Posts

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

Image
အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံပြီး မြန်မာအကြမ်းဖက်စစ်တပ် ကျရှုံးလိမ့်မည်ဟု ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းပြောဆို ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ် အီတလီနိုင်ငံ၊ Abbiategrasso မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို   ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားငယ်ဖြစ်သူ  ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တက်ရောက်လက်ခံလိုက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် ကျဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။  ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့် ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ Abbiategrasso မြို့တော်ဝန် Cesare Nai က ဦးဆောင်ပြီး ၊အီတလီအမတ် Umberto Maerna ၊ Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သူငယ် ချင်းဖြစ်သူ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြသည်။ မိခင်အတွက် ဆုကို လက်ခံခဲ့သော ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မြန်မာ နိုင်ငံတွင် အကြမ်းဖက်မှုများ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်က ရှုံးနိမ့်မည်ဖြစ် ကြောင်း၊ မြန်မာ့ဒီမိုကရေစီအ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

Image
စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးခြင်းမရှိဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ ■ စားအုန်ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၇၀ ကျပ်စစ်တပ်က သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် ဆီတစ်ပိဿာလျှင် ငွေကျပ်  ၁၄၀၀၀ အထိ စျေးပေါက်နေ ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ တင်သွင်းလာသော စားအုန်းဆီများကို လိုင်စင်ရ ဆီကုန်သည်ကြီးများမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေရောင်းချလျက်ရှိရာ စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ ဖြန့်ဝေရောင်းချခြင်းမပြုဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပစျေးကွက်သို့ စျေးနှုန်းအမြင့် အမြတ်ကြီးကြီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။   အကြမ်းဖက်စစ်ကောင်စီက စားအုန်းဆီ တစ်ပိဿာလျှင် ရည်ညွှန်းစျေး ၅၃၇၀ ကျပ် သတ်မှတ်ထားသော်လည်း လက်တွေ့ စျေးကွက်အတွင်းတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ စျေးနှုန်းရှိနေကြောင်း ၊ အဓိကမှာ ဆီကုန်သည်များက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ မှန်မှန်ကန်ကန်ရောင်းချပေးခြင်းမရှိဘဲ အာဏာပိုင်များနှင့်ပူးပေါင်း၍

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

Image
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းမိသားစုထံသို့ လွှဲပြောင်းသည့်အထောက် အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်း ရန်ကုန်၊ ဇွန် ၁၇  ပြည်ပနိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့် သွားရောက် အလုပ်လုပ်သော အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုထံသို့ လွှဲပြောင်းသည့်အထောက်အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်းနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။  ၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ လစဉ် လဆန်း ၅ ရက်အတွင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက ပြည်ပနိုင်ငံများတွင် ရရှိသော လစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက်အထားများကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။  ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ

မင်းအစာပဲလေ—

Image
တခါထဲဝင်စားခဲ့လိုက် လူလိုမကျင့်တတ်ရင် လူလိုမတွေးတတ်ရင် လူလိုနားမလည်ရင် နွား ဒါမှမဟုတ် ခွေးသာသာပေါ့၊ 

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

Image
ဒိုက်ဦးထောင် ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိပ်စက်နေတာကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိနေ  PEN47 / ဇွန် ၁၆ မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ဇွန်လ ၁၅ ရက်၊ မနက်၃ နာရီခန့်က ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးထောင်အာဏာပိုင်တွေက ကာအိန္ဒြေ ပျက်ပြားစေတဲ့ စကားများဖြင့် ပြောဆိုပြီး အကြမ်းဖက် ရိုက်နှက်ပစ်ခတ် နှိပ်စက်နေတာကြောင့် အကျဉ်းသူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ အကျဉ်ထောင် နဲ့ နီစပ်သူထံက သတင်းရရှိပါတယ်။ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ထောင်ဗူးဝမှာ  ထောင်ဝန်ထမ်းတွေက ရှာဖွေရေးပြုလုပ်ရာမှာ နိုင်ငံရေး အကျဉ်းသူများရဲ့  ခန္ဓာကိုယ်အတွင်း နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီး ကာအိန္ဒြေပျက်ပြားစေတဲ့  စကားများဖြင့် ပြောဆိုခဲ့တယ်လို့ သိပါတယ်။  ဒါ့အပြင် နိုင်ငံရေး အကျဉ်းသူများက ထောင်ပြောင်းရွေ့ခံရချိန်မှာ သယ်ဆောင်လာတဲ့ အစားအသောက်များနဲ့ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာ ထောင်ဝန်ထမ်းတွေက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့တာကြောင့် နိုင်ငံရေး

