Posts

အဲ့လောက်ကြီးမစွပ်ပါနဲ့တဲ့😅

​#နာမည်ကြီးနေတဲ့ခသစိုးဝင်းအကြောင်း

Image
စိုးဝင်း မိန်းမ သန်းသန်းနွယ်က မန္တလေးက သူ့မောင်အရင်း မျိုးညွန့်နဲ့ မိန်းမ မီမီသန့်ကမန္တလေးမှာနေတယ်(စျေးချိုဘက်ကကုန်သည်အသိုင်းအဝိုင်းကတော့သိကြတယ်)။  စိုးဝင်းတို့ဖားကန့်ကကျောက်ကုမ္ပဏီကို ဦးစီးပေးအမည်ခံပေးပြီးစင်ကာပူကိုထုတ်ပေးနေကြတာ။ သူတို့ရဲ့သမီး၂ ယောက်က စင်ကာပူမှာ စိုးဝင်းတို့အတွက်တိုက်ခန်းဝယ်တာ Money laundryလုပ်ပေးတာ။  မီမီသန့်အမ ရှေ့နေ လှလှဝင်းဆိုတာ ပထမပုဂ္ဂလိကဘဏ်မှာရှယ်ရာအများဆုံးပိုင်ပြီး ငွေဖြူလုပ်တာမှာကူပေးတယ်။  ရှေ့နေလှလှဝင်း မန္တလေးမှာနေတဲ့ လိပ်စာက ဆီဆိုင်ဖွင့်ထားတယ် မန်းလေးလွှတ်တော်နားက ရေမြောင်းကပ်ရက်မှာလဲ ခြံရှိတယ်။ သန်းသန်းနွယ်က မန်းလေးလာရင် သူပိုင်တဲ့ ရေစစ်ကန်နားက အိမ်မှာနေတယ်။  စိုးဝင်းနဲ့သန်းသန်းနွယ် ပေါက်တဲ့ သားသမီးမရှိဘူး၊ သန်းသန်းနွယ်အရင်တရုတ်ယောကျာ်းနဲ့ရတဲ့ သား ၂ ယောက်ကိုပြန်မွေးစားထားတယ်။ မန္တလေးမှာ ဒေါ်သန်းသန်းနွယ်ရဲ့ သားနှစ်ယောက် နဲ့ ချွေးမ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုထားတာ။  မေမြို့ကနွယ်ဝတီဟိုတယ်ကလည်း စိုးဝင်းတို့ပိုင်တာ။  ဖားကန့်ကကျောက်ကုမ္ပဏီ စင်ကာပူကတိုက်ခန်းတွေ(တခြားစီးပွါးရေးရှိသလားတောင်မသိဘူး)  မန္တလေးကခြံ/အိမ်ပိုင်ဆိုင်မှုတွေ မေမြို့ကနွယ်ဝတီဟိုတယ်  ဒါတွေအ

