ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ဆုံးဖြတ်ချက်

အ ကြေညာချက်အမှတ်(၅/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း (၁၀) ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်)

အကြောင်းအရာ ။  ။  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လစဉ်ထောက်ပံ့ချီးမြှင့်သော လူမှုရေးပင်စင်အား အချိန်မီပေးအပ်နိုင်
ရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်သွားရန်ကိစ္စ။

ရည်ညွှန်းချက် ။  ။ ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ဆုံးဖြတ်ချက်

၁။ ပြည်သူ့အစိုးရက ၂၀၁၇။၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ခံစားခွင့်ရှိသူများအဖြစ် သတ်မှတ်ထားရာမှ ၂၀၁၈။၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွား များအထိ လူမှုရေးပင်စင် ခံစားခွင့်ရှိသူများအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့တိုင် တစ်လလျှင် ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်းတိတိ) ထောက်ပံ့ပေးလျက်ရှိပါသည်။

၂။ ထိုကဲ့သို့ ထောက်ပံ့ချီးမြှင့်ရာတွင် သုံးလတစ်ကြိမ် ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀ကျပ်(ကျပ်သုံးသောင်းတိတိ) တစ်လုံးတစ်ခဲ တည်း ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံ၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားဦးရေ တစ်သိန်းကျော်ခန့်ရှိပြီး ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် လိုအပ်သည့် ငွေကျပ်သန်းပေါင်း ၉၁၅၀.၈၇၀ အား ပြည်သူ့အစိုးရမှ လျာထားခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

၄။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လအတွက် ပထမသုံးလပတ် ထောက်ပံ့ချီးမြှင့်ငွေများအား ပြည်သူ့အစိုးရမှ ဘိုးဘွားများထံ လက်ရောက် ပေးအပ်ခဲ့ပြီး ဖြစ်သည်။

၅။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် ဒုတိယသုံးလပတ် ထောက်ပံ့ချီးမြှင့်ငွေများအား ယခုလကုန်တွင် အချိန်မီ ပေးအပ်ရန်ဖြစ်သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးစီစဉ် ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။

၆။ အဆိုပါ ထောက်ပံ့ငွေများအား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အလွဲသုံးစားပြုခြင်းများ စီစစ်တွေ့ရှိရပါက ကျုးလွန်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးလိုက်သည်။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