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

Image
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဇွန်လပထမနဲ့ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးခံခဲ့တယ်လို့ဖော်ပြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။ ဇွန်လပထမပတ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူ ၉ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီလူတွေကို ဘယ်နေရာမှာ ဖမ်းပြီးစစ်မေးနေလဲဆိုတာ ခုချိန်ထိ မသိရသလို သူတို့အခြေအနေကိုလည်းမသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ဦးထွန်းကြည်ကတော့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အသက်အန္တရာယ်အထူး စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။ "မနေ့တနေ့ကမှသန်လျင်တံတားကိစ္စနဲ့ပတ်သက်လို့ တောင်ဒဂုံ ၇၂ က ကလေးတွေကိုဖမ်းတယ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

Image
မျိုးမင်း(မကျည်းလဟာ) (NP News) - ဇွန် ၁၄ ဦးဇော်ဇော်ပိုင်တဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း ရဲ့မြေး ဦးကျော်နေဝင်းတို့ရဲ့ကြားကပြဿနာဟာ အသစ်တစ်ဖန် ပြန်စလာပါပြီ။ ဘယ်အကြောင်းအရာ ဖြစ်မလဲဆိုတာကတော့ အခုလောက်ဆို အကြမ်းဖျင်း သိနေလောက်ပါပြီ။ သို့သော်လည်း အတွင်းကျကျ ဖြစ်စဉ်တချို့ကတော့ ဒီလိုပါ။ ပြည်ထဲရေးဝန်ကြီးဆီလိပ်မူတဲ့ တိုင်ကြားစာတစ်စောင် အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာရဲ့အစက Omni Focus ယာဉ်လိုင်းအမှတ်YBS(20) နဲ့YBS(56) တို့ လိုင်စင်သက်တမ်းကျော်လွန်နေတာ လေးနှစ်ရှိလာသည့်တိုင် ဆက်လက်ပြေးဆွဲနေခြင်း အကြောင်းပါပဲ။ ၂ဝ၂၄ ခုနှစ် ဧပြီလ(၂၂)ရက် ရက်စွဲနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံကို လိပ်မူတိုင်ကြားခဲ့တဲ့ စာတစ်စောင်ရှိခဲ့ပါတယ်။ တိုင်ကြားတဲ့ကုမ္ပဏီက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုင် လဲဆိုတာမသိပေမယ့် တိုင်ကြားစာထဲမှာပါဝင်လာတဲ့ ကိစ္စက အတော်လေး စိတ်ဝင်စားစရာကောင်းခဲ့တာ ပါ။ YBS အစီး (၅၀ဝ) ပိုင်ရှင်ဖြစ်သူ ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်းတို့က လိုင်စင်သက်တမ်းကျော်လွန် နေပါလျက်နဲ့ ဆက်လက်ပြေးဆွဲခွင့်ရနေခြင်း၊ နိုင်ငံတော်ကိုပေးဆောင်ရမယ့်အခွန်ကို ချိုးဖောက်ပျက် ကွက်နေခြင်း၊ တရားမဝင်ဖြစ်နေသောကားများကို အများပြည်သူအတွက်ပြေးဆွ

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး

Image
ရန်ကုန်၊ ဇွန် ၁၄  ခေတ်သစ် ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးကြောင်း AA က သတင်းထုတ်ပြန်သည်။  AA က ဘူးသီးတောင်မြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြိုရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို  အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြိုရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို) နခခ  ၆ စခန်း နှင့် နခခ ၉ စခန်းတို့ကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။  ဇွန်လ ဒုတိယပတ်အတွင်းတွင် မောင်တောမြို့နယ်ရှိ “နခခ (၄) တပ်ရင်းဌာန ချုပ်” ကို ဇွန်လ ၁၀ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်းကောင်း၊ “အလယ်သံကျော်စခန်း” ကို  ဇွန်လ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၆ မိနစ် အချိန်တွင်လည်း ကောင်း၊  “မောရဝတီဗျူဟာ” ကို ဇွန်လ ၁၃ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်း

စစ်ကောင်စီက ၄ လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၄၆ ကြိမ်ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦးအထိ သေဆုံးခဲ့

Image
 ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ် အကြမ်းဖက်စစ်တပ်က  ၄ လတာကလအတွင်း ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် အနည်းဆုံး ၄၆ ကြိမ်ရှိခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။  ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို ၅ ဦးနှင့် ၅ ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားကြောင်း၊  လေကြောင်းအသုံးပြုမှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် ၁၆၈ ဦးခန့်ရှိကြောင်း၊ ၄ လတာကာလအတွင်း လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှုကြောင့် ပြည်သူ သေဆုံးမှုသည် ၄၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး သေဆုံးသူဦးရေသည်လည်း အများဆုံးဖြစ်ခဲ့ကြောင်း၊ လေကြောင်းအသုံးပြု တိုက် ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အနည်းဆုံး ၂၃ ခုရှိခဲ့ပြီး ရှမ်းမြောက်ပိုင်းတွင် ၆ ခု၊ ရခိုင်တွင် ၄ ခု၊ စစ်ကိုင်းတွင် ၄ ခု၊ ကချင်တွင် ၂ ခု၊ ကရင်တွင် ၂ ခု၊ ကရင်နီတွင် ၂ ခု ၊ ချင်