Posts

စစ်တပ်ကို ကမ္ဘာနိုင်ငံအသီးသီးက အရေးယူဒဏ်ခက်ပေးဖို့ တောင်းဆို

Image
မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကနေဒါအစိုးရအပြင် ကမ္ဘာနိုင်ငံအသီးသီးက အရေးယူဒဏ်ခက်ပေးဖို့ ကနေဒါရောက်မြန်မာတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တောင်း ဆိုလိုက်ပါတယ်။ #DVBTV #စစ်တပ် #အရေးယူဒဏ်ခက် #WhatsHappeningInMyanmar DVB TV - 11 12 2022

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

Image
Nov 26 မှာ ဟန်လေး(Miss Myanmar Hero)နှင့်အတူကျင်းပပြုလုပ်ခဲ့သောရံပုံငွေပွဲတော်မှလက်ခံရရှိခဲ့သောထောက်ပို့ငွေများနှင့်အလှူရှင်များစာရင်းဖြစ်ပါတယ် ထောက်ပို့ငွေစုစုပေါင်း $ ၈၂၅၀ ဖြစ်ပါတယ် အလှူရှင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်နောက်ထပ်လုပ်ဆောင်မယ့်ရံပုံငွေရှာပွဲများတွင်လည်းပူးပေါင်းပါဝင်ကြဘို့ကိုလည်းတိုက်တွန်းအပ်ပါသည်၊ အရေးတော်ပုံ အောင်တော့မည် 2021 Burmese Action Group(Vancouver)

ဒူဘိုင်းမှာ လူ အယောက်ပေါင်း ရာနဲ့ချီပြီးရောင်းစားခံထားပါတယ်

Image
ဒူဘိုင်းမှာ လူ အယောက်ပေါင်း ရာနဲ့ချီပြီးရောင်းစားခံထားပါတယ် ကရင် ချင်း ဗမာ တောသူမိန်းခလေးတွေဆိုတော့ ရိုးသားတော့မသိကြပါဘူး မြန်မာပြည်က အေးဂျင့်နဲ့ ဒူဘိုင်းကအေးဂျင့်နဲ့ပေါင်းပြီး ရောင်းစားတယ်လို့ သိရပါတယ် ရောင်းစားတဲ့ အေးဂျင့်နာမည်တွေက ၁ မကေသီမြင့် (နာမည်အရင်း) ၂ မမီးမီး (ခ) နော်သောစေး ၃ မလဲ့လဲ့ ၄ မသင်းသင်းဝေ ၅ ကိုမင်းမင်း (မကေသီမြင့် ယောကျာ်း) ၆ မကြည်ကြည်မြင့် ၇ မခင်လေး ၈ မနီလာ ၉ မစိုးစိုးချစ် ၁၀ မဇင်မာဖြိုး ၁၁ မမီးမီးလတ် ၁၂ ကိုဝင်းထွန်း ၁၃ မရီရီဝင်း ၁၄ မစိုးစိုးလွင် ၁၅ မဆွေဆွေမြင့် ၁၆ မလဲ့လဲ့ဝင်း ၁၇ ကိုသီဟ (မကေသီမြင့် မောင်) ၁၈ ကိုစိုင်းနောင် နာမည်မဖေါ်ပြနိုင်သေးတဲ့အေးဂျင့်တွေအများကြီးကျန်ပါသေးတယ် ရရင်ဆက်လက်ဖော်ပြပေးပါ့မယ် ဒူဘိုင်းမှာ ရောက်နေတဲ့ အေးဂျင့်ခေါင်းဆောင် မေဖုန်း (ခေါ်) မထက် (ခေါ်) မကေ (ခေါ်) ပတ်စပို့နာမည်အရင်းက ကေသီမြင့်ဖြစ်ပါတယ် ဒူဘိုင်းမှာ အလုပ်လုပ်ရမယ်ဆိုရင် မသွားကြပါနဲ့ 99% ကရောင်းစားခံရဖို့များပါတယ် ဒူဘိုင်းရောက်တာနဲ့ ပတ်စပို့စာအုပ်တွေအကုန်သိမ်းပြီး ရောင်းစားလိုက်တာပါ ဝယ်သူက တိုက်ပိတ်ထားပါတယ် ထမင်းတောင်နပ်မှန်အောင်မစားရပါဘူး ဝယ်မည့်သူကို ဗီဒီယိုကောနဲ့ ကြည့်

