စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် လမ်းပေါ်ထွက်ဆန္ဒပြ










[Zawgyi]


ဂုဏ်ယူပါတယ်
`````````
အချိန်တခုစောင့်ပေးကြပါ
တဦးတည်းတဖွဲ့တည်း
မထွက်ကြပါနဲ့
တနိုင်ငံလုံးတချိန်ထဲထွက်မယ့်
အချိန်ကိုစောင့်ပေးကြပါ
၈၈၈၈ ဖြစ်လာဖို့အချိန်အားဖြင့်
လေးလကျော်ကြာခဲ့ပါတယ်
~~~~~ ■ အာဏာသိမ်း စစ်အစိုးရကို အလိုမရှိကြောင်း ဒီနေ့ ဖေဖော်ဝါရီလ
၄ ရက်နေ့ မနက်က မန္တလေးမြို့ လမ်း ၃၀ မှာရှိတဲ့ မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ 
လူငယ် ၂၀ ​ကျော် ဆန္ဒပြခဲ့ကြပါတယ်။
လူထုခေါင်းဆောင်အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို 
ဖမ်းဆီးထားတာ လုံးဝမကျေနပ်တဲ့အကြောင်း၊ ဒီလိုလှုပ်ရှားမှုတွေ
ဆက်တိုက်လုပ်သွားမယ့်အကြောင်းနဲ့ အာဏာရှင်စနစ်ကို 
တွန်းလှန်ကြဖို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD အစိုးရခေါင်းဆောင်တွေကို 
စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်းမှာ 
ဒါဟာ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံး လမ်းပေါ်ထွက်ပြီး 
ဆန္ဒပြတဲ့ပွဲ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေထဲမှာ ဆရာဝန်တစ်ချို့နဲ့ ဗကသ ကျောင်းသားဟောင်းတွေ 
ပါဝင်ပြီး ၁၅ မိနစ်နီးပါး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ 
အဲဒီနောက် ဆန္ဒပြသူတွေ လူစုခွဲပြီး ထွက်ခွာသွားချိန်မှာ အရပ်ဝတ် 
ဝတ်ထားသူတစ်ချို့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။
လတ်တလောမှာ ဆန္ဒပြသူတွေထဲက ကိုဥက္ကာမင်း 
(နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေး)၊ 
ကိုမင်းညီညီကွန်း (ရတနာပုံတက္ကသိုလ်) 
ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင် စတဲ့ တက္ကသိုလ်ကျောင်းသား
လေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Tayzar San
ဆိုတဲ့ လူမှုဆက်သွယ်ရေး စာမျက်နှာမှာ ဖော်ပြထားပါတယ်။ က
ျန်တဲ့ဆန္ဒပြသူတွေကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေတယ်လို့လည်း 
သိရပါတယ်။ 
RFA Burmese

[Unicode]


ဂုဏျယူပါတယျ
`````````
၄ ရကျနေ့ မနကျက မန်တလေးမွို့ လမျး ၃၀ မှာရှိတဲ့ မန်တလေးဆေးတက်ကသိုလျရှေ့မှာ 
လူငယျ ၂၀ ကြောျ ဆန်ဒပွခဲ့ကွပါတယျ။
ဆန်ဒပွတဲ့ပှဲ ဖွဈပါတယျ။
ပါဝငျပွီး ၁၅ မိနဈနီးပါး ကွှေးကွောျဆန်ဒပွခဲ့ကွပါတယျ။ 
လတျတလောမှာ ဆန်ဒပွသူတှထေဲက ကိုဥက်ကာမငျး 
(နိုငျငံခွားဘာသာ တက်ကသိုလျ၊ မန်တလေး)၊ 
သိရပါတယျ။ 
RFA Burmese

Comments

Popular posts from this blog

ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ

နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

လူဖြစ်စဉ်အဆင့်ဆင့်👇👇👇