Posts
ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ''
- Get link
- X
- Other Apps
By
YeYint Nge
ထန်တလန်မီးလောင်နေစဉ် အေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနေသည့်စစ်ကောင်စီတပ်မှစစ်သား ထန်တလန်၊ နိုဝင်ဘာ-၃ ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် နေ့ကဖြစ်ပွားခဲ့သည့် မီးလောင်နေသည့်မြင်ကွင်းကို ခလရ (၂၂၂ ) တပ်ရင်းဟုယူဆရသည့်တပ်မှ စစ်သားတစ်ဦးက စိတ်အေးလက်အေးကြည့်ရှု့နေပုံနှင့် အလှရိုက်ကူးသည့်ဓါတ်ပုံများပေါ်ထွက်လာခဲ့သည်။ စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှထွက်လာသော အဆိုပါဓါတ်ပုံများကို ထန်တလန်မြို့အဝင်ဘုန်းကြီးကျောင်းအောက်ဘက်နှင့်တပ်စခန်းအနီးရှိဗျူးပွိုင့်မှရိုက်ကူးထားသည့်ပုံများဖြစ်ကြောင်းသိရသည်။ ရာထူးအဆင့်ကိုဖော်ပြသောတံဆိပ်များတပ်ဆင်ထားခြင်းမရှိသော်လည်း ယခုကဲ့သို့ဝတ်စားပုံမှာ အရာရှိအဆင့်ဖြစ်သည်ဟု ထန်တလန်ဒေသခံအများက ယုံကြည်နေကြသည်။ \"\"စစ်ကောင်စီတပ်တွေကပြောတာ PDF တွေကမီးရှို့ခဲ့တယ်။ မီးငြိမ်းဖို့လာတဲ့စစ်သားတွေကိုအိမ်တွေထဲကနေ ချောင်းပစ်တယ်။ထန်တလန်နှင့်ဟားခါးအကြားသီးရ်မြစ်တံတားကိုဖျက်ဆီးခဲ့ကြလို့မီးသတ်ကားမလာနိုင်ဘူးအမျိုးမျိုးပြောတယ်။ဒါပေမယ့် သူတို့မှာသက်သေပြစရာမရှိဘူး။အခုဒီပုံတွေကိုကြည့်ပါ ။တစ်မြို့လုံးနီးပါးမီးဟုန်းဟုန်းတောက်နေတာမြင်ရတဲ့အနေအထားကို အရာရှိတစ်ယောက်ကအေးအေးဆေ
ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ
- Get link
- X
- Other Apps
By
YeYint Nge
တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ 3 Nov 2021 By MPA အကြမ်းဖက်စစ်တပ်က စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုးကို စစ်ကိုင်းတိုင်း အတွင်းရှိ တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် တစ်လခွဲခန့် ကြာသည်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ မအေးန္ဒာစိုးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးပြီးနောက် တပ်မ၃၃သို့ ပို့ဆောင်လိုက် ကြောင်း နောက်ဆုံးသိရှိရပြီး လက်ရှိအချိန်အထိ သူမမည်သည့်နေရာ၌ ရှိနေသည်ကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။ "သူက အမျိုးသမီးဆိုပေမယ့် ရဲရင့်တဲ့တက်ကြွတဲ့ စိတ်လည်း ရှိတယ်။ မဟုတ်မခံပုံစံမျိုးလည်း ရှိတော့ ပိုပြီးတော့ စစ်ကြောရေးမှာ စိုးရိမ်တယ်။ အခုလိုအချိန်ထိ အဆက်အသွယ်မရတာ တော်တော်အန္တရာယ်များတဲ့ အခြေအနေတစ်ခု ထိရောက်နေပြီဗျ" ဟု ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ မအေးနန္ဒစိုးသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ အဖွဲ့ဝင်လည်းဖြစ်သည်။ မအေးနန္ဒာစိုးသည်
အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်
- Get link
- X
- Other Apps
By
YeYint Nge