Live sale မှာလက်ဆောင်ရခဲ့တဲ့ပိုပို

ရှောင်တန်နဲလ်၏ အင်တာဗျုးကြောင့် အရှက်ကွဲပြီးရင်း ကွဲလာနေသော စစ်‌ဗိုလ်ချုပ်များ

Image
  Frontier Myanmar  Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။ A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား‌ တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။  ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ‌ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။ နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်‌လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့  ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။ Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။ A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထ

အဘယ်ကြောင့်နည်း

Image
 By Hla Soewai မင်းအောင်လှိုင်သည် သူ၏ ရွေးကောက်ပွဲအား အာဆီယံ အပါအဝင် မည်သူမျှ အသိအမှတ် ပြုမည် မဟုတ်ပဲ ဒီပုံစံ အတိုင်း ဆက်လုပ်မည် ဆိုက လက်ရှိ အပါယ်ခံ ဘဝ မှာပင် ဆက်ရှိနေမည် ဆိုသည်ကို ကောင်းစွာ ရိပ်စားမိနေပြီ ဖြစ်၍ သူရွေးကောက်ပွဲ လုပ်မည် ကို နိုင်ငံတော် အတိုင်ပင်ခံ မှ ထောက်ခံလာရန် ပါတီမှ ကိုယ်ကျိုးရှာ turncoat သစ္စာဖောက်များ နှင့် တွေ့ခွင့်ပြုခဲ့သည်ဟု ဧရာဝတီမှ သတင်းအရင်းအမြစ်များအား ကိုးကား၍ ဖေါ်ပြလာသည်။ မင်းအောင်လှိုင်သည် တကယ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ထောက်ခံမှုပင် မလိုပဲ အမတ် ဖြစ်ချင်သူ NLD မှ ပုဂ္ဂိုလ်များအား ပါတီ အမည်ခံပြီး ဝင်ပြိုင်ခိုင်း၍ ရသော်လည်း၊ ထိုသို့ လုပ်ပါက သူ၏ ရွေးကောက်ပွဲသည် အလိမ်အညာ အဖြစ်သာ ဆက်ရှိနေမည် ဆိုသည်ကို သိထားပြီး ဖြစ်ပုံရသည်။ မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်သာ သဘောတူ မည်ဆိုက မည်သို့ အခွင့်အရေးများရလာမည်၊ မတူက ပါတီကို ဖျက်သိမ်းပစ်မည်၊ ခြံ အမှတ် ၅၄ အား ဘူဒိုဇာ နှင့် ထိုးပစ်မည် အစရှိသည့် carrot and stick များ ပါလာမည်သာ ဖြစ်သည်။ ထို့အတွက်လည်း စွန့်စားပြီး အားကိုးလောက်သည်ဟု ယူဆသူများကို စေလွှတ်ရသည်အထိ ဖြစ်လာခဲ့ခြင်းပင်၊ ထိုမျှလောက် တော့ ‌တွေးသင့်သည်။ ဒေါ်အေ

Eagle D5 စစ်ကြောရေးမှာကျဆုံး

Image
  D5 အလယ်လူ

အောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီ ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ

