သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်
အောင်ဇော် 1 April 2023 အမေရိကန် ပြည်ထောင်စုသည် မြန်မာစင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပြီး ဒီမိုကရက်တစ် အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ခံရန် စိတ်အားထက်သန်လာသောအခါ အိမ်နီးချင်း တရုတ်နိုင်ငံသည် အမေရိကန် သြဇာကြီးထွားလာခြင်းကို ဆန့်ကျင်ရန် ခြေလှမ်းများ လှမ်းလာသည်။ သို့သော် တရုတ်သည် မှန်ကန်သောမူဝါဒကို ချမှတ်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ရန်ရှိသည်။ တရုတ်က အသစ်ခန့်လိုက်သည့် အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်လာရောက် လည်ပတ်ခဲ့သည်။ သူ၏ ခရီးစဉ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခြင်းလည်း ပါဝင်သည်။ သူသည် မြောက်ပိုင်းမဟာမိတ်များထံသို့ သွားရောက်ပြီး ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။ ထိုတိုင်းရင