အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ
အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံပြီး မြန်မာအကြမ်းဖက်စစ်တပ် ကျရှုံးလိမ့်မည်ဟု ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းပြောဆို ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ် အီတလီနိုင်ငံ၊ Abbiategrasso မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တက်ရောက်လက်ခံလိုက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် ကျဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့် ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ Abbiategrasso မြို့တော်ဝန် Cesare Nai က ဦးဆောင်ပြီး ၊အီတလီအမတ် Umberto Maerna ၊ Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သူငယ် ချင်းဖြစ်သူ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြသည်။ မိခင်အတွက် ဆုကို လက်ခံခဲ့သော ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မြန်မာ နိုင်ငံတွင် အကြမ်းဖက်မှုများ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်က ရှုံးနိမ့်မည်ဖြစ် ကြောင်း၊ မြန်...