ကောင်းမှုတော်စေတီမှ စည်တော်ကို ဖယ်ရှားရန် စစ်ကောင်စီ ကြိုးပမ်း ဇော်ရဲသွေး Published on Mar 12, 2022 Myanmar Now အာဏာသိမ်းဗိုလ်ချုပ်ကြီးများကြောင့် အပြောင်းအလဲများစွာ ဆက်တိုက်ပေါ်ပေါက်နေရာ များမကြာမီ ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုမှာ နာမည်ကျော်စေတီတစ်ဆူနှင့် ပတ်သက်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က စစ်ကိုင်းမြို့အနီး ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ ပရိဝုဏ်အတွင်း တည်ထားခဲ့သော စည်ကြီးတစ်လုံးကို ဖြုတ်ချဖယ်ရှားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။ ပန်းပုဆရာတစ်ဦးက ကမ္ဘာ့အကြီးဆုံး ဖြစ်ဖွယ်ရှိသော သစ်တစ်လုံးထွင်းစည်ကြီးကို သီတဂူဆရာတော် ဦးဉာဏိဿရ၏ ၈၂ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ထွင်းထုလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဆရာတော်က ထိုစည်ကို မဟာဘေရီ ခေါ် အဓိကဒုန္ဒုဘ စည်တော်ကြီးဟု အမည်တပ်ခဲ့ပြီး ကောင်းမှုတော်စေတီ၏ အနောက်တောင်ထောင့်တွင် ညောင်ရမ်းခေတ်ပုံစံ အဆောက်အအုံတစ်ခုဆောက်လုပ်၍ ၂၀၁၉ မတ် ၁၉ တွင် ထားရှိခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက ထိုစည်ကို ဖြုတ်ချ၍ အလှူရှင်နေထိုင်ရာ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်သို့ ပို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အင်းတော်မြို့နယ်၏ မြို့နယ်ကောင်စ