နောင်နောင်/မဇ္ဈိမ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားသည်။ ငွေတိုက်စာချုပ်ဆိုတာဘာလဲ ငွေတိုက်စာချုပ် (ချေးငွေစာချုပ်) များကို နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်က ငွေကြေးလိုအပ်သည့်အချိန်တွင် ငွေတိုက်စာချုပ်များကို ပြည်သူများအား ထုတ်ရောင်းကာ ပြည်သူများထံက ချေးငွေယူသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စာချုပ်ပါ သတ်မှတ်ကာလ ပြည့်ပါက ထိုစာချုပ်တန်ဖိုးကို အစိုးရက ပြန်လည်ပေးချေရသည်။ ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကမ္ဘာစစ်အသုံးစရိတ် ပြင်ဆင်ရန်အတွက် အစိုးရက ပြည်သူ့ထံမှ ငွေချေးယူသည့်သဘောဖြင့် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းလေ့ရှိပြီး NUG အစိုးရက တော်လှန်ရေးကာလ အတွက် ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းသည် ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်သည်။ “အခုလိုမျိုး တော်လှန်ရေးကာလ အထူးငွေတိုက်စာချုပ်များကို ထုတ်ဝေရောင်းချရခြင်းက NUG အစ