အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်းသည် အနှေး နှင့် အမြန် ရောက်လာဖို့ ရှိ
ဗြိတိသျှ အစိုးရမှ လေယာဉ်ဆီ တင်ပို့နေသည့် ကုမ္ပဏီ များ အား စတင် အရေးယူ ယနေ့တွင် Burma Campaign (UK) မှ စစ်တပ်အား လေယာဉ်ဆီ ရောင်းချပေးနေသော ကုမ္ပဏီ များ အား ပြစ်ဒဏ်ခတ် ပိတ်ဆို့ အရေးယူ မှုများ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျှ တို့ မှ စတင် ပြုလုပ်လိုက်ခြင်းကို ကြိုဆိုထောက်ခံကြောင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။ ဗြိတိသျှ အစိုးရ ၏ စာရင်းတွင် ဗွေဆော်ဦး ပါဝင်လာသည့် ကုမ္ပဏီသည် ဇော်မင်းထွန်း နှင့် ၎င်းပိုင် Asia Sun Co ပင် ဖြစ်သည်။ ထို့အတွက် တော်လှန်ရေး အား လေကြောင်း အင်အား အလွန်အကျွံ သုံးစွဲလာနေမှုများ တဖြေးဖြေး နှင့် ချုပ်ငြိမ်းသွားတော့မည် ဖြစ်သည်။ ထိုအချိန်တွင် နေပြည်တော်၌ အာဏာသိမ်း အဖွဲ့မှ ကာလုံ အစည်းအဝေး ခေါ်ယူပြီး တယောက် မျက် နှာ တယောက် ကြည့်ကာ ၎င်းတို့ ကိုယ်တိုင်ပင် စိတ်ထဲက လက်ခံခြင်း မရှိသော စကားကို ရှေ့မျက်နှာ နောက်ထားပြီး ကျောသပ်ရင်သပ် ပြောဆိုနေကြပြီ ဖြစ်သည်။ ၎င်းတို့ ရှေ့ဆက် မည်သို့ မည်ပုံ စခန်းသွားမည်ကို ပြည်တွင်းပြည်ပက အထူး စောင့်ကြည့်နေချိန်လည်း ဖြစ်သည်။ အားလုံးက ပြောင်းလဲလာနေသော အနေအထားများ ကြောင့်ဆိုကာ အရေးပေါ် စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးဖို့ ရှိနေသည်ဟု ယနေ့ အစည်းအဝေး တ