မြန်မာစစ်တပ်နှင့် နီးစပ်ပြီး စစ်လက်နက် တင်သွင်းပေးခြင်းအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ခွင့် ရရှိကြသည့် အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များထဲ Suntac ကုမ္ပဏီအုပ်စု၏ ဦးဆောင်သူ ဦးစစ်တိုင်းအောင် တယောက်လည်း အပါအဝင် ဖြစ်သည်။ သူသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ အဓိက တင်သွင်းပေးသော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ဦးအောင်လှိုင်ဦး (Myanmar Chemical & Machinery-MCM) နှင့် ဒေါက်တာနိုင်ထွဋ်အောင် (International Gateway Group of Company Limited) တို့နှင့် ရင်းနှီးမှုရှိသလို မြန်မာစစ်တပ် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့်လည်း နီးစပ် မှုရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တချို့ က ဆိုသည်။ သာမဏေကျော် စာတော်ပြန်ပွဲ ကဲ့သို့သော သာသနာရေးကိစ္စများနှင့် ပတ်သက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဦးစစ်တိုင်းအောင်တို့ကြား ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်ကြောင်း သိရသည်။ ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။ ယခင်စစ်အစိုးရ နိုင်တော
ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂
- Get link
- X
- Other Apps
By
YeYint Nge
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၇၀ ကျော် မီးလောင်နေသည်ကို နောက်ခံထား၍ မြန်မာစစ်တပ်မှ စစ်သားအချို့က ဓာတ်ပုံရိုက်ယူခဲ့သည်ကို ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။ . ဓာတ်ပုံများအရ မီးလောင်နေစဉ် ကြည့်ရှုနေသည့် စစ်သားနှစ်ဦးကို တွေ့ရပြီး တစ်ဦး၏ သေနတ်ဒင်တွင် နံပါတ် ၂၂၂ ကိုတွေ့ရသည်။ ထို့ပြင် လက်မောင်းတံဆိပ်မှာ မြှားပုံဖြစ်သည်။ ယင်း လက်မောင်း တံဆိပ်သည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တံဆိပ်ဖြစ်ပြီး၊ သေနတ်ဒင်ပါ ၂၂၂ သည် တပ်ရင်းနံပါတ်ဖြစ်သည်။ . သတင်းအချို့တွင်ဖော်ပြချက်များအရ ထန်တလန်တွင် (ခလရ) ၂၂၂ ရောက်ရှိနေကြောင်း သိရသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ယခုရရှိသည့် အချက်အလက်များအရ အဆိုပါ စစ်သားနှစ်ဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဟုမ္မလင်း အခြေစိုက်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂ မှ စစ်သားများဖြစ်ကြောင်း အတည်ပြုနိုင်သည်။ . ထန်တလန် ဝန်းကျင်တွင် (ခလရ) ၂၂၂ အပြင် အခြား တပ်မ တပ်ရင်းများလည်း ရှိနေဦးမည်ဟု ယုံကြည်ရသည်။ . အောက်တိုဘာ ၂၉ က ယင်းဖြစ်စဉ်တွင် ဒေသခံ ကာကွယ်ရေး တပ်များက အဆောက်အအုံများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏
အာဏသိမ်းမှု ကြံရာပါများနှင့် အချက်အလက်များ
- Get link
- X
- Other Apps
By
YeYint Nge
သူ့ချည်းပဲလော၊ ချဉ်ဖတ်နဲ့ပါဖုရား သရဝဏ်(ပြည်) "မင်းအောင်လှိုင်တစ်ယောက် အာဏာရူးတာနဲ့မြန်မာတစ်နိုင်ငံလုံးဒုက္ခရောက်ရတယ်ကွာ" "မင်းအောင်လှိုင်မရှိရင် တော်လှန်ရေးကအောင်မြင်ပြီ" "မင်းအောင်လှိုင်သေမှအေးမှာ" "အခြားစစ်ဗိုလ်ချုပ်တွေကပါချင်တာမဟုတ်ဘူး၊ နီးရာဓားကြောက်လို့ဝင်ပါနေရတာ" စသည်စသည်ဖြင့် ပြောနေသံတွေကိုကြားရပါသည် ။ ထိုအယူအဆသည် အပြည့်အဝမမှန်ပါ။ မင်းအောင်လှိုင်အာဏာရူးသည်မှာမှန်ပါသည်။ မင်းအောင်လှိုင်သမ္မတရူးရူးနေသည်မှာမှန်ပါသည်။ သို့သော် ဤအာဏသိမ်းမှုတွင်တပ်မတော်မှ အငြိမ်းစားနှင့်လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ သဘောတူညီချက်မပါပဲ မင်းအောင်လှိုင်တစ်ယောက်တည်း ထင်ရာစိုင်းခဲ့ခြင်းမဟုတ်ပါ။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ရာထူးနှင့် အာဏာအကြီးကြီးရယူခဲ့သူ စစ်ဗိုလ်ချုပ်များအားလုံး အတူတူနဲ့အနူနူ အားလုံး ပုလင်းတူဗူးဆို့ ပါဝင်ခဲ့ကြပါသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးအကြီးကြီးများရယူခဲ့ကြသော သမ္မတ၊ ဒုသမ္မတများအားလုံး၊ ဦးသိန်းစိန်လက်ထက် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ် ၁၄ ယောက်၊ ဦးသိန်းစိန်လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးအားလုံး၊ ဗိုလ်ချုပ်၊ ဒုတိယဗို
ဒလန်အကြီးစား လူမိုက် မုန်တိုင်း သေပြီ
- Get link
- X
- Other Apps
By
YeYint Nge
သန်လျင်မြို့ ပျူစောထီး လူမိုက်ခေါင်းဆောင် မုန်တိုင်း ခေါ် အောင်ရွှေ အား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) ပကဖ မှ သုတ်သင်ရှင်းလင်း။ သန်လျင်မြို့နယ် ၊ နိုဝင်ဘာ ၁၊ ၂၀၂၁။ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်း (၂) လမ်း၊ အိမ်တွင် နေထိုင်သူ မုန်တိုင်း ခေါ် အောင်ရွှေ သည် သန်လျင်မြို့တွင် မြို့နေပြည်သူလူထုအား နိုင့်ထက်စီးနင်း အနိုင်ကျင့်နှိပ်စက် ဒုက္ခပေးနေကြောင်း ၊ စစ်အကြမ်းဖက်ကောင်စီ၏ အကြီးစားဒလန် ပြုလုပ်နေကြောင်း သက်သေများဖြင့်တိုင်ကြားသတင်းပေးချက်များအရ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) မှ သုတ်သင်ခဲ့ကြောင်း သတင်းရရှိပါသည်။ မုန်တိုင်း ခေါ် အောင်ရွှေက ချက်ချင်းမသေဘူး ။ အိမ်ထဲကို လှည့်ပြေးသွားတယ်။ သူ့တပည့်တပန်း ၅ယောက်လည်း ဒဏ်ရာပြင်းထန် ရသွားကြတယ် ။ ကျည် အတောင့် ၄၀ အသုံးပြုလိုက်ရတယ်။ အခုတော့ ပြည်သူတွေရဲ့ ဆန့်ကျင်ဖက်မှာ နေသူရဲ့ သွားရာလမ်းကို ရောက်သွားပါပြီ လို့ ပကဖ တာဝန်ရှိသူမှ ပြောကြားပါတယ်။ ဒလန်အကြီးစား လူမိုက် မုန်တိုင်း သေပြီ ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားခဲ့ပါတယ် ။ #ThanlyinChannel သန်လျင်သတင်းမှန်ပြန်ကြားရေး
နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော
- Get link
- X
- Other Apps
By
YeYint Nge
ထန်တလန်မြို့မီးရှို့မှု အပါအဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင်ရိုင်းစိုင်း စက်ဆုပ်ရွံရှာဖွယ်် တိုက်ခိုက်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော ရန်ကုန်၊ နိုဝင်ဘာ ၁ ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့မှုအပါဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင် ရိုင်းစိုင်းသည့် ကျူးလွန်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များကျူးလွန်သော ကမ်းကုန်အောင်ရိုင်းစိုင်းသည့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုသည်။ ပြည်သူလူထု၊ ပြည်သူလူထု၏အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာနေရာများကို ရက်ရက်စက်စက်လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာပြည်သူလူထု၏ အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏လုပ်ရပ်ကို အမေရိကန်က ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာစစ်တပ်၏ စက်ဆုပ်ရွံရှာဖွယ်တိုက်ခ
