U.S Army က အငြိမ်းစားပုဂ္ဂိုလ်တစ်ဦးရဲ့ ပြော ကြားချက်တွေထဲက အားတက်စေမယ့် အချက်တွေကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် သူ့ရဲ့အမြင် - သူက American perspective က ကြည့်ပြီး နိုင်ငံတစ်ခုရဲ့ အာဏာကို တည်မြဲစေနိုင်တဲ့ DIME လို့ အတိုခေါ်တဲ့ instruments (၄)ခုကနေ assess လုပ်သွားပါတယ်။ ပထမတစ်ခုက D ဆိုတဲ့ Diplomatic ပါ။ နိုင်ငံတကာ ဆက်ဆံရေး၊ နဲ့ အသိအမှတ်ပြုခံရမှုတို့ ပါဝင်ပါတယ်။ ဒီအချက်မှာ ပြည်သူတွေနိုင်နေပါတယ်။ အကြမ်းဖက်အုပ်စုကို ခုချိန်ထိ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုသေးပါဘူး။ နောက်တစ်ခုက I ဆိုတဲ့ Informational ပါ။ သတင်းအချက်အလက်နဲ့ နိုင်ငံတကာ မီဒီယာများရဲ့ ကြေညာချက်တို့ ပါဝင်ပါတယ်။ ဒီနေရာမှာ မီဒီယာအာဘော်တွေက ပြည်သူတွေဘက်မှာရှိနေလို့ ပြည်သူတွေနိုင်ပါတယ်။ သူတို့ရဲ့ media channel တွေ အကုန်အပိတ်ခံထားရပါတယ်။ ပြီးတော့ သူတို့ပြောတာတွေလည်း ဘယ်သူမှ အယုံအကြည်မရှိပါဘူး။ နောက်တစ်ခုက M ဆိုတဲ့ Military - စစ်တပ်အင်အားပါ။ ဒီနေရာမှာ တော့ လက်နက်အင်အားအရ အကြမ်းဖက်စစ်အုပ်စုက အသာရ နေပါတယ်။ နောက်ဆုံးတစ်ခု E ဆိုတာ Economic - စီးပွားရေးအထောက်အပံ့ပါ။ ဒီနေရာမှာတော့ သူက သရေပဲလို့