ငိုချင်း ချကြရပြီ (လှစိုးဝေ)
ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် သည် အရှိန်မြှင့်လာနေသည် နှင့် အမျှ အမေရိကန် ကလည်း ဗြောင်ကျကျ ကူညီလာနေပြီ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ကိုယ်စားလှယ်ရုံး နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုပင် မြို့တော် ဝါရှင်တန် တွင် ဖွင့်လှစ်ခွင့် ပေးခဲ့ပြီ ဖြစ်သည်၊ ယင်းသည် အသိအမှတ် ပြုသည်ဟု မပြောယုံတမယ် လုပ်ရပ်လည်း ဖြစ်သည်။ မနေ့က ဧရာဝတီ နှင့် အင်တာဗျုး တွင်လည်း ဒဲရက် ရှိုလက်မှ NUG ၏ လုပ်ရပ်များကို အားရ ကျေနပ်မှု ရှိကြောင်း နှင့် မြန်မာ တို့၏ တော်လှန်ရေးသည် မကြာမီ အဆုံးသတ်ဖွယ် ရှိသည်ကိုပင် အရိပ်အမြွက် ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့သည် အမေရိကန်၏ ထိုသို့ ပြုမူလာမှုများကို မည်သို့ တုန့်ပြန်ရမှန်း မသိအောင် အကြံအိုက်နေသည်၊ ပုံမှန် အတိုင်း သတ္တိရှိရှိ တုန့်ပြန်မည် ဆိုက ကန့်ကွက်သည့် အနေဖြင့် အနည်းဆုံး အမေရိကန် သံတမန် အချို့ကို တိုင်းပြည်က နှင်ထုတ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်မည် ဆိုကလည်း အမေရိကန်မှ ကြိမ်းသေ ပြန်လည် နှင်ထုတ်မည်သာ ဖြစ်သည်။ လက်ရှိ တွင် မင်းအောင်လှိုင်သည် ကန့်ကွက်စာ သာ ထုတ်တတ်သော ဝဏ္ဏမောင်လွင်အား ဆွေမျိုး ဖြစ်နေ၍ အပေါ်သို့ ကန်တင်ကာ သန်းဆွေ နှင့် အစားထိုးလ