အဖြူရောင်အနုပညာရှင်များအား အဖြူရောင်အရည်များ တည်ခင်းဧည့်ခံ
- Get link
- X
- Other Apps
By
YeYint Nge
ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်
- Get link
- X
- Other Apps
By
YeYint Nge
CDM မလုပ်ခင်ထိ ထန်တလန်မြို့မှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကျွန်တော့်ရဲ့တပ် က ခလရ(၂၆၉)၊ ခု ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်ပဲ။ ဒေသခံတွေက အရမ်းချစ်ဖို့ကောင်းကြတယ်၊ ထန်တလန်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာလေးတွေဆိုရင်လည်း ကျွန်တော်တို့စစ်ကြောင်းထွက်ချိန် နားခိုဖို့အတွက် အိမ်တွေစီစဉ်ပေးတယ်၊ ခလရ (၂၆၉) နဲ့ အတူတူ ထန်တလန်မြို့ရဲ့ပတ်ဝန်းကျင်နေရာတော်တော်များများကို သွားခဲ့ရချိန်တွေဆို ဒေသခံတွေ ရွာသားတွေက လိုအပ်တာ မှန်သမျှ ကူညီပေးကြရှာတယ် .... သိပ်ချစ်စရာကောင်းတဲ့ သူတွေပေါ့။ ကျွန်တော့်အပေါ် မှာမှမဟုတ်ပဲ တပ်တစ်ခုလုံး အပေါ်ကို အားလုံးကကောင်းကြတယ်။ ဒီလိုတွေကောင်းခဲ့လို့ ခလရ (၂၆၉) ဆိုတဲ့ စစ်တပ်ကြီးက မြို့ကို လူမဆန်စွာ ဖျက်ဆီးခဲ့ လိုက်တယ်။ စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့၊ ပြည်သူတွေအပေါ်ရိုင်းစိုင်းယုတ်မာနေတာတွေကို လက်မခံနိုင်လို့ CDM လုပ်ခဲ့တာ၊ ခလရ (၂၆၉) ကြီးကို မုန်းလို့လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကြည်း ၇၂၆၈၂ ဗိုလ်ထက်နေဗလ ရဲ့ အကြောင်းကို ခလရ (၂၆၉) မှာရှိတဲ့ အရာရှိ/ စစ်သည်တွေ ပိုပြီးသိလိမ့်မယ်ထင်ပါတယ်။ ကိုယ်နဲ့သိခဲ့တဲ့သူတွေ၊ ကိုယ်နဲ့ တာဝန်အတူတူထမ်းဆောင်ခဲ့ဖူးတဲ့သူတွေက ဒီလိုလုပ်ရပ်မျိ
စစ်ခေါင်းဆောင်များ ကို ဖယ်ရှားရန်ကု လ အထူး သံတမန် တောင်းဆို
- Get link
- X
- Other Apps
By
YeYint Nge
အာဆီယံ မှ မင်းအောင်လှိုင် အား အစည်းအဝေး သို့ မဖိတ်ခေါ်ဘဲ ထားခဲ့မှုသည် နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရန် အာသာငမ်းငမ်း ကြိုးပမ်းနေသော အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အထိနာသွားခဲ့ရသော် လည်း နောက်ဆုတ်မည့် ဟန် မရှိသည့်အပြင် တိုး၍ တိုး၍သာ မိုက်တွင်းနက်လာနေသည့် လက္ခဏာများ ပြသလာခဲ့သည်။ ထန်တလန် တွင် သောကြာနေ့ နံနက် ဆယ်နာရီခန့်က လူသူ မရှိသော အိမ်များထဲသို့ မင်းအောင်လှိုင်၏ စစ်သားများက ဆန် နှင့် စားစရာ များ ဝင်ရောက် လုယက်ယူငင်နေသည်ကို ချင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်သဖြင့် တဦးသေဆုံး သွားပြီးနောက် လူနေရပ်ကွက်များကို ချိန်ရွယ်ကာ အဝေး မှ သူရဲဘော ကြောင်စွာဖြင့် လက်နက်ကြီးများ နှင့် ပစ်ခတ်ရာမှ မီးလောင်ခံခဲ့ရခြင်း ဖြစ်သည်။ ချင်းပြည်နယ် ထန်တလန် မြို့လေးတွင် ဘုရားကျောင်း နှစ်ကျောင်း၊ CB ဘဏ် နှင့် အိမ်ခြေ ၁၆၄ လုံးမှာ ၎င်းတို့ လက်ချက်ဖြင့် မီးဟုန်းဟုန်း တောက်လောင်နေကာ ပြည်သူများ အသက်ဘေး အတွက် ပြေးလွှားနေရ ချိန်တွင် မင်းအောင်လှိုင်သည် အပြုံးမပျက်၊ အလည်အပတ် ရောက်ရှိနေသော ရုရှားရေတပ်မှ အကြီးအကဲများ ဖြင့် အရက်ခွက်ခြင်း တေ့ကာ ပြုံးပျော်နေသည့် သတင်းဓါတ်ပုံများက ပလူပျံအောင် ထွက်လာခဲ့ပေတော့သည်။ ရုရှားတ
