မူးယစ်ဆေးဝါးများကို ပို့ခယူပြီးနေပြည်တော်သယ်လာသော ဗိုလ်မှူးနှင့်ဗိုလ်ကြီးလမ်းတွင် ဖမ်းဆီးခံရ
—People's Spring စစ်ကောင်စီတပ်မှ ဗိုလ်မှုးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့က ရှမ်းပြည်နယ်ဘက်မှ မူးယစ်ကုန်သည်တစ်ဦးထံမှ စိတ်ကြွဆေးပြား၁၀သိန်းနီးပါးကိုအခကြေးငွေယူ၍ နေပြည်တော်သို့ပို့ဆောင်ပေးရန် ကြိုးစားစဉ် လမ်းခုလတ်၌ စစ်ကောင်စီတပ်ဖွဲ့ချင်း ဖမ်းဆီးခံခဲ့ရသည်။ စစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်၊တပ်ကုန်းမှ ဗိုလ်မှူးစံမင်းထွန်း (ကြည်း ၄၀၄၉၃)နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုး (ကြည်း ၅၆၁၅၇)ကို ပင်လောင်း- နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင် Honda Fit ယာဉ်နံမှတ် 1K-8755 ကားဖြင့် ကားနောက်ခန်းနှင့်အလယ်ထိုင်ခုံကြားတွင် စက္ကူဂျပ်ဖာဖြင့်သယ်ဆောင်လာသောW နင့် R စာတမ်းပါ ပန်ရောင်စီတ်ကြွဆေးပြား ၁၀ သိန်း ကာလတန်ဖိုး ကျပ် ၄၉၀၀ ရှိသောဆေးပြားများကိုဖမ်းမိခြင်းဖြစ်သည်။ " စံမင်းထွန်းနဲ့ ကျော်ပြည့်ဖြိုးက စိတ်ကြွဆေးပြား ဆယ်သိန်းကို ကားနဲ့သယ်လာတာ။ဖမ်းမိတဲ့နောက် ရေတွက်ရင်း ပျက်တာ ဘာညာနဲ့ ကိုးသိန်ရှစ်သောင်းပြတာ။ဒီကောင်တွေ သိန်း၅၀နဲ့ နေပြည်တော်အရောက်သယ်ပေးတာ" ဟု စစ်ကောင်စီဘက်က သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ဖေဖော်ဝါရီ ၂၅ရက်နေ့လယ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အခင်းဖြစ်စဉ် မြေပြင်အခြေအနေကို စစ်ကောင်စီမှ