ပေါက်တောဝမီးပွိုင့်အနီးရှိ စစ်တပ်ဘန်ကာအား အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်
အင်းစိန် ပေါက်တောဝမီးပွိုင့်အနီးရှိ စစ်တပ်ဘန်ကာအား MUPDF ကအဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက် ကျော်ဇော၊သုည ၊ People's Spring ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်၏လုံခြုံ ရေးဘန်ကာတစ်ခုကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Myanmar Underground People Defense Force (MUPDF)အဖွဲ့တာဝန်ခံ စနေက ပြောသည်။ အင်းစိန်ထောင်အနီး ပေါက်တောဝမီးပွိုင့်ရှိ စစ်တပ်ဘန် ကာအား ယမန်နေ့(ဖေဖော်ဝါရီ ၁၈)နံနက် ၄ နာရီ ၃၃ မိနစ်ခန့်တွင် URF ၏နည်းပညာအကူအညီဖြင့် အဝေးထိန်းမိုင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ "(စစ်ကောင်စီတပ်သားများ)ကြိမ်းသေထိခိုက်မယ်။ သေမသေတော့ မသိရသေးပါဘူး။ ဖြိုတာက ဘန်ကာကိုဗျ။ C4 သုံးထားတာ၊ ထည့်တာနည်းသွားလို့ မဖြိုလိုက်နိုင်ဘူး"ဟု MUPDF မှ တပ်ဖွဲ့တာဝန်ခံ စနေက People's Spring သို့ ပြောသည်။ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သော စစ်တပ်နှစ်ထပ်ဘန်ကာတွင် အပေါ်ထပ်၌ စစ်ကောင်စီတပ်သားသုံးဦး ခန့်ရှိပြီး ဘန်ကာအောက်ဘက် သဲအိတ်များအကာ အကွယ်ယူထားသည့်နေရာတွင် စစ်ကောင်စီတပ်သားသုံးဦးခန့်ရှိကာ ထိခိုက်မှုရှိနိုင်ကြောင်း၎င်းကရှင်းပြသည်။ "မနေ့က မနက်အစောပိ