Posts

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး

Image
ရန်ကုန်၊ ဇွန် ၁၄  ခေတ်သစ် ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးကြောင်း AA က သတင်းထုတ်ပြန်သည်။  AA က ဘူးသီးတောင်မြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြိုရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို  အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြိုရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို) နခခ  ၆ စခန်း နှင့် နခခ ၉ စခန်းတို့ကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။  ဇွန်လ ဒုတိယပတ်အတွင်းတွင် မောင်တောမြို့နယ်ရှိ “နခခ (၄) တပ်ရင်းဌာန ချုပ်” ကို ဇွန်လ ၁၀ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်းကောင်း၊ “အလယ်သံကျော်စခန်း” ကို  ဇွန်လ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၆ မိနစ် အချိန်တွင်လည်း ကောင်း၊  “မောရဝတီဗျူဟာ” ကို ဇွန်လ ၁၃ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်း

စစ်ကောင်စီက ၄ လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၄၆ ကြိမ်ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦးအထိ သေဆုံးခဲ့

Image
 ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ် အကြမ်းဖက်စစ်တပ်က  ၄ လတာကလအတွင်း ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် အနည်းဆုံး ၄၆ ကြိမ်ရှိခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။  ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို ၅ ဦးနှင့် ၅ ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားကြောင်း၊  လေကြောင်းအသုံးပြုမှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် ၁၆၈ ဦးခန့်ရှိကြောင်း၊ ၄ လတာကာလအတွင်း လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှုကြောင့် ပြည်သူ သေဆုံးမှုသည် ၄၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး သေဆုံးသူဦးရေသည်လည်း အများဆုံးဖြစ်ခဲ့ကြောင်း၊ လေကြောင်းအသုံးပြု တိုက် ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အနည်းဆုံး ၂၃ ခုရှိခဲ့ပြီး ရှမ်းမြောက်ပိုင်းတွင် ၆ ခု၊ ရခိုင်တွင် ၄ ခု၊ စစ်ကိုင်းတွင် ၄ ခု၊ ကချင်တွင် ၂ ခု၊ ကရင်တွင် ၂ ခု၊ ကရင်နီတွင် ၂ ခု ၊ ချင်

မြန်မာ စစ်အုပ်စုကို စစ်လက်နက်နှင့် လေ့ကျင့် ရေးသင်တန်းများ ပံ့ပိုးပြီး စစ်ရာဇ၀တ်မှု ကျူးလွန်မှုများကို အားပေးနေသည့် အိန္ဒိယ စီးပွားရေးကုမ္ပဏီများကို JMF က ဖော်ထုတ်

Image
ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ် အကြမ်းဖက် မြန်မာ စစ်အုပ်စုကို စစ်လက်နက်နှင့် လေ့ကျင့် သင်တန်းများ ပံ့ပိုးပြီး စစ်ရာဇ၀တ်မှု ကျူးလွန်မှုများကို အားပေးနေသည့် အိန္ဒိယ စီးပွားရေး လုပ်ငန်းများကို Justice for Myanmar က ဖော်ထုတ်လိုက်သည်။ အိန္ဒိယ ပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုကို စစ် လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနှင့် လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးအပ်နေပြီး လက်ရှိဖြစ်ပွား နေသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အားပေး ကူညီလျက် ရှိကြောင်း JMF ကပြောဆိုသည်။ PSU များသည် အိန္ဒိယအစိုးရ၏ အများစု ပိုင်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေး ကဏ္ဍအပါအဝင် အိန္ဒိယ စီးပွားရေးနယ်ပယ်တစ်ဝန်းရှိ ကဏ္ဍများစွာတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသည့် PSU ပေါင်း ၁၆ ခု ထိရှိကြောင်း သိရသည်။ ရိုဟင်ဂျာများအပေါ်  မြန်မာစစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနှင့် မြန်မာတို့သည် ကာကွယ်ရေး ပူးပေါင်

လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်

Image
မဲခေါင် ဇွန် ၁၄ ကရင်နီပြည်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ဇွန်လ ၁၁ ရက်နေ့က စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ စစ်ကောင်စီတပ်က ထောက်ပံ့ပြီး ဝါဒဖြန့်နေတယ်လို့ နေရပ်ပြန်ရောက်နေသူတွေက ပြောပါတယ်။ အဲ့ဒီပွဲကို ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဇော်မင်းလတ် အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ အသီးသီး တက်ရောက်ခဲ့ကြပြီး စစ်ဘေးရှောင်တွေအစား စစ်တပ်၊ စစ်မှုထမ်းဟောင်းနဲ့ Non-CDM မိသားစုဝင် တို့ကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ “လွိုင်ကော်မြို့အတွင်း ဒီလူလိမ် (စစ်ကောင်စီတပ်) တွေကို အထူးသတိထားစေချင်တယ်။ ပြန်ရောက်လို့ သူတို့စကားနားမထောင်ရင် ဘာလုပ်မလဲဆိုတာ သိတယ်မလား။ ဝင်လာကတည်းက ဝိုင်းပြီး သေနတ်တွေနဲ့ ချိန်ထားတာ။ ဘာမှ‌ထောက်ပံ့စရာ မလိုဘူး။ အင်တာနက်နဲ့ ဖုန်းလိုင်းသာ ဖွင့်ပေးလိုက်။ အကုန်စီးပွားရေး အဆင်ပြေတယ်” လို့ နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့ကို မေလ နောက်ဆုံးပတ်လောက်က ပြန်ကြတဲ့သူတွေရှိပေမယ့် လူနည်းစုလောက်သာဖြစ်တဲ့အပြင် အများစုကလည်း ပစ္စည်းပြန်ယူသူတွေ ဖြစ်ပြီး တခ

လားရှိုးဝန်းကျင် မြို့အဝင်လမ်းတွေ ဖြတ်တောက်ထားလို့ ခရီးသွား ကား၊ ပြည်သူတွေ အခက်ကြုံ

Image
ဇွန် ၁၄-၆ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည် မြို့ အဝင်လမ်းတွေ  ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဖြတ်တောက်ထားလို့ လားရှိုးကိုလာတဲ့ ခရီးသွား ကား၊ ပြည်သူတွေ ခက်ခဲ ဒုက္ခရောက်ကြောင်း ခရီးသွားတွေဆီက သိရပါတယ်။  "တနေကုန် လမ်းလိုက်ရှာတာ မိုင်းယော်ကနေ ဆင်းလာတဲ့ လမ်းလည်း မြေကော် စက်နဲ့ တူးပြီး လမ်းဖြတ်လိုက်ပြီ။ နမ္မတူ လမ်းဘက်လည်း ဖြတ်လိုက်ပြီလို့ ပြောတယ်။ အီနိုင်းလမ်းလည်း သွားလို့ မရဘူး။ ဟိုပိတ် ဘက်လည်း လမ်းပိတ်လိုက်ပြီ။ နမ့်ပေါင်လမ်းလည်း ပိတ်လိုက်ပြီ" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။  တောင်ပေါ်လမ်း၊ ရွာလမ်းတွေကနေ လမ်းတွေမှာ ပိတ်မိနေတာကြောင့် ခရီးသွား ပြည်သူတွေနဲ့ ကားသမားတွေ နောက်ကြောင်း ပြန်လှည့်ဖို့လည်း ကား ဆီကုန်တဲ့ သူကုန် ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။  ပိတ်မိသောင်တင်နေတဲ့ သူတွေကလည်း ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က မိုးကြီး ရေလျှံလို့ မိုင်းလီလမ်းမှာ ပိတ်မိသောင်တင်နေတဲ့ ကားတွေနဲ့ ခရီးသွားတွေ ဖြစ်တယ်လို့ ခရီးသွားပြည်သူ တယောက်က ပြောပါတယ်။  "မူဆယ်ဘက်နေ အဆင်းကျရင် လားရှိုး မြို့ အဝင် ၆၈ ဂိတ်ကို မနေ့ညနေ ၄ နာရီလောက် က ပိတ်လိုက်ပါတယ်။ ဈေးသည်တွေကိုတော့ ပစ်ခတ

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ

Image
မောင်တော၊ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က သိမ်းပိုက်ရရှိထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ  ရန်ကုန်၊ ဇွန် ၁၄  ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က သိမ်းပိုက်သွားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု ၄၀၀ နီးပါး AA ၏ လက်ထဲတွင် ဖမ်းဆီးခံထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။  မောင်တောမြို့နယ်ရှိ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က ဇွန်လ ၉ ရက်နေ့ ဝန်းကျင်မှစတင်၍ တိုက်ခိုက်မှုများရှိနေကြောင်း အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ မိသားစုများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနထံသို့ သတင်းပေးပို့ခဲ့ကြကြောင်း၊ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းမှစတင်၍ အလယ်သံကျော်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင်မူ မည်သည့် ဆက်သွယ်မှုမှ လုပ်ဆောင်မရတော့ကြောင်း ၊ ထို့ကြောင့် အလယ်သံကျော်နယ်ခြားစောင့်စခန်းတစ်ခုလုံး AA ၏ လက်အောက်သို့ ကျရောက်သွားပြီဟု ဆိုနိုင်ကြောင်း

