လေတပ် G1 ၏ကတော် လင်းလင်းဦး ILO မှာ ခြယ်လှယ် စိုးမိုးနေ

ILO ရုံးဆက်သွယ်ရေးတာဝန်ခံမစ္စတာဒေါင်းလင်း(တရုတ်)
အကြိုသင်္ကြန်ကျင်းပနေချိန်ဒုတာဝန်ခံ မစ္စပီယာမား(ထိုင်း)က၂ နှစ်ကျော်ပြည်ဝင်ခွင့်မရ 
 ရန်ကုန် ၊ do or die 
ဧပြီလ ၉ ရက်နေ့
 ILO အပြည်ပြည်ဆိုrင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် သည် (ဆွစ်ဇလန်နိုင်ငံ ဂျနီဗာ) မှ ရန်ကုန် ILO ရုံး၏ မြန်မာနိုင်ငံတွင် ဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံမစ္စတာဒေါင်းလင်း(တရုတ်) ဒု ဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံ မစ္စပီယားမား(ထိုင်း)နိူင်တို့နှစ်ဦးကို တာဝန်ပေးအပ်ထားရာ အာဏာလုစစ်ကောင်စီမှ မစ္စတာဒေါင်းလင်း(တရုတ်) တဦးတည်းကိုပြည်ဝင်ခွင့်ပေးထားပြီး မစ္စပီယားမား(ထိုင်း) ကို အာဏာလု ပြီးချိန်မှ ဝင်ခွင့်ပိတ်ပင်ထားကြောင်း ယမန်နေ့ ဧပြီလ ၈ ရက်နေ့တွင် ILO ရုံး သင်္ကြန် အကြိုပွဲဓါတ်ပုံများအရ သိရသည်။ တရုတ်နိူင်ငံ မှ တာဝန်ခံဝန်ထမ်းကို ပြည်ဝင်ခွင့်ပေးပြီး ထိုင်း နိူင်ငံမှ ဒု တာဝန်ခံ ကို ပြည်ဝင်ခွင့်မပေးသည့် အခြေအနေများအားလုံးကို ILO ရုံး အုပ်ချုပ်ရေး နှင့် စာရင်းစစ် တာဝန်ရှိသူ ဒေါ်လင်းလင်းဦး မှ ဦးစီးလုပ်ဆောင်နေခြင်းဖြစ်ပြီး ILO မှ အလုပ်သမားဖွံ့ဖြိုးရေးဖြင့် နိုင်ငံတကာ ငွေကြေးများ INGO များ နိုင်ငံအစိုးရများထံမှ ပရော့ဂျက်များကို အာဏာလု စစ်ကောင်စီ အလိုဆန္ဒများအတိုင်း ရပ်တည်ပေးနေသူ တရုတ် နိူင်ငံသားဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံမစ္စတာဒေါင်းလင်း နှင့် အစီစဥ်များစနစ်တကျ လုပ်ဆောင်နေသဖြင့် မြန်မာပြည်သူများအတွက် အခွင့်အရေးများ အာဏာလု စစ်ကောင်စီ ထံ သို့ရောက်ရှိ နေကြောင်း သိရသည်။ ILO ရုံးတာဝန်ရှိသူ ဒေါ်လင်းလင်းဦး မှ တရုတ် နိူင်ငံသားဆက်သွယ်ညှိနိူင်ရေးတာဝန်ခံ မစ္စတာဒေါင်းလင်းအား ပြည်ဝင်ခွင့်ဗီဇာ အဆက်မပျက်ပေးထားခြင်းဆွေးနွေးပွဲတချို့ကို နေပြည်တော်တွင် တက်ရောက်ခြင်း ရန်ကုန် ဟော်တယ်တစ်ချို့တွင် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း ရုံးအတွင်း တွင် စကစ အာဏာလုပြီးနောက်ပိုင်း ပုံပါ ကဲ့ သို့ သော အောင်ပွဲခံပျော်ပွဲရွှင်ပွဲ များ သောက်စား ကခုန်ခြင်းများအဆက်မပျက်ပြုလုပ်နေခြင်းများကို အခွင့်အရေးပေးထားကြောင်းသိရသည်။ ဒုတိယဆက်သွယ်ညှိနိူင်း ရေးတာဝန်ခံ ထိုင်းနိူင်ငံသူမစ္စ ပီယားမား အား အာဏာလုပြီးချိန်မှစ၍ ယနေ့ထိပြည်ဝင်ခွင့် ဗီဇာ မပေးခြင်းမှာ သူမ၏ မှု မှန်သော ပြောဆို ဆောင်ရွက်မှုများကြောင့် စစ်ကောင်စီ မှ အလိုမကျသဖြင့် ဝင်ခွင်မပေးခြင်းဖြစ်ကြောင်းသိရသည်။ ဒေါ်လင်းလင်းဦး (ပုံပါ ဝိုင်းပြထားသူ) သည် မှော်ဘီလေတပ်စခန်းမှ G1 ဌေးလွင် ၏ ဇနီးဖြစ်ပြီး မစ္စတာ ဒေါင်းလင်းILO နှင့် ဆက်ဆံရေးကိုအကောင်းဆုံးတည်ဆောက်နေခြင်း ILO ရုံးလုံခြုံရေးဝန်ထမ်းများကို မှော်ဘီတပ်မိသားစုဝင်အားခန်ထားခြင်း မိသားစု ကိုယ်ရေးကိုယ်ရေးကိုယ်တာကို ILO ကားများ နှင့် ဝန်ထမ်းများအား အဆက်မပျက်အသုံးပြုခြင်း သား သမီး များအား ကျောင်းကြိုကျောင်းပို့ ပေးရခြင်း နေပြည် တော်ရှိ ယောကျ်ားဖြစ်သူT ထံ ကြိမ်ဖန်များစွာ သွားရောက်ခြင်းတို့တွင် ကုလသမဂ္ဂ တံဆိတ်တပ်ကား နှင့် ဝန်ထမ်းတို့အားမိသားစုလုံခြုံရေးအတွက် လူတံတိုင်းအဖြစ်အသုံးပြုခြင်း ။ILO ဝန်ထမ်းများ Contract သက်တမ်းတိုးနိုင်စေရန်မှာ သူမ အခရာဖြစ်ပြီး သူမ၏ အလုပ်တာဝန်ပြင်ပ တွင် အခိုင်းမခံသူ ကူညီမလုပ်ဆောင်ပေးနိုင်သူအား သက်တမ်း ထပ်မံ မတိုးစေရန် နှင့် အလုပ်ဆက်လုပ်နိုင်ရန် recommends မပေးခြင်းများကို စစ်တပ်တွင်းအစဥ်အလာ ပုံစံ အတိုင်း ဆောင်ရွက်ပေးနေကြရကြောင်းသိရသည်။ ILO မှ နိုင်ငံတကာ ငွေကြေးများ INGO များ နိုင်ငံအစိုးရများထံမှ ပရော့ဂျက်များ လက်တွေ့တွင် အာဏာလု စစ်ကောင်စီ အတွက် အထောက်အပံများဖြစ်နေပြီး မြန်မာပြည်သူများ ၏ တော်လှန်ရေးနှင့် အလုပ်သမားရေးအားအထောက်အပံ့မဖြစ်သည့်အပြင် အနှောက်အယှက်ဖြစ်နေသည်ကို နိုင်ငံတကာနှင့် ရုံးစိုက်ရာ ဂျနီဗာ နှင့် UN တာဝန်ရှိသူများတွင် အထူးတာဝန်များ ရှိကြောင်း သိရသည်။ 

 ပုံများ ၇.၄.၂၀၂၃ သင်္ကြန် အကြိုပွဲဓါတ်ပုံများ

#Khit Oo Ayeyaywaddy News Media








Comments

Popular posts from this blog

ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ

နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

လူဖြစ်စဉ်အဆင့်ဆင့်👇👇👇

မအူပင်မြို့တွင် ဒုဗိုလ်မှူးကြီးနိုင်လွင်က စပါးပွဲစားတစ်ဦးထံမှ ကျပ်သိန်း ၁၀၀ နီးပါး လာဘ်စားကာ ရွှေတောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်အဖြစ်ခန့်အပ်