ထန်တလန်မြို့မီးရှို့မှုသည် PDF လက်ချက်ဖြစ်ကြောင်း ဇော်မဲလုံးပြော
- Get link
- X
- Other Apps
By
YeYint Nge
ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၏ ခြိမ်းခြောက်မှု
- Get link
- X
- Other Apps
By
YeYint Nge
ထန်တလန်ကိုကြည့်ထားဟု ခြိမ်းခြောက်ခဲ့သူ ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ကမ္ဘာကျော်အောင်မြင်မှုဒဏ်မခံနိုင်၍ FB Account ဖျက်သွား အောက်တိုဘာ ၃၀ ရက် “ထန်တလန်ကို ကြည့်ထားကြ နောက်ထပ် ထန်တလန်တွေ ထပ်ထပ်ပြီးပေါ်လာမယ်” ဟု သူမ၏ Facebook Account မှ တဆင့် ကြိမ်းဝါးခဲ့သူ ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၏ ခြိမ်းခြောက်မှုအား CNA သတင်းဌာန၏ သတင်းထောက် မေဝေါင်းမှ ကမ္ဘာကသိအောင် Twitter တွင်ပြန်လည် ဖော်ပြပေးခဲ့သည်ကို တွေ့ရသည်။ ယခုကဲ့သို့ ကမ္ဘာကျော်သွားခဲ့ပြီးနောက် နန်းမြမြမီမီဇော်မှ အောင်မြင်မှုဒဏ်ကို မခံနိုင်၍ Facebook Account အား ဖျက်သွားကြောင်းလည်း သိရသည်။ သို့သော်လည်း ဟုတ်လျှင် ကျော်၊ ပုပ်လျှင်ပေါ် ဟူသည့် မြန်မာစကားပုံအတိုင်းပင် အကြမ်းဖက်စစ်တပ်၏ လက်ကိုင်ဒုတ်ဖြစ်သော ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ယခုကဲ့သို့ ကြိမ်းဝါးခြိမ်းခြောက်ခဲ့သည် ဟူသောသတင်းသည် မြန်မာတင်မက ကမ္ဘာထိပါ ပြန့်လျက်ရှိပြီ ဖြစ်သည်။ #Photo_Credit #ထန်တလန် #USDP #HTY_Information
လူစိတ်မရှိတဲ့ ကြံဖွတ်နှင့်စစ်ခွေးလော်ဘီများ
- Get link
- X
- Other Apps
By
YeYint Nge
ထန်တလန်မြို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး ပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေး ဆိုခွင့်ရှိသူ နှင့် စစ်တပ်လော်ဘီများက လူမှုကွန်ရက်တွင် အောင်ပွဲခံ၊ စစ်ကောင်စီအနေဖြင့် မြို့ရွာများ ထပ်မံဖျက်ဆီးရမည်ဟု ခြိမ်းခြောက် ရန်ကုန်၊ အောက်တိုဘာ ၃၀ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၊ စစ်တပ်ထောက်ခံသူ လော်ဘီ တပ်ကြပ်ကြီး ဖိုးစီ၊ စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦးတို့က လူမှုကွန်ရက်များမှတစ်ဆင့် အောင်ပွဲခံခဲ့ပြီး စစ်ကောင်စီအနေဖြင့် မြို့ရွာများကို ထပ်မံ ဖျက်ဆီးရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ ထန်တလန်မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံနေရသည့် ထန်တလန်မြို့နယ်ကဲ့သို့ ထပ်မံ ဖျက်ဆီးခံရမည့် မြို့နယ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်ရေးသားသည်။ "ဖြစ်မှ မျက်ရည်မခြူနှင့် အာဘန်ဝေါ မြို့ပြစစ် ပျောက်ကြားစစ်ဆိုပြီး ဂြိုလ်ဆက်ကြွရင် ထန်တလန်ကို ကြည့်ထားကြ၊ နောက်ထပ် ထန်တလန်တွေ ထပ် ထပ်ပြီးပေါ်လာမယ်"
အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
- Get link
- X
- Other Apps
By
YeYint Nge
အကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား အောက်တိုဘာ၊ ၃၀ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာ၊ ၂၉ ရက်နံနက်ပိုင်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင်လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌမှ တင်သွင်းသည့် လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနှင့် ပတ်သက်၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီးကပြောသည်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်၍ အာဏာသိမ်းမှုဟု ကိုးကားပြောဆိုစေလိုပြီး၊ မြန်မာနိုင်ငံရှ