​အာဏာရှင်ဟောင်းနေဝင်းမြေး ပိုင်ဆိုင်သည့်YBSယာဉ် ဗုံးခွဲခံရ

Image
ရန်ကုန်၊ မတ် ၁၁ လူငယ့်ခေတ် အာဏာရှင်ဟောင်းဦးနေဝင်း၏မြေး ကျော်နေဝင်းပိုင်ဆိုင်သည့် Omni Focusကုမ္ပဏီလက်အောက်ရှိ YBSကားတစ်မှာ ယနေ့ ညနေပိုင်းတွင် ဗုံးခွဲခံရကြောင်း ဒေသခံများထံမှသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းပေါ် ၊ ရဲတပ်ရင်း (၉)အနီးရှိYBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် ခရီးသည်မပါဘဲရပ်ထားသည့် Omni Foucs YBS နံပတ် ၂၀ ယာဉ်တစ်စီးတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။ "လူအထိအခိုက်တော့ မရှိဘူးကြားတယ်။ ပေါက်ကွဲသံတော့ခပ်ဝေးဝေးကနေ ကြားရတယ်"ဟု လှိုင်သာယာမြို့နယ်၊ သမကုန်းအနီးနေထိုင်သူတစ်ဦးကပြောသည်။  လက်ရှိတွင် စစ်ကောင်စီတပ်များ ရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ကားအချို့အား တားဆီး စစ်ဆေးနေကြောင်းသိရသည်။ အဆိုပါ Omni Focusပိုင် YBS ကားမှာ ယခင်ကလည်း မီးရှို့ ဖျက်ဆီးခံရခြင်း၊ ဗုံးခွဲ တိုက်ခံရခြင်းနှစ်ကြိမ်ရှိခဲ့ကာ ယခုထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။ ဦးနေဝင်း၏မြေးများမှာ လက်ရှိ အကြမ်းဖက် အာဏာသိမ်းကောင်စီကို အားပေး ထောက်ခံနေသူများဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များအား အကြမ်းဖက်အဖွဲ့ဟု ထုတ်ဖော်စွပ်စွဲလေ့ရှိသည်။ စစ်ကောင်စီအား ထောက်ခံအားပေးနေသည့်အတွက် Omni Fo

ဥရောပပါလီမန်က NUG၊ CRPH နှင့် NUCC ကို ပြည်သူကိုယ်စားပြု ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြု

Image
ဥရောပ ပါလီမန်က NUG ၊ CRPH နှင့် NUCC ကို မြန်မာပြည်သူများ၏ ဒိမိုကရေစီဆန္ဒများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုထောက်ခံကြောင်း NUG လူအခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း ကပြောသည်။ "ရိုဟင်ဂျာနဲ့ ခရစ်ယာန်တွေအပါအဝင် လူမျိုးနဲ့ ဘာသာရေးအုပ်စုတွေအပေါ်  အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အဓိက အထောက်အထားပြု ဖော်ပြထားခဲ့ပါတယ်။ အရေးယူပိတ်မှုထဲမှာ ဗဟိုဘဏ် အပါအဝင် အခြားလုပ်ငန်းတွေကိုပါ ထည့်သွင်းဖို့ တောင်းဆိုထားပါတယ်။" ဟု ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပြောဆိုထားသည်။ အဆိုပါဆုံးဖြတ်ချက်ကို ဥရောပပါလီမန်မှ မတ်လ (၁၀)ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပလွှတ်တော်၏ ထုတ်ပြန်ချက်တွင်  NUCCကို အသိအမှတ်ပြု ထောက်ခံလာ ခြင်းသည် ထူးခြားချက်ဖြစ်ကြောင်းလည်း ဉီးအောင်မျိုးမင်းက သုံးသပ်သည်။  စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေအကျဉ်းသား အားလုံးကိုလွှတ်ပေးရန်လည်း ဥရောပ ပါလီမန်တွင် ထပ်မံတောင်းဆိုတားကြောင်းလ

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

Image
​ SP နော် SP ဒို့ပြည်သူတွေညီရဲ့လားဟေ့ ရုံတင်မယ့်ကားတွေမှာပါမယ့်သူတွေကလဲ ကြောင်စည်သူနဲ့ဇိုးပြတ်သူစါ မိုးကြံဖွန်နဲ့ဖင့်အသနီလောင် ဇိုင်ဇိုင်းနဲ့မီးပူမ မကြည့်ဖူး ဦးကွန်းဆဲလိမ့်မယ် 

