ဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင်
ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မတ်လ ၁၈ ရက် နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိခဲ့စဉ် ရွှေဥ မင်သဘာ၀ လှိုဏ်ဂူဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင် ဓာတ်ပုံရိုက်ကူး ဝါဒ ဖြန့် ခဲ့ကြောင်း ဘုရားဖူး ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်းသည် ရှမ်းပြည်နယ် ပင်းတယမြို့သို့ သွားရောက်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ရွှေဥမင် သဘာ၀ လှိုဏ်ဂူ ဘုရားကိုလည်း သွားရောက်စဉ် ဘုရားဖူးပြည်သူများကို ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းနောက်စိုးဝင်းက သူ့ကို ပြည်သူများက နှုတ်ဆက်နေသည့်ပုံစံမျိုး လိုက် လံနှုတ်ပြီး ဝါဒဖြန့် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။ "ဘုရားကလည်း ရွှေဥမင် သဘာ၀ လှိုဏ်ဂူဘုရားဆိုတော့ ဂူဘုရားပုံစံ။ ဝင် ပေါက် ထွက်ပေါက်ပဲရှိတာကို စစ်သားတွေနဲ့ ပိတ်လိုက်တယ်။ အထဲက ပြည်သူ ကလည်း ထွက်မရ၊ အပြင်ကလူကလည်း ဝင်မရတဲ့အခြေအနေမှာ စိုးဝင်းက ဝင်လာပြီး သူ့ကိုပဲ နှုတ်ဆက်သလိုလို လုပ်တယ်" ဟု ဘုရားဖူးပြည်သူတစ်ဦးက