ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။
(နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်တဲ့ ဒီ ပို့စ်ကို ရှားရှားပါးပါး ရှာတွေ့ ပြီး copy ယူမရအောင် link ချပြီးပဲတင်ထားလို့ ခဲခဲယဉ်းယဉ်း တပိုဒ်ချင်းစီကူးယူ စာရှည်တော့ စာဖတ်တွေ ပျင်းမှာစိုးလို့ တပိုဒ်ချင်းစီကို အဖြတ်အတောက် တွေနဲ့တစ်နာရီနီးပါးကြာအောင် အချိန်ပေးခဲ့ရပါကြောင်း...)credit... တကယ်တော့ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။ ဒေါသအလွန်ကြီးတဲ့ ဦးနေဝင်းဟာ သေခါနီးမှာ သူသိပ်ချစ်ခဲ့တဲ့ မြေးတွေကို တွေ့ခွင့်မရတော့ပဲ ၊ လုံလောက်တဲ့ ဆေးကုသမှု့ကို မရရှိတော့ပဲ ဗုံးဗုံးလဲဘဝမှာ တုံးလုံးလဲအဖြစ်နဲ့ အရှုံးကြီးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေကို ရင်ဆိုင်ရင်း မျက်ရည်နဲ့မျက်ခွက် နာကြီးချက် တောက်ခေါက်သံတွေနဲ့အတူ နှစ် လုံးသွေးတွေပွင့်ကျပြီး အသေဆိုးနဲ့ သေသွားခဲ့ရတာ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင်တော့ သူလဲ ဝဋ်လည်သွားခဲ့တာပဲပေါ့ ။ အာဏာရှင်ကြီးဦးနေဝင်းရဲ့ ကျရှုံးရခြင်း အကြောင်းတရားတွေက အာဏာနဲ့ တိုင်းပြည်ကို အိမ်ခြံဝင်းထဲမှာ မွေးထားတဲ့ တိရိစ်ဆာန်တွေလို သဘောထားပြီး ကြိုက်တဲ့နေ့မှာ ကြိုက်တဲ့သတ္တဝါကို ရိုက်သတ်ချက်စားတတ်တဲ့ အာဏာ ရှင်တို့ရဲ့ အလေ့အထတွေက ဇာတ်လမ