အရှုံးမပေးနဲ့မိငယ်

Image
နေဝင်းခေတ်ထဲက ပြည်နယ်တွေကိုပဲ အာရုံထားခဲ့တာ၊ တိုင်းတွေကိုက သမဝါယမ လောက်ဆိုရပြီ၊ တိုင်းတွေကြွလာမယ်လို့ မအလရော နိုင်ငံရေးသုတေသီ တွေပါမထင်ခဲ့တာ၊ ၈၈တုံးက ABSDF&NCGUB လိုမျိူးနဲ့ပြီးသွားမယ်ထင်ပြီး အာဏာသိမ်းတာ အခုတော့ L**တွေဖြစ်ကုန်ပြီ မဟုတ်လား မင်းအောင်လှိုင်၊ တိုင်းပြည်ပါပျက်ရော ဟိုပုံပြင်လိုပေါ့ ငန်းကြီးကရွှေဥတနေ့တလုံးဥပေးတာ အားမရလို့ဗိုက်ဖေါက်ယူတဲ့ လူလိုမျိူးပဲ အခုလဲသူသိနေပါပြီ၊ သူဘာလုပ်ရမှန်းမသိတော့ဖူး၊ NLDကိုအပြတ်ဖြတ်တဲ့ဗျူဟာကို ဝှက်ဖဲပုံစံသုံးနေတယ်၊ နိုင်ငံတကာကတွေ့ချင်တယ်ဆိုရင် အကြမ်းဖက်တို့ ရာဇဝတ်တို့မို့လို့ ပေးမတွေ့ဖူး၊ တွေ့ချင်ရင်သူတို့ကိုအစိုးရအဖြစ် အသိအမှတ်အရင်ဆုံးပြုခိုင်းချင် နေတာ၊ တလရသမားတွေဟာကိုလိုနီစနစ် ကလွတ်ဖိူ့ ၁၀၃နှစ်လောက် ဝါယမ ထုတ်ခဲ့ရတယ် အုံကြွမှု တလရမှာပါဝင်လာမှုမှာ PDF က အရှိန်အားဖြင့်အဆပေါင်း များစွာပိုမြန်တာတွေ့ရတယ်၊ PDFဆိုတာဖြစ်လာဖို့ လွယ်တဲ့ကိစ္စ မဟုတ်ဖူး ဘယ်သူမှမထင်ထားတာ ကြီးကိုအောင်မြင်ခဲ့တာ၊ ဆက်ထိန်းထားဖို့ ခင်ဗျားရော ကျူပ်ပါ *တာဝန်ရှိတယ်။

ဆဲ ပြီ လေ

Image

မအလကိုကြိမ်စာတိုက်ပွဲလို့ပြောရင်လာဖမ်းမှာပေါ့

Image
လျှပ်စစ်နတ်မင်းကြီးကိုမေတ္တာပို့အမျှဝေပါတယ် ဘာညာနဲ့အစချီ  မီးဖျက်တဲ့စေတန်ကို နောက်ဆုံးမှာကြိမ်စာတိုက် ဆန္ဒဆိုတာပြတတ်ဖို့ပဲလိုတာ

တက်တက်ခံ ရာထူး စလောင်းဖုံးမ ရရှိ

Image
​ နွားသိုး သည်,နန်းတော်ထဲသို့ ဝင်ရောက်နိုင်သဖြင့် ဘုရင်မဖြစ်နိုင်၊ နန်းတော်သည်သာနွားတင်းကုတ်ဖြစ်သွားမည်။  #Sedef Kabas ( တူရကီစာရေးဆရာမ).. crd: KKMM မပြီးသေးဖူး အဲ့နွားသိုးက  တက်တက်ထိုင် ကို တက်တက်ခံ ရာထူးထပ်ပေးလို့ ကြူခေါမ ပေါက်ကွဲနေတယ်လို့ 🍉သတင်းထွက်

