အမေရိကန်က နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမည်
(ကျော်မောင်) မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုများကနေ ကာကွယ်ဖို့ ဂတိစကားအသစ်အရ အမေရိကန်ဟာ ဆယ်စုနှစ်များအတွင်း ပထမဦးဆုံး အဖြစ် နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒင် နဲ့ သမ္မတ ယွန်းဆက်ရဲ တို့ဟာ အဆိုပါ သဘောတူညီချက်ကို ဝါရှင်တန် ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေဟာ မြောက်ကိုရီးယားထက်စာရင် ချိုင်းနားကွန်မြူနစ်အတွက် ရည်ရွယ်တာ ပိုပြီး ဖြစ်နိုင်ခြေရှိနေပါတယ်။ ကီလို ၂၀၀၀ အကွာအဝေးအောက် လျှော့ ပစ်လို့ မရတဲ့ Trident D5 missiles တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို အဲဒီနားထားလိုက်တာဟာ ICBM တွေ သွားထား ထားတာထက် ချိုင်းနားကွန်မြူနစ်ကို တုန့်ပြန်ချိန် နဲနဲလေး ပဲ ပေးလိုက်တာ ဖြစ်သွားပါလိမ့်မယ်။ .. US to send nuclear armed submarines to South Korea for the first time in decades — in new pledge to protect it from North Korea's threats Biden & South Korean President Yoon Suk Yeol, will sign the agreement in Washington on Wednesday, officials said. Nuclear armed subs in S