တော်လှန်ရေးရန်သူ ဆိုပေလင့် တဖက်မှာ စီးပွားရေး မိတ်ဖက်
Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်| ဖေဖော်ဝါရီ ၁၇ ထိုင်းနိုင်ငံနယ်စပ် ထီးခီးတွင်ရှိသော ကာစီနိုများကို ကရင်ပဒို၊ ကရင်တပ်မှူး အမည်များနှင့် ဒေသခံများက တွဲသိလေ့ရှိသည်။ သည်ကာစီနိုမှာ ပဒို အယ်နားပိုင်၊ သည်ကာစီနိုမှာ တပ်မှူး ဘချောပိုင် ဟူ၍ ဖြစ်သည်။ ထီးခီးဒေသရှိ ကာစီနိုကြီးတစ်ခုကို ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ပဒိုခေါင်းဆောင်ပိုင်း၊ တပ်ရင်း (၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်း ပိုင်ဆိုင်သော ကုမ္ပဏီက လည်ပတ်နေကြောင်း သက်သေ အထောက်အထားများ တွေ့ရှိခဲ့ရသည်။ ထိုကြောင့်ပင် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မည်ဟု ကြွေးကြော်ထားသော KNU တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းတို့သည် စစ်ကောင်စီ၏ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဟိုတယ်ကာစီနိုလုပ်ငန်း စီးပွားဖက်များ ဖြစ်လျက်ရှိကို တွေ့ရသည်။ စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း KNU တပ်မဟာ (၄) သည် စစ်ကောင်စီ တပ်များနှင့် ထိပ်တိုက်မတွေ့မှုကို ပြည်သူများက မေးခွန်းထုတ်နေချိန်တွင် ထီးခီးတွင် နိုင်ငံတကာ ကာစီနိုကြီး တစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။ ■ လေးဦးပိုင် ကုမ္ပဏီ ရ