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

Image
ဒီကနေ့ ဥရောပပါလီမန်မှာ မြန်မာ့အရေးဆွေးနွေးကြရာမှာ ပါလီမန်အမတ်အများစုက မြန်မာနဲ့ ယူကရိန်းကို ယှဥ်တွဲပြောသွားကြပါတယ်။ အဲဒီလို ယှဥ်တွဲပြောသွားတဲ့အထဲမှာ ဆွီဒင်နိုင်ငံက ဥရောပပါလီမန်အမျိုးသမီးအမတ် Evin Incir ရဲ့တင်ပြ​ဆွေးနွေးချက်ကို ပါလီမန်အမတ်အများစုက အားရထောက်ခံခဲ့ကြတာတွေ့ရပါတယ်။ Evin Incir ဆွေးနွေးချက်အကျဥ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပေးဆပ်မှုတွေနဲ့ ခက်ခက်ခဲခဲကျိုးစားတည်ဆောက်ခဲ့ရတဲ့ ဒီမိုကရေစီတိုးတက်ပွင့်လင်းမှုတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကုန်ပျက်စီးပျောက်ဆုံးသွားရပါတယ်။  ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲ ခံစားနေရချိန်မှာ ကျမတို့က ဘေးကနေ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဘေးကနေ စောင့်ကြည့်လေ့လာသူတွေ လုပ်လို့မရပါဘူး။ နိုင်ငံတကာဥပဒေတွေချို့းဖေါက်နေတာကို ဘေးကနေ ထိုင်လေ့လာနေလို့ ပြောနေလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပြောနေရတာက မြန်မာပြည်သူတွေရဲ့အသက်တွေ ဘ၀တွေပါ၊ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေတဲ့ အလွှာစုံက လူတွေ အရေအတွက်ကလည်း တနေ့တခြားတိုးနေပါတယ်။ လူဦးရေ ၁၄သန်းကျော်ဟာ အရေးပေါ် အကူအညီလိုနေတယ်လို့ UN က ပြောထားပြီးပါပြီ။ အများစုဟာ အမျိုးသမီးတွေနဲ့ကလေ

အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူး

Image
​ မီးတွေ အရမ်းပျက်တယ်ဗျာ။ ဘာမှကို လုပ်လို့ ကိုင်လို့လဲမရဘူး။ ကုန်ဈေးနှုန်းတွေကလဲ ကြီးလိုက်တာမှအရမ်းပဲ။ စီး ပွားတွေလဲပျက်နေပြီတဲ့ မိတ်ဆွေတယောက်ကညည်းတယ်။ တိုင်းပြည်က တနှစ်အတွင်းကို ဖရိုဖရဲဖြစ်သွားရှာတယ်။ တခြားနိုင်ငံတွေ ကိုဗစ်ကနေ ပြန်ရုန်းထပြီး နောက်တဆင့်ကို လှမ်းတက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်တိုင်းပြည်က အရာရာ မှာ အနောက်ကို  ဘတ်ဂီယာထိုးပြီး  တွင်းနက်နက်ထဲကို ပြန်ဆင်းသွားတယ်။ အခြေခံ စီးပွားရေး အဆောက်အအုံက ပျက်နေပြီ။ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ မပြောနဲ့ ........  နိူင်ငံတနိူင်ငံအနေနဲ့ အခြေခံလည်ပတ်ဖို့တောင်ခက်နေပြီလို့မြင်တယ်။ဒါကြောင့် လဲ failed State ဖြစ်မယ်လို့ ပြောခဲ့ကြတာပေါ့။ ပျက်တဲ့ အပျက်က ကြီးလွန်းတယ်။ အခုထက်  အခြေအနေတွေပိုဆိုးလာဖို့ပဲရှိတယ်၊ နိုင်ငံတနိုင်ငံပျက်တယ်ဆိုတာရုတ် တရက်ကြီး ပြိုပျက်သွားတာမျိုး မဟုတ်ဘူး။ အဘက်ဘက်ကနေ တအိအိ ပြိုဆင်းလာရင်း နောက်ဆုံး ချွတ်ခြုံကျသွား တာမျိုးပါ။ တိုင်းပြည်ပျက်တယ်သာပြောတယ်။ တို့တွေနေလို့ရနေတာပဲလို့စဉ်းစားကောင်းစဉ်းစားကြလိမ့်မယ်။ လူဆို တာကတော့ သဘာဝအခြေအနေမှာတောင် နေနိုင်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချွတ်ခြုံကျတာက သိသာလာလိမ့်မယ်။ 