Image
စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက အခြေခံပညာကျောင်းများအတွက် ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ၊ စစ်တပ်ဆက်နွယ် ကုမ္ပဏီ ၁၅ ခုလုံး တင်ဒါအောင် ရန်ကုန်၊ ဒီဇင်ဘာ ၈  အကြမ်းဖက်စစ်ကောင်စီ၏အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်း များ အ တွက် ဘောပင်နှင့်ခဲတံ တင်ဒါရရှိသွားပြီး စစ်တပ်ကျော ထောက် နောက်ခံကုမ္ပဏီ ၁၅ ခု တစ်နိုင်ငံလုံးအတွက် တင်ဒါရရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရှိရသည်။  ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဒေါ်ဥမ္မာမြင့်တွင် သားသမီး ၃ ဦးရှိပြီး  ရွှေရည်ဖြိုးပြည့်  ကုမ္ပဏီကို သမီးဖြစ်သူ ရွှေရည်ဖူးအောင်ကလည်းကောင်း၊ မင်္ဂလာအောင်မြေကုမ္ပဏီကို သားဖြစ်သူလှိုင်ဘွားအောင်၊ အောင်မြင့်မိုရ် လင်း ကုမ္ပဏီကို သားဖြစ်သူ ဖြိုးအာကာအောင်က လုပ်ကိုင်လျက်ရှိကြောင်း၊  စစ် တပ် နှင့် ဝန်ကြီးဌာနပိုင် လုပ်ငန်းတင်ဒါများကို ဒုဗိုလ်ချုပ်‌ကြီး အောင်လင်း ဒွေး၏ ကုမ္ပဏီများက တောက်လျှောက်ဆိုသလို ရရှိနေကြခြင်း ဖြစ်သည်။  "နေပြည်တော်အခြေခံပညာကျောင်းတွေအားလုံးအတွက်

ပြင်ဉီးလွင်ကဒလန်ဆိုင် My Coffee

Image
My Coffee  A-1 အေးငြိမ်းချမ်းသာလမ်း ရေချမ်းအိုး  မြောက် ရပ်ကွက် ပြင်ဦးလွင် 09796522867  ပိုင်ရှင်က ဗိုလ်မှူးဝမ်းမောင်သစ်  https://www.facebook.com/wan.thit.3  သူ့မိန်းမက ထက်မြတ်ညို  https://www.facebook.com/htet.myatnyo                       ဆိုင်က DSTA အရှေ့တည့်တည့်တောင်ပေါ်မှာ DSTAကို မအလလာတော့ ဝမ်းမောင်သစ်က  သူ့ဆိုင်မှာ ကင်းပုန်းဝပ်တာ လက်ခံခဲ့တာ  အခုထိလက်ခံထားတုံးပဲ တလရသမားတွေ အဲ့ဆိုင်ထိုင်ရင်သတိထားပါ  ကင်းပုန်းတွေကအရပ်ဝတ်နဲ့ဖြစ်နေတော့ ဆိုင်လာထိုင် သူတွေနဲ့ရောနေတယ်။  ညဖက်ဆိုရင်စင်တင်ရှိတယ် အရမ်းဆူညံနေလို့ သွား  ပြောရင် တပ်ကိုခေါ်လိုက်ရမလားဆိုပြီး  သူ့မိန်းမ ထက်မြတ်ညိုက ခြိမ်းခြောက်တယ်  သူတို့ခေတ်ဖြစ်နေတာ ပြင်ဦးလွင် LDF တွေသိဖို့ပါ  လက်တို့လိုက်ပါအုံး၊

မိုးစက်/ကိုကို/နှာဘူး(သဲတော/ဝမ်းတွင်း)

