ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ
စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးခြင်းမရှိဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ ■ စားအုန်ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၇၀ ကျပ်စစ်တပ်က သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် ဆီတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ အထိ စျေးပေါက်နေ ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ တင်သွင်းလာသော စားအုန်းဆီများကို လိုင်စင်ရ ဆီကုန်သည်ကြီးများမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေရောင်းချလျက်ရှိရာ စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ ဖြန့်ဝေရောင်းချခြင်းမပြုဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပစျေးကွက်သို့ စျေးနှုန်းအမြင့် အမြတ်ကြီးကြီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက စားအုန်းဆီ တစ်ပိဿာလျှင် ရည်ညွှန်းစျေး ၅၃၇၀ ကျပ် သတ်မှတ်ထားသော်လည်း လက်တွေ့ စျေးကွက်အတွင်းတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ စျေးနှုန်းရှိနေကြောင်း ၊ အဓိကမှာ ဆီကုန်သည်များက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ မှန်မှန်ကန်ကန်ရောင်းချပေးခြင်းမရှိဘဲ အာဏာပိုင်များနှင့်ပ...