နယ်မြေပိုင်စိုးသူ

Image
​နယ်မြေပိုင်စိုးသူကအစိုးရဖြစ်တယ်တဲ့ မအလတွေ မြေဩဇာဖြစ်တာအနည်းဆုံး ၁၂၀၀၀ 🍉တွေကလဲဒင်းကြမ်းပဲ အစိုးရအစစ်က ပြည်သူ့လက်ထဲမှာ သစ်ငုတ်တောင်ဖြေးဖြေးချင်းနှဲ့ရင် ကျွတ်ထွက်သေးတာပဲ မအလတွေက ဘာသားနဲ့ထုထားတာမှတ်လို့ (ဖေ့ဘွတ်ပေါ်တင်ရေးရင်အပိတ်ခံရလွန်းလို့ ကိုယ်ပိုင်တဲ့စာမျက်နှာမှာတက်ရေးတာ😏) စကားမစပ် မထက်ကနာမည်ခေါ်ပေးလား😅

ဘီလာရုစ်က လက်နက် မြန်မာတပ်အတွက် ပွဲစားလုပ်သူကို ဖော်ထုတ်

Image
Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။ စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ) 2022-03-09 ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ရေးပြပျံသန်းနေသည့် ရဟတ်ယာဉ်များကို တွေ့ရစဉ်။   Photo: AFP ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နှိမ်နင်းဖို့ လေကြောင်းက တပ်ကူပေးတဲ့အခါ သုံးတဲ့ ရုရှားနိုင်ငံလုပ် Mi17 တိုက်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို Dynasty International ကုမ္ပဏီက မြန်မာလေတပ်အတွက် တင်သွင်းပါတယ်။ မနှစ်က ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီး နောက်တစ်လအကြာ မတ်လမှာ ရုရှားအခြေစိုက် Ural Avia ကုမ္ပဏီကနေ Dynasty International က ဒီ Mi17 အပိုပစ္စည်းတွေကို ဝယ်ယူတင်သွင်းတယ်လ

အကြမ်းဖက်စစ်တပ်က ဓာတု လက်နက်သုံးပြီးတိုက်ခိုက်နေ သည်ဟု သံသယဖြစ်ဖွယ်သေဆုံးသူများ

Image
​ စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က ဓါတုလက်နက်အသုံးပြု​နေဟု ​PDFများ​ပြော —People's Spring အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦး၊ ယင်းမာပင် မြို့နယ်များတွင် ​ဒေသခံကာကွယ်​ရေးတပ်များကို တိုက်ခိုက်ရာတွင် ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်နေသည်ဟု တော်လှန်​ရေးအဖွဲ့ အချို့ကထုတ်ပြန်သည်။  ဓာတု လက်နက်ကြောင့် ထိခိုက်ရသူ များသည် အလင်းဒဏ်မခံနိုင်ဖြစ်ကာ မျက် လုံးမဖွင့်နိုင်ဘဲ ဖြစ်ရသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။ ကိုယ်​တွေ့ကြုံခဲ့​သော PDF အချို့ကမူ ထိုက်လက်နက်ကျည်ကျ​သော​နေရာသို့ ဖြတ်သန်းသွားလျှင်အားအင်ကုန်ခမ်း လာပြီး မျက်ခွံများ​လေးလံလာကာ အိပ်ချင်လာသလို ၊ အ​ငွေ့ရှုမိသူများမှာ စက္ကန့် အတန်ကြာ မလှုပ်နိုင်ဘဲ သတိ့လက်လွတ်ဖြစ်ကုန်သိ့ဟု​ပြောကြသည်။ "စခတွေဟာ လျှပ်တပြတ် အငိုက်မှာ ဓာတု လက်နက်တွေ အသုံးပြုနေပါတယ်"ဟု   ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ယင်းမာပင် မြို့နယ်တွင် မတ်လ ၈ ရက်တိုက်ပွဲ၌ စစ်​ကောင်စီတပ်က ဓါတုလက်နက်အသုံပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ​ပြောသည်။ "ကျွန်တော်က သူတို့နဲ့ထိပ်တိုက် တွေ့တဲ့နေရာမှာ

