ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုPDFတိုက်ခိုက် သုံးဦးသေ၊ လေးဥဦးဒဏ်ရာပြင်းထန်ဟုဆိ
ကျော်ဇော/People's Spring ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝေါမြို့နယ် ပ.က.ဖ မှတော်လှန်ရေးရဲဘော်များက 'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေ သခွဲက ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် ရာအိမ်မှူးတစ်ဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သပ်၍ ပဲခူးတိုင်းစစ်ဒေသခွဲကို မေးမြန်ရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပါ။ "ဝင်ပစ်ခံရတဲ့နေရာက ဝေါမြို့ထဲမှာပဲ။ ဝေါတံတားအဆင်းနားက လမ်းဆုံဂိတ်ကို ဝ