မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သိရ

ဇန်နဝါရီ၁၉ရက်

မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သတင်းရရှိပါတယ်။

ဇန်နဝါရီ၁၉ရက်မှာ ထိုင်းရေးရာကျွမ်းကျင်သူ ဦးစတီဗင်စန်းယုကဆိုထားပါတယ်။

"မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်နှင့် သူ့ရဲ့အတွင်းရေးမှုး၊ စစ်တပ်ခန့် ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ သမက်နှင့် သူ့ရဲ့အတွင်းရေးမှုးတို့ကို သန်ဘက်ခါ၊ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ ရုံးထုတ်ပါလိမ့်မယ်"လို့ဖော်ပြထားပါတယ်။

စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်က သူ့သမက်ကို လောလောဆယ် တရားခံစာရင်းထဲမထည့်ဘဲ အပြစ်မရှိသေးသူစာရင်းထဲ (သံသယရှိသူအဆင့်မှာသာ) မှာသာထားပေးဖို့တောင်းဆိုတာကို တရားရုံးက လက်မခံပါယ်ချခဲ့ပါတယ်။ 

ဒါ့အပြင် သူတို့ ၄ ယောက်လုံးကိုလည်း အာမခံပေးဖို့လျှောက်တာ ၄ ကြိမ်ရှိပြီဖြစ်ပေမယ့် ၄ ကြိမ်လုံးကို တရားရုံးကပါယ်ချခဲ့ပါတယ်။ 

မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကို စွဲချက်တင်ထားတဲ့အမှုအ‌ရေအတွက်က အများကြီးဖြစ်ပြီး အဲဒီအမှု‌တွေထဲမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စတာတွေအဓိကပါဝင်တယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကိုဖမ်းဆီးရမိတာဖြစ်ပါတယ်။
မိုးကြိုးသတင်းစဉ်


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