Social Punishments ကို L*** လို လုပ်နေကြတာ

Image
​ မပြောရင် မသိလို့ ပြောပြရဦးမယ်။  ပြီးခဲ့တဲ့ရက်က 505ကို ခံဝန်မထိုးဘဲ ဆက်တော်လှန်နေတဲ့ နာမည်ကြီးတော်လှန်ရေးမင်းသမီးတစ်ယောက် ဖုန်းဆက်လာတယ်။ မမကို အိမ်က အဆက်အသွယ်ဖြတ်လိုက်ပြီ ညီမရယ်တဲ့။ စကားပြောနေရင်း ထိန်းမရစွာ ငိုချလိုက်တယ်။ ကိုယ်လည်း အားပေးဖို့ ကြိုးစားပေမယ့် သူ့ငိုသံကြားတော့ စိတ်ထိန်းမရဘဲ ငိုမိတယ်။ နယ်စပ်မှာ ပြည်ပထွက်ခွင့်မရသေးတဲ့ နာမည်ကြီး Single Father အဆိုတော်တစ်ယောက်လည်း ကလေးနှစ်ယောက်နဲ့ ခက်ခဲနေရတယ်။ ကလေးတွေ ကျောင်းတက်ခွင့်မရရှာလို့ သူ့မှာ စိတ်ဆင်းရဲနေရတယ်။ သူဌေးတွေ မဟုတ်တော့ ငွေကြေးပြသနာကအစပေါ့။  US ရောက်လာတဲ့ အဆိုတော် လင်မယားနှစ်ယောက်ဆို ကလေးသုံးယောက်နဲ့ တိုင်ပတ်နေတယ်။ မြန်မာပြည်မှာ ကလေးထိန်းတွေ အခြွေအရံတွေနဲ့ နေခဲ့တဲ့ ကလေးသုံးယောက်ကို ဝေယျာဝစ္စလုပ်ရင်းနဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေရရှာတယ်။ သီချင်းဆိုဖို့ ကြိုးစားပေမယ့် မိသားစုဝင်တွေ ဓါးဆာခံဖြစ်နေတဲ့အတွက် ဘာမှလုပ်လို့မရပြန်ဘူး။  နောက်ထပ် ကလေးလသားလေးနဲ့ အဆိုတော်တစ်ယောက်လည်း တစ်လ 1500 နဲ့ ဆူရှီအသင်အဖြစ် လိပ်နေရတယ်။ နာမည်ကြီး ပညာသည်ဆရာတစ်ယောက်က အသားစက်ရုံမှာ ဝက်သားလှီးနေရတယ်။ မြန်မာပြည်မှာ နာမည်ကြီးဆယ်လီ၊အနုပညာရှင်၊ လုပ်ငန်းရှင်ကြီး

မွေးနေ့မှာ ထောင်၂နှစ်ချခံရတဲ့၈၈မျိူးဆက်ကိုမြအေး

Image
(အာဏာခိုးတဲ့နေ့မနက်မှာအဖမ်းခံရတာ ဘယ်လို ၅၀၅နဲ့ညှိတာလဲ ခေါင်းကြီးတို့) 👇👇👇👇👇👇👇👇 ဒီနေ့ အဖေ ဦးမြအေးကို ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂နှစ်ဆိုပြီးအမိန့်ချလိုက်ပါပြီ။ ဒီနေ့က အဖေ့ရဲ့ ၅၆နှစ်မြောက်မွေးနေ့ဖြစ်သလို၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁နှစ်၊ ၁လ နဲ့ ၁၀ရက်ကြာခဲ့တဲ့နေ့လဲဖြစ်တယ်။ စစ်ခုံရုံးနဲ့အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲကတရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့အမိန့်ချလိုက်တာပါ။ မိသားစုဝင်တွေအနေနဲ့ ဘာသတင်းအတွက်မဆို ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီနေ့တော့ ဒေါသလဲထွက်တယ်၊ စိတ်လဲမကောင်းဘူး။  အမေချက်တဲ့ ဟင်း၊ထမင်းတွေကို အရမ်းကြိုက်တဲ့ အဖေ့ကို အဖေ့မွေးနေ့မှာ အိမ်ဟင်း၊ အိမ်ထမင်းကို မိသားစု စုံစုံလင်လင်နဲ့ စားစေချင်တယ်။ စီးကရက်တစ်ဗူး နဲ့ ကော်ဖီခွက်ကိုဘေးချပြီး အိမ်ရှေ့ခန်းမှာ ဂစ်တာတီးပြီး သီချင်းတွေရေး၊ သီချင်းတွေဆိုတာတွေ့ချင်တယ်။  “ဒယ်ဒီသီချင်းတွေက ဒိတ်အောက်နေပြီ” လို့ ပြောရင် ရယ်ပြီး “ဝေနှင်းတို့က ဘာမှလဲမသိပါဘူး” ဆိုပြီး အဖေ့မွေးနေ့မှာလဲ ရယ်မောအငြင်းပွါးချင်တယ်။  အဖေက အလှူအတန်းလဲအရမ်းအားသန်တော့ ဒီနေ့လိုနေ့မျိုးမှာ သူအပြင်မှာသာရှိရင်ဆိုပြီးစဉ်းစားတမ်းတနေမှာအမှန်ပဲ။ အခုတော့ အင်းစိန်ထောင်ထဲ မိသာ