Image
၉၇လောက်မှာ မလေးရှား SubangJayaရောက်လာ  ဘောလုံးပွဲဒိုင်လိုလို ပွဲစားလိုလိုနဲ့ အလုပ်မယ်မယ် ရရမရှိတဲ့လူလိမ် အိမ်မှာ ဖင်ဆီဒိုင်းရောင်း သူခိုး အဖွဲ့နဲ့ပေါင်းပြီး ကိုယ်တိုင်ခိုးသလို ခိုးရာပါပစ္စည်း လည်းထုခွဲရောင်းချပေး ၁၉၉၈လောက်မှာ အင်ဒိုမ နှင့်ယူ ၂၀၀၃ဝန်းကျင် SubangTaipanကုန်းမှာ  မျက်မှန်ဆိုင်ဝင်ခိုး ရဲကလိုက်ဖမ်းလို့ထွက်ပြေး  နယ်ပြောင်းသွား ၂၀၀၅ဝန်းကျင် Subangပြန်ရောက်  အင်ဒိုမတစ်ယောက်နှင့်ထပ်ယူ မျိုးချစ်မြန်မာ  Facebook pageထောင်ပြီး ကမ္ဘာအနှံမှဘောမ ကွန်ယက်နှင့်ချိတ်ဆက်ပြီး ဘောအကြီးအကျယ်မ  ၂၀၁၀ဝန်းကျင် မြန်မာအခေါ်(လောက်စလုံး)ဆိုင်  အပေါ်မှာ မြန်မာအရက်ဆိုင်ဖွင့် ၂၀၁၃ဝန်းကျင်  ဒုက္ခသည်အနေနဲ့ အမေရိကားသွားခွင့်ရ  လေယာဉ်ပေါ်ထိရောက်ပြီးမှ သွားခွင့်မရပဲဆွဲချပြီး  နောက်ကြောင်းပြန်စစ်ဆေးခြင်းခံရ ကြောက်လန့်ပြီး  မျိုးချစ်မြန်မာ ဘောမpageနဲ့ personal Facebook  အကောင့်အားလုံးဖျက်ပစ် မကြာခင် အမေရိကား ပြန်သွားခွင့်ရ အမေရိကားသွားခါနီး လက်ထပ်ထားတဲ့ အတူနေမြန်မာမိန်းကလေးဆီမှ ငွေကြေးအမြောက် အမြားယူသွားပြီး အမေရိကားကိုမခေါ်လို့ ပြဿနာ အကြီးအကျယ်ဖြစ် အခုအမေရိကားမှာ  ဘောမကြီးမိုးစက်အဖြစ်အောင်မြင်နေ😂  ငါ့ပိ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

​ ဘာလဲဟ... ခလေးတွေ ကစိတ်ဒဏ်ရ သွားပီ နင်တို့ဒီ အပြစ်က လွတ်မယ်ထင်လား.... ပြည်သူ့ မေတ္တာ စူး...ပါစေ... မြန်မြန်စူးပါစေ ------------------------------- ရန်ကုန်တိုင်း၊ အလုံမြို့နယ်၌ အသက် လေးနှစ်ဝန်းကျင် အရွယ် ကလေးငယ်ကို ယမန်နေ့  ဧပြီလ ၅ ရက် ညနေပိုင်းတွင်  စစ်ကောင်စီတပ််က မူကြိုအတွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက  မဇ္စျ်ိမကို ပြောသည်။  အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းအတွင်း ဖွင့်လှစ်ထားသည့် BC အမည်ရှိ မူကြိုကို DC တစ်စီး၊ အိမ်စီးကားတစ်စီး၊ ရဲကားတစ်စီးနှင့်  အရပ်ဝတ်များ ရဲယူနီဖောင်းများဖြင့် လာရောက်ကာ ကလေးငယ်ကို ဖမ်းဆီးသွားကြောင်း သိရသည်။  “ကလေးရဲ့ အဖေနဲ့ အမေကို  PDF ထောက်ပံ့သူတွေဆိုပြီး  စစ်တပ်က လိုချင်နေတာ။ သူတို့က တိမ်းရှောင်ပြီး နေရတော့ သူတို့ ကလေးက အဖိုးနဲ့ သွားနေနေတာ။ မနေ့က ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ အဲ့ဒီကလေးတက်နေတဲ့  စက်တွင်းလမ်းထဲက  BC  ဆိုတဲ့ မူကြိုကို အရပ်ဝတ်တွေနဲ့ ရောက်လာပြီး အဲ့ဒီ ကလေးငယ်လေးကို ဖမ်းသွားတယ်။ လာတဲ့အထဲမှာ စစ်ကောင်စီက ခန့်ထားတဲ့ ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ပါတယ်။ ကြားရသလောက် ဝင်ဖမ်းတဲ့ အချိန် ကလေးတွေ အကုန်လုံးနဲ့ ဆရာမကို ဒူးထောက်ခိုင်းပြီ

​ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် လျှို့ဝှက်ညွှန်ကြားစာ ထပ်မံပေါက်ကြား

Image
ရန်ကုန်