" UN meeting"


********************* 
"#ပြင်သစ်"

"ပြင်သစ်'က ထပ်ပြောလိုက်ပြီ 
UN ကထုတ်ခဲ့တဲ့ Statement တွေ/ စကားလုံးတွေဟာ သိပ်ကို ဩဇာကြီးလှပါတယ်။

ဒါပေမဲ့ သူတို့က မမှုပါဘူးတဲ့ ဒီထက်ပိုတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို ချက်ချင်းလုပ်မှ ရပါတော့မယ်တဲ့
We are wining guys!!!
မျက်နှာလေးကအသက် 

"#ရုရှား'

"ရုရှား"ကတော့ အခုလေးတင် မအလရဲ့ လုပ်ရပ်တွေကို လက်ရှောင်လိုက်ပါပြီ
ပြောကြားချိန် ၁ မိနစ်တောင်မပြည့်ပါဘူး.....

"#US"

"US "ကတော့ ပြောလိုက်ပါပြီ 
စကားလုံးတွေ၊ Statements တွေနဲ့ မရတော့ပါဘူးတဲ့ 
Action လက်တွေ့လုပ်ဆောင်မှကို ရတော့ပါမယ်တဲ့။

သိပ်ကို ပြည်သူတွေကြားချင်နေတဲ့စကားကိုပြောသွားတာပါ 
သူ့နောက်ကို တစ်ခြားနိုင်ငံတွေက ပါလာရင်ကို ရပြီ

"#အိန္ဒိယ"

အိန္ဒိယကတော့ သွေးထွက်သံယိုတွေ ဆက်လက်မဖြစ်အောင်နှင့် ဒေသတွင်းကိစ္စကို အာဆီယံအတွင်း အဖြေရှာဖို့နှင့် ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်ပေးသင့်ရမှာ ဖြစ်ကြောင်းနှင့် မြန်မာနဲ့ အိမ်နီချင်းဖြစ်တာကြောင့် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သွားသင့်ပါတယ်ဆိုပြီး ပြောသွားပါတယ် 

"#အိုင်ယာလန်"က 

ဘာပြောတယ်ထင်လဲ
သူ့ပြည်သူကို ကာကွယ်ပါ့မယ်လို့ သစ္စာဆိုထားတဲ့ စစ်သားတွေဟာ ကိုယ်ပြည်သူကို ကိုယ်ပြန်သတ်နေပါတယ်။ 

တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကိုဗစ်ကြောင့် အများကြီး ထိခိုက်ပြီးပါပြီတဲ့ တပ်မတော်က အာဏာပါ သိမ်းလိုက်တဲ့အတွက် ပြည်သူတွေ အများကြီး နစ်နာနေရပါပြီ။

ကျွန်တော်တို့ အနောက်ပိုင်းက ရောင်းဝယ်လိုက်တဲ့ လက်နက်တွေဟာ ပြည်သူတွေကို သတ်ဖို့မဟုတ်ပါဘူးတဲ့ အရေးကြီးတဲ့ Action ကိုလုပ်ဆောင်ဖို့ လိုနေပါပြီတဲ့ဗျာ။

"#သံအမတ်ကြီးဉီးကျော်မိုးထွန်း"

သူကတော့ ပြည်သူဘက်ကနေပဲ အသက်တွေ ဆက်လက်မဆုံးရှုံးခင် လက်တွေ့လုပ်ဆောင်ချက်တွေကို တောင်းဆိုလိုက်ပါတယ်။ 

ဆက်လက်ကြာနေမယ်ဆိုရင် ပြည်သူတွေ အထုအထောင်းဆက်လက်ခံနေရာမှာ ဖြစ်ကြောင်း၊ လူငယ်တွေဟာ လမ်းမပေါ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေပြီး၊ CDM ဟာလည်း အရှိန်အဟုန်ကောင်းနေကြောင်း

 မြန်မာပြည်သူတွေကို ဘယ်နည်းလမ်းနဲ့မဆို အခုချက်ချင်း ကာကွယ်ပေးရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ တစ်ချို့သော ဒေသများတွင် No Fly Zone ကိုသတ်မှတ်ရမှာ ဖြစ်ကြောင်း၊
 အာဏာသိမ်းစစ်ကောင်းစီနှင့် အပေါင်းအပါများကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ပိတ်ဆို့ပေးသင့်ပါကြောင်း၊ 

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ဘယ်နည်းလမ်း၊ ဘယ်လမ်းကြောင်းကမဆို အခုချက်ချင်း ကာကွယ်ပေးကြပါ။ 
 
"ကျေးဇူးပြု၍"ကို  (၃)ကြိမ်တောင်းခံပြီး အခုချက်ချင်း လက်တွေ့လုပ်ဆောင်းပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။

U Gaw Thita 

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်