ထွက်ပြေးနေသော ရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်
- Get link
- X
- Other Apps
By
YeYint Nge
သတင်းနှင့် မီဒီယာ ကွန်ရက်။ Mizzima ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ရက် စစ်ကောင်စီကို ကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးနေသော မကွေးတိုင်း သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းရွာသားများအား နှစ်ရက်အတွင်း ပြန်မလာပါက အိမ်ရှိ ပစ္စည်းများ သိမ်းယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ ပုဏ္ဏားကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ကြေညာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ပုဏ္ဏားကျွန်းကျေးရွာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွင် ပါဝင်ခဲ့ဖူးသူလူငယ်များ၊ ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ သူ လူငယ်များ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသဖြင့် လူငယ်များအပါအဝင် ရွာသူ/သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ အောက်တိုဘာလဆန်းပိုင်းက ပုဏ္ဏားကျေးရွာအနီးရှိ သရက်နှင့်ကံမ PDF က ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့၍ လက်တုန့်ပြန်နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ဆိုသည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ ”ပ
NUG မှ စစ်ဦးစီးချုပ်ရုံး ဖွဲ့စည်းပြီ *******************************
- Get link
- X
- Other Apps
By
YeYint Nge
အမျိုးသား ညီညွတ်ရေး အစိုးရမှ ဗဟိုကွပ်ကဲ ညှိနှိုင်းရေး ကော်မတီ Central Control and Coordination Committee (C3C) အား တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် အတူ ပူးတွဲ ဖွဲ့စည်း လိုက်ပြီ ဟု ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီသို့ ထုတ်ဖေါ် အသိပေး လိုက်သည်။ တနိုင်ငံလုံး အနှံ့ ပြန့်ကျဲနေသော ရာပေါင်းများစွာ ရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအား တစု တစည်း တည်း ပေါင်းစည်းရန် ရည်ရွယ် လုပ်ဆောင်လာခြင်း ဖြစ်သည်။ တပ်ရင်း တပ်ဖွဲ့ အမည်များကိုလည်း စနစ်တကျ သတ်မှတ်သွားပြီး C3C ၏ ကွပ်ကဲမှု နှင့် ဟန်ချက်ညီညီ လှုပ်ရှားသွားမည်ဟု မျှော်လင့်ရပေသည်။ အာဏာရှင် များကတော့ သေမထူး နေမထူး ဇာတ်ခင်းကာ အာဆီယံ မှ ပါဝင် သက်ဆိုင်နေသူများနှင့် ဆွေးနွေး ရန် အတန်တန် တိုက်တွန်း နေသည့်ကြားမှ အသက် ၇၉ နှစ်ရှိ NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် အား ထောင်ဒဏ် အနှစ် နှစ်ဆယ် ချမှတ်လိုက်ခြင်း ဖြင့် တုန့်ပြန်ခဲ့ပေသည်။ သို့သော် လက်ရှိတွင် မြို့ပေါ်ရှိ NLD အမတ် အတော်များများ အနေဖြင့် နိုင်ငံရေး နှင့် မပတ်သက်ပါ ကြောင်း လက်မှတ် ရေးထိုးပြီး စစ်တပ်ကို အညံ့ခံထားရသည့် အတွက် ထိုသူတို့ကို အသုံးချ