ဆုံးမရုံနဲ့သိန်းတထောင်ရမှာ

Image
တကယ်ရဖို့အာမခံပါတယ်

မန္တလေး စျေးချိုအနီး စစ်အုပ်စု အရာရှိရဲ့ တူမ ကားတိုက်သေပြီးနောက် စျေးသည်တွေ ရိုက်နှက်ခံရ၊

Image
စစ်အုပ်စုက မနက်မိုးမလင်းခင် ​စျေးချိုအနီးက စျေးသည်တွေကို လာရောက်ရိုက်နှက်လို့ ဝရုန်းသုန်းကား ထွက်ပြေးရ၊ AN/MFP ၊ ဇွန်-၁၃ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စျေးချိုတော် အနီး (၈၄)လမ်း၊ (၂၆)လမ်းနဲ့ (၂၈)လမ်းကြားမှာ ယမန်နေ့က စစ်အုပ်စု အရာရှိ တစ်ဦးရဲ့ တူမဆိုသူ ကားတိုက် သေပြီးနောက် ဒီမနက်ပိုင်း စစ်အုပ်စုက အဲ့ဒီ ယာဉ်တိုက်မှု ဖြစ်ပွားရာ အနီးက စျေးသည်တွေကို လာရောက် ရန်ပြု ရိုက်နှက်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ အာဏာသိမ်း စစ်အုပ်စု သစ္စာခံ အရာရှိရဲ့ တူမဟာ ဇွန်(၁၂)ရက် မနေ့ကက စျေးချိုတော် အနောက်ဘက်က စျေးမှာ ကားတိုက်ခံရကာ သေဆုံးခဲ့ပြီး တိုက်တဲ့ကားဟာ ပန်းတွေ တင်ဆောင်လာတဲ့ ကားဖြစ်တယ်လို့ အရပ်စကား ပြန့်နှံ့ ခဲ့ပြီးနောက် စစ်အုပ်စုက ပန်းသည်တွေကို အငြိုးထားကာ အထက်ပါအတိုင်း စျေးသည်တွေကို လာရောက် ရိုက်နှက်တာလို့ ဆိုပါတယ်။ ဇွန်(၁၃)ရက် ဒီမနက်(၃)နာရီကျော်အချိန် စျေးချိုတော်အနီးက ပန်းသည်တွေ စျေးရောင်းရာ နေရာကို စစ်အုပ်စု ရောက်လာပြီး စျေးသည်တွေကို အော်ဟစ်ဆဲဆို ရန်ပြု ရိုက်နှက်တာ၊ စျေးပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးတာ၊ ဆွဲရမ်း လွင့်ပစ်ပြီး ထင်တိုင်းကျဲ သောင်းကျန်း ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ "ရိုက်တာရို

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

Image
ကျော်ဇော/People's Spring ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လက်ကိုင်ဖုန်းများ၌ VPN ဆော့ဝဲလ် ထည့်သွင်းထားခြင်းရှိ၊မရှိ စစ်ဆေးပြီး ဖုန်းများကိုသိမ်းယူကာ ငွေညှစ်မှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီက လမ်းသွား၊လမ်းလာများကို တားဆီး၍ လက်ကိုင်ဖုန်းများ၌ VPN ပါ၊မပါ စစ်ဆေးမှုများကို ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည် စသည့်မြို့များနှင့် အရှေ့ခြမ်းတွင် ပဲခူးမြို့ပေါ်တို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ "ဇွန်လ ၁၁ ရက်နေ့ကတည်းက ပြည်အမှတ် (၂)စခန်းရှေ့၊ ကိုးသောင်းစျေးနားနဲ့ နဝဒေးတံတားထိပ်တွေမှာ စစ်ဆေးတာတွေ လုပ်နေတာ။ ဖုန်းတွေကို VPN ပါ၊မပါစစ်တယ်။ VPN ပါတဲ့ဖုန်းတွေ့ရင် သိမ်းခံရတယ်"ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။ စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။ အလားတူ ပြည်ခရိုင် ပေါင်းတည်မြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယမန်နေ့(ဇွန်လ ၁၂ ရက်)က မြို့ပေါ် နေရာများတွင်