US သည် အချဉ်မဟုတ် ကောင်တာပြန်လေပြီ !

ဘတပြန် ကျားတပြန်ပဲလေ မြန်မာ့အရေး ပွဲသိမ်းပေးမယ် ကတိပေးထားတာ US ပါ ဒီတော့ သူ့ဇာတ် သူနိုင်အောင် ပြီးဆုံးအောင် ကပါလိမ့်မယ် သိပ်တော့ စိုးရိမ်စရာ မရှိ 

ခု သော-က်ပုပွဲစား ဆာကာဝါ ပရာယွတ်နဲ့တွေ့တော့ US က ထိုင်းကို မသွားတော့ဘူး 

သဘောက ဖီးမလာ‌တော့လို့ မင်းလိုကောင်နဲ့ ခဏခဏ ဆက်ဆင်းပြောမနေတော့ဘူးဆိုပြီး ဘလင်ကန်က တျုတ်ကြီးဆီပဲ ဒဲ့သွားပြီး ဆွေးနွေးဖို့ ဟလိုလိုက်တယ် တျုတ်ကလည်း Welcome တဲ့ 

အာ့ဆို ပွဲက ပြတ်သလောက်ရှိလာတော့မယ် မဲခေါင်အစည်းဝေးလည်း ဖျက်ထားတယ် ဘိုင်ဒန် ကျင့်ဖျင်လည်း တွေ့အုံးမယ် ခု မတွေ့ခင် ဘလင်ကန်က ဒဲ့ပဲသွားပြီး လုပ်စရာရှိတာနဲ့ ပရာယွတ်ပါ သောက်ချိုးပြင်ဖို့ သွားပြောပုံ ရလိမ့်မယ် 

ခေါင်းစဉ်ကတော့ ထုံးစံအတိုင်း US တျုတ် ထိတ်တိုက်မတွေ့ရေး ခေါင်းစဉ်နဲ့ဆိုတော့ ထိုခေါင်းစဉ်ကကို မိုက်နေတာ လှနေတာ ဘောင်ထဲရောက်နေပြီသားပဲ 

ဒီတော့ ဘလင်ကန် ဖေဖော်ဝါရီ ၅ မှာ တျုတ်သွားမယ် တျူတ်နိုင်ငံခြားရေး ၀န်ကြီး ဂျင်ဂန်းနဲ့ ဆွေးနွေ့းပါလိမ့်မယ် သေချာတာက မြန်မာ့အရေးပါပါလိမ့်မယ် ဘာတွေ ဆွေးနွေးမလဲ ဆက်စောင့်ကြည့်ရမယ် 

အဓိကက ခေါင်းစဉ်အတိုင်းပဲ US တျုတ် ထိပ်တိုက်မ‌တွေ့ရေးဆိုတဲ့အတိုင်း မြန်မာ့အရေးမှာ US ဟာ စစ်ရေးအရ ပါမှာ ကူမှာ မဟုတ် သူ၀င်ချလာရင် တျုတ်နဲ့ ထိပ်တိုက်တွေ့မယ်လေ ဒီမှာ ကိုကိုးကျွန်းရေတပ်စခန်းနဲ့ စစ်ရေးစာချုပ်တွေက ရှိသေး 

ဒီတော့ အပြင်ကနေပဲ တစ်ဘီလီယံပြန်ပေး နိုင်ငံတကာ အသိမှတ်ပြု ဒီဂျစ်တယ် Banking စနစ်ကို ထူထောင်စေပြီး တလရအတွက် လိုအပ်တဲ့ ငွေ‌ကြေး နည်းပညာတွေကိုပဲ ထောက်ပံ့ပေးပြီး စစ်အာဏာရှင် ဖယ်ရှားရေးအတွက် ပြုလုပ်စေမှာပါ 

ထိုအတွက် ယခုကို US နည်းပညာရှင်အဖွဲ့ဟာ EROs/PDFတို့ကို ကူညီပေးရန် ရောက်ရှိနေခဲ့ပါပြီ (နေရာအားလျှို့ဝှက်) ဟု ဆိုနေပြီ မဟုတ်ပါလား သို့ကြောင့် မင်းအောင်လှ်ုင် အကွက်လောက်တော့ လင်းယုန်ကြီးက မျက်စေ့ဒေါက်ထောက်နဲ့ ကောင်တာပြန်နေပြီဆိုတာ 

ဒါ့အပြင် မမြင် မသိနိုင်သေးတဲ့ မူး+ယစ်ကေ့ UN Resolution အမှတ် 2669 နဲ့ NDAA ရဲ့ နောက်ဆက်တွဲ တန်ပိုမြင့်လာမည့် အချက်တွေကိုလည်း မအလစကစ ခံနိုင်ရည် ရှိပြီး တောင့်ခံန်ုင်မလား ဆက်စောင့်ကြည့်ကြ‌သေးတာပေါ့ ! 

#မင်းကြည်ညိုနေ 🕊️

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်