ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထက်တန်း အကြံပေး ဒဲရက် ရှိုလက်သည် မကြာမီ က ပြီးဆုံးသွားခဲ့သော ထိုင်း နှင့် အင်ဒိုနီးရှား ခရီးစဉ် အပြီး ဝါရှင်တန် တွင် RFA မှ တွေ့ဆုံမေးမြန်း ခဲ့စဉ် အတွင်း BURMA ACT နှင့် စပ်လျှင်းပြီး ယခုလို ရှင်းလင်းသွားခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေ ပါ အကြောင်းအရာတွေ နေ့စဉ် နဲ့ အမျှ အကောင်အထည် ဖေါ် လုပ်ဆောင်နေပါတယ်။ မြန်မာ နိုင်ငံကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးနေတာ အများဆုံး မဟုတ်တောင်၊ အများဆုံး ပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါနေပါတယ်၊ ဒီလို အကူ အညီတွေ ပေးနိုင်ဖို့ ရန်ကုန် မှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးကတဆင့် အင်တိုက်အားတိုက် လုပ်နေတဲ့ အပြင်၊ အသက်အန္တရာယ် မထိခိုက်စေမယ့် အကူ အညီမျိုး တွေကိုလည်း တော်လှန်ရေး အုပ်စု တွေကို ပံ့ပိုးပေးနေပါတယ်၊ ဒီနေရာမှာ စီမံချက်ရေးဆွဲတာတို့၊ ဘတ်ဂျက် နှင့် စီမံခန့်ခွဲမှု အပိုင်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့် အာဏာသိမ်း အဖွဲ့ရဲ့ ထိန်းချုပ်မှု ပြင်ပ မှာ ရှိနေတဲ့ ၅၀ ရာနှုန်းကျော် ရှိနေတဲ့ ဒေသတွေ မှာ ဖြစ်ပါတယ်။ ဒါကလည်း Burma ACT မှာ ပါတဲ့ အတွက် အခုလို ပံ့ပိုးပေးနိုင်တာ ဖြစ်လို့ အလွန် အရေးပါ ပါတယ်လို့ ပြောချင်ပါတယ်၊ ဒါ့အပြင်