခွင့်တွေ ရှိတယ်၊ ဒါပေမယ့် ဒီလိုခေတ်ကြီးမှာ ဘယ်အစိုးရကမှ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေနဲ့ ကိုယ့်ပြည်သူတွေကို ပစ်ပယ်တာ၊ ခြိမ်းခြောက်တာ၊  ပိ

တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်ဟု မင်းအောင်လှိုင်ပြော

Image
တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းအစည်းအဝေး၌ မင်းအောင်လှိုင်က ယခုပညာသင်နှစ်သည် ပညာရည်သင်ကြားမှုများ အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီဟု ဆိုနိုင်သော်လည်း ကျောင်းတက်ရာခိုင်နှုန်း မပြည့်မှီသေးသည်ကို တွေ့ရှိရကြောာင်း၊ အချို့သောနယ်မြေများတွင် ခြိမ်းခြောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လာရောက် ပညာမသင်ကြားနိုင်သည့် ကျောင်းသူ၊ ကျောင်းသားများလည်း ရှိမည်ဟု ပြောကြားသည်။ ထို့ပြင် ဒေသအားလုံး၌ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် အချို့သောနေရာဒေသများတွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ စည်းကမ်းတင်းကြပ် ကိုင်တွယ်မှသာလျှင် ကျောင်းနေအရွယ် ကလေးငယ်အားလုံး အခွင့်အရေးများ မဆုံးရှုံးမည်ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ်တွင်လည်း ကျောင်းတက်ရောက်သူ ဦးရေ ပိုမိုတိုးပွားလာမည်ဟု မင်းအောင်လှိုင်က ဆိုသည်။ ယင်းအပြင် ဦးဆောင်မှုကောင်းသည့် ပါတီများ တည်ရှိခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ယူဆသည့်အတွက် နိုင်ငံရ

ICJ တွင် ချေပနိုင်ရေး စစ်ကောင်စီက ရခိုင်မှ လူ ၃၀ ခန့်ကို သက်သေထွက်ဆိုချက် လက်မှတ်ထိုးခိုင်း

Image
အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နဲ့ အဖွဲ့ဟာ  ၂၀၁၆/၁၇ အကြမ်းဖက်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မောင်တော၊ ဘူးသီးတောင်ဒေသခံ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ ၃၀ လောက်အား ဖေဖော်ဝါရီ ၈ ရက်နေ့က အစိုးရအဖွဲ့ရုံးမှာ သက်သေထွက်ဆိုချက် ကျမ်းကျိန် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အစစ်ဆေးခံဒေသခံတွေက ပြောပါတယ်။ အစစ်ဆေးခံရမှာ ပါဝင်ခဲ့တဲ့ မောင်တောဒေသခံ ရိုဟင်ဂျာတဦးက "ကျနော်တို့ကို ၂၀၂၀ ခုနှစ်က စစ်တွေ ဟိုတယ်မှာ ၂၀၁၆/၁၇ အကြမ်းဖက်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာတွေရှိခဲ့တယ်။ အဲ့ဒီစစ်ဆေးချက်တွေကို ICJ တရားရုံးတင်ဖို့အတွက် ဟုတ်မှန်ကြောင်း သူတို့က ကျမ်းကျိန်ပြီး လက်မှတ်ထိုးခိုင်းတာပါ။ အသစ်စစ်ဆေးတာမရှိပါဘူး။ အဲ့ဒီအကြမ်းဖက်ဖြစ်စဥ်မှာ ကျနော်တို့ကိုယ်တိုင် မျက်မြင်လည်းမရှိခဲ့ပါဘူး။ သေနတ်သံတွေကြားတော့ ထွက်ပြေးခဲ့ကြရတာပါ" လို့ ပြောပါတယ်။  ဦးကိုကိုလှိုင်ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်နေ့အထိ ရောက်ရှိလာခဲ့ကြတာပါ။ စစ်ကောင်စီက အခုလို သက်သေအထောက်အားစုဆောင်းတဲ့အပေါ် ဘူးသီးတောင် ပြည်သူ့ လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက  "အဲဒီလိုသက်သေအထောက်အ

သထုံတွင် ကရင်ပြည်နယ်ဘက်သို့ဦးတည်သွားသည့် စစ်ကောင်စီတပ်မှ ရိက္ခာနှင့်လူအင်အားပို့သည့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Image
ဧရာဝတီတိုင်းမ် (သထုံ)၊ ဖေဖော်ဝါရီလ ၁၀ ရက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-မြိုင်ကလေး လမ်းပိုင်းတစ်နေရာဖြစ်သည့် အထက်နောင်ကျန်ရွာအနီးတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကောင်စီယာဉ်တန်းအား မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သထုံ-ဘားအံ အဝေးပြေးလမ်းပေါ်ရှိ အထက်နောင်ကျန်ရွာအနီးတွင် ကရင်ပြည်နယ်ဘက်သို့ ရိက္ခာနှင့်လူအင်အား ထောက်ပို့ကားတန်းဟုယူဆရသည့် ယာဉ် ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံမှ သိရသည်။ "တိုက်ခိုက်ခဲ့တာကတော့ သထုံနဲ့မြိုင်ကလေး လမ်းမှာပါ။ အဲ့ဒီနေ့က စစ်ကောင်စီကားတွေကအများကြီးဖြတ်ကျတယ်။ ၁၉ စီးယာဉ်တန်းတစ်ခုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကားတွေကတော့ ၃၊၄ စီးတခါစု သွားကြတာပေါ့။ မိုင်းထိပြီး ကား ၂ စီးပျက်ပြီးစက်ရပ်သွားခဲ့တယ်လို့သိရတယ်။ အဓိကက ရိက္ခာနဲ့လူအင်အားတွေတင်လာတာ" ဟု မိတ်ဖက်ဝော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိပဲ မိတ်ဖက်တော်လှန်ရေးတပ