ယူကရိန်း စစ်ပွဲ ပြီးတော့မှာလား ...

Image
ပို ဆိုးလာနိုင်လား .... ယူကရိန်း သမ္မတက ရုရှားဖက်က တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာထားတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်ကို အသိအမှတ်ပြုမယ်၊ နေတိုးအုပ်စုထဲ အဖွဲ့ဝင်မယ့်ကိစ္စကနေ နောက်ပြန်ဆုတ်မယ်တဲ့ .. (အီးယူအဖွဲ့ဝင် အဖြစ်တော့ ရသွားနိုင်တယ်)   ဒီ တောင်းဆိုချက်ကလည်း  သူ့သဘောနဲ့သူ ထွက်လာပုံမရဘူး၊ တရုတ်  အစ္စရေးလ် နဲ့ အနောက်အုပ်စုရဲ့ အကြံပေး ချက်တွေ အများကြီး ပါပုံ ရပါတယ်။ တရုတ်ကတော့ နှစ်ဖက်တပ်တွေ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်ရေးတဲ့ ... ဒီ အပေးအယူကို ရုရှားက လက်ခံမယ်ဆိုရင်  ရုရှားတပ်တွေက ယူကရိန်းနိုင်ငံထဲက  ရုရှားအများစုနေတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေအတွက် ယခုအချိန်ထိ ရုရှားစစ်သည် ၂ သောင်းကျော် အသေခံ တိုက်ပေးခဲ့ပါတယ် ဆိုပြီး နောင်တစ်ချိန် ပေါ်လစီစစ်ကားတွေ ရိုက်ပြနေမလား  မပြောတတ်ဘူး။ ပူတင်း အတွက်  ခရိုင်မီယာကျွန်း၊ ဒွန်ညှပ်နဲ့  လူဟန် ဒေသတွေ ရမယ်။  ယူကရိန်း နေတိုးထဲ မပါလို့၊ သူ့နံဘေးမှာ နေတိုးတပ် မရောက်လာဘူးပေါ့။ ဒီအဆင့်ကို  ပူတင်း လက်မခံဘူးဆိုရင်တော့ Mig 29 တိုက်လေယာဉ် အစီး ၆၀ လောက်  ယူကရိန်း ဝေဟင် ပိုင်နက်မှာ  ဘွားကနဲ ပေါ်လာမယ်၊  အမေရိကန်နဲ့ မက်ဆီကို နယ်စပ်အတွက်  စ အသုံးပြုတော့မယ့် စ

​ဆောတွင် စစ်တပ်ကို PDF-ဆော နှင့် မဟာမိတ်အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်း သေဆုံး၊ ဒေသခံများ သပြေပန်းများဖြင့် ကြိုဆို

Image
ရန်ကုန်၊မတ် ၁၀ ခေတ်သစ် မကွေးတိုင်း၊ ဆောမြိုန့ယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ ၈ ရက်နှင့် ၉ ရက်တွင် ဝိုင်းဝန်းတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း PDF - ဆော က သတင်းထုတ် ပြန်သည်။ အင်အား ၁၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်တွင် ဆောမှ ကျောက်ထုဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။ အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဒေသခံများက 'PDF များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ' ဟု ကြွေးကြော်ပြီး သပြေပန်းများနှင့် ကြိုဆိုကာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

ဒီကနေ့ မနက်ပိုင်းမှာ ဒီးမော့ဆိုကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ၆ကြိမ် လာရောက်ဗုံးကျဲခဲ့

Image
​ ကန္တာရဝတီတိုင်း(မ်)  ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ဒီကနေ့ မတ်လ ၁၀ရက်နေ့ မနက် ၆နာရီ၁၉မိနစ်အချိန်မှာ လာရောက်ဗုံးကျဲခဲ့ပြီး ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။  နာရီဝက်ခန့်ကြာအောင် လေယာဉ် တွေပေါ်ကနေ ဗုံးဖြင့် ၆ကြိမ်တိုင် လာရောက်ဗုံးကျဲချခဲ့ပြီး ဒေါငံခါးမှာရှိတဲ့ သီလရှင်ကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။  “ ဒီမနက် ၆နာရီ ၁၉ကနေ ၄၂မိနစ်ဝန်းကျင်အထိ အဲ့ဒီအတောအတွင်း သူတို့ တစ်ကြိမ်နှစ်ကြိမ် လက်နက်ငယ်နဲ့ ပါပါပစ်တယ်ပေါ့လေ။ ကျနော်တို့ နေရာအတိအကျတော့ ကျနော်တို့ ပြောရခက်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တောင်ပေါ်ကနေပဲ ကြည့်နေရတယ်လေ။ တချို့လူတွေတော့ တင်ထားတာရှိတယ်ကော။ ဒေါငံခါးရပ်ကွက်မှာလား။ “ လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာစစ်ကောင်စီတပ်တွေဘက်က ထိခိုက်မှုများတာကြောင့် လေကြောင်းအသုံးပြု တိုက်ခိုက်လေ့ရှိတာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ ရန်သူ့ပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို မခွဲခြားပဲတိုက်ခိုက်လာကြတယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ “လေယာဉ်ပစ်တယ် တိုက်ခိုက်တာက ပြဿနာမရှိပေမယ့် ရန်သ

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

Image
​ အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း #အေးခဲစားသောက်ကုန်လုပ်ငန်း #MilitaryCoupInMyanmar #DeltaNewsAgency ရန်ကုန်မြို့တော်အတွင်း အေးခဲထားသိုရတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။ ရေခဲမုန့်၊ ရေခဲချောင်း၊ အဖျော်ယမကာ၊ ငါးပုစွန်အေးခဲလုပ်ငန်းစတာတွေဟာ လျှပ်စစ်မီးမရခြင်းနဲ့ လောင်စာဆီ ဈေးကြီးတာကြောင့် ရပ်ဆိုင်းနေကြပြီလို့ လှိုင်မြို့နယ်၊ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။ ‘ကျွန်မဆိုင်တွေကို အအေးနဲ့ပတ်သက်တာ ဘယ်သူမှလည်းလာမပို့တော့ဘူး။ ကျွန်မတို့လည်း မီးစက်ဆီဖိုး မတတ်နိုင်လို့ လာပို့လည်း မရောင်းတော့ဘူး။ မင်းအောင်လှိုင်လက်ထက် မီးပျက်တာ မဆလခေတ်ထက်ဆိုးနေပြီ’ လို့ သူက ပြောပါတယ်။ ရန်ကုန်မြို့တော်အတွင်း စံချိန်တင်မီးပျက်နေသလို ရန်ကုန်စက်မှုဇုန်တွေထဲ လျှပ်စစ်မီးလာတဲ့အချိန်တွေမှာလည်း ဝပ်အားမပြည့်တဲ့အတွက် အအေးခန်းစက်ရုံတွေ ရပ်နားထားရကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံအရာရှိတစ်ဦးက ပြောပါတယ်။ ‘ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ။ ရေခဲစက်တွေကျတော့ ငါးပုစွန် ရေခဲရိုက်တာတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေသုံးနေရတော့ ဆက်လည