စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ
ဘိုတု မန္တလေးသွားတာလည်း ဓာတ်ဆင်ဓာတ်ရိုက် အတွက်ပဲ။ မနက်က ဘိုတု အောင်သပြေ ကိုင်ပြီး မဟာမြတ်မုနိဘုရားကြီးကပုံ တွေ့လိုက်တယ်။ ကျောက်ဝိုင်းမှာ အစောင့်များလို့ ဗုံးစာထိသေးတယ်။ ရွှေကျီးမြင် ဘုရားကိုလည်း သွားတယ်တဲ့။ အလာအလာအရ " မဟာ၊ ကြီးမြင့်၊ ချမ်းသာ " ဓာတ် လာယူတာပဲ ဖြစ်မယ်။ မဟာမြတ်မုနိဘုရားကြီး၊ ရွှေကျီးမြင်ဘုရား၊ ချမ်းသာကြီး ဘုရားတွေမှာ အလှူတူ၊ ဆုတောင်းတူ ပေါ့။ ဆုတောင်း ပြည့်တယ်တဲ့။ မဟာမုနိ နဲ့ ချမ်းသာကြီး ဘုရားတွေမှာ ရွှေကပ်လို့ရပေမယ့်။ ရွှေကြီးမြင်မှာတော့ မှန်နဲ့ ပိတ်ထားတာမို့ စောင်းတန်းထဲက ဘုရားတွေကိုပဲ ကပ်ရတယ်။ သို့ပေမင့် ဂေါတွေက ဘိုတုအတွက် မှန်ခန်း ဖွင့်ပေးမှာပါ။ ဒီဓာတ်က ကျဉ်းကြပ်ထဲ ရောက်ရင် လုပ်ရတာ ဆိုပေမယ့် စီးပွားရေး နဲ့ ဆိုင်တာမှာ လုပ်ရတာမျိုး။ ဘိုတု ရဲ့ အခုအခြေအနေနဲ့ မသက်ဆိုင်။ သူ့ကို ထုံးစံအတိုင်း ဗေဒင်ဆရာက ချွန်လိုက်ပြန်ပေါ့။ ခုရက်ပိုင်း ဘိုတု ယတြာခြေတာ အရမ်းစိပ်လာတယ်။ ဒီပုံအတိုင်းဆို မကြာခင် တန်ခိုးကြီး ဘုရား တဆူဆူကို ထီးတော် တင်လိမ့