အာဏာသိမ်း အဖွဲ့ စိုးရိမ်စပြုလာ
အာဏာသိမ်း အဖွဲ့သည် နေပြည်တော်အား လုံခြုံစိတ်ချရသည့် ခံတပ်ကြီး သဖွယ် သဘောထားလာနေပြီး ရန်ကုန်ရှိ ဦးပိုင် ရုံးချုပ်ကို ရွှေ့ပြောင်းရန် ပြင်ဆင်လာနေပြီ ဖြစ်သည်ဟု သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့မှုသည် လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်လာနေသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ဦးပိုင် သည် ၎င်းတို့ အတွက် အစိုးရ ဘတ်ဂျက် အပြင်မှ စာရင်းစစ်ခွင့် မရှိ၊ စိတ်ကြိုက် သုံးခွင့် ရအောင် ဒေါ်လာ ဘီလီယံ ပေါင်း အများအပြား ကို “အောက်ဆိုက်” ဝင်ငွေ အဖြစ် ဖန်တီးပေးနေသည့် ကုမ္ပဏီ ပေါင်းများစွာ ကို ပိုင်ဆိုင်ထားသဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ရွှေ့ရန်လိုလားနေပြီး အဆောက်အဦး သစ်အတွက် နေပြည်တော် ဥတ္တရသီရိ မြို့ မန္တလေး လမ်းတွင် ဇန်နဝါရီ လ အတွင်း မြေနေရာကို ပန္နက်ရိုက်ကာ စတင် ဆောက်လုပ်နေပြီဟု ဧရာဝတီ သတင်းက ဆိုသည်။ စစ်ကောင်စီ အဖို့ က ၎င်းတို့ အားကိုးအားထား ပြုသည့် ရုရှားသည် စီးပွားရေးပိုင်းတွင် ပြဿနာပေါင်း သောင်း ခြောက်ထောင် နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ မြန်မာကဲ့သို့ နိုင်ငံမျိုးအား လက်နက်ခဲယမ်း များ ထောက်ပံ့ရေး အစ ရှိသည် တို့တွင် မည်သို့မျှ ဦးစားပေး အဆင့်တွင် မထားနိုင်တော့သည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။ လက်န