ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ အပေါင်းအပါအချို့ကို စစ်ကောင်စီခေါင်းဆောင်များကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်း

မျက်မှောက်ခေတ်၊ ဧပြီ ၉ 
 မကြာသေးခင်ကမှ အရှေ့တောင်တိုင်း စစ်တိုင်းမှူးတာဝန်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးနဲ့အပေါင်းအပါတွေ၊မိသားစုဝင်တွေကို စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ယင်းမပင်နယ်ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။ ယင်းမပင်နယ်၊စုန်းချောင်းရွာသား ဗိုလ်ချုပ်မြတ်သက်ဦးဟာ ပြည်သူ့ဘက်ကိုသဘောထားပြောင်းလာတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ "ကျနော်တို့ ယင်းမာပင်နယ် စုန်းကျောင်းရွာမှာပါ။ ဟိုတလောက စစ်ကြောင်းထိုးပြီး တိုင်းမှုးရဲ့မိသားစုဝင်တွေနဲ့ အစောင့်တွေပါ ပြန်ဖမ်းသွားတာ" လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ဧပြီလ ၂ ရက်နေ့ နံနက်အစောပိုင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ မုံရွာ) ကနေ စစ်ကားတစ်စီး ထွက်လာပြီး အောင်ဇေယျမြို့သစ်ကိုရောက်လာကာ စုန်းချောင်းရွာကို စစ်ကြောင်းစထိုးပြီး မိသားစုဝင်တွေနဲ့အစောင့်တွေကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ယင်းမပင်နယ်၊စုန်းချောင်းရွာက ဗိုလ်ချုပ်မြတ်သက်ဦးရဲ့မိဘတွေနေအိမ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တာဖြစ်တာလို့သိရပါတယ်။ ဗိုလ်ချုပ်မြတ်သက်ဦးဟာ ၂၀၂၂ ဩဂုတ်လက မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးကနေ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးအဖြစ်ပြောင်းရွှေ့ခဲ့ရသူဖြစ်ပြီး ၂၀၂၃ မတ်လကုန်ပိုင်းမှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးကနေ ထပ်မံလဲလှယ်ခံရပြီး သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦး ပွဲတက်ရောက်တာကို စစ်တပ်ဝါဒဖြန့် သတင်းတွေမှာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ စစ်တိုင်းမှူး တာဝန်ကနေဖယ်ရှားခံရတာဖြစ်တယ်လို့ မော်ကွန်းမီဒီယာကဖော်ပြထားပါတယ်။ အခုအချိန်မှာတော ဗိုလ်ချုပ်မြတ်သက်ဦးရဲ့မိသားစုဝင်တွေနဲ့အစောင့်တွေကိုဖမ်းဆီးသွားတယ်လို့သာဒေသခံရင်းမြစ်တွေဆီကသိရပြီး အသေးစိတ်အချက်အလက်တွေကိုသိရှိရခြင်းမရှိသေးပါဘူး။ 
 ပုံစာ - ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦးကို တွေ့ရစဉ် 
 ဓါတ်ပုံ - စစ်တပ်ဝါဒဖြန့် MYANMAR NATIONAL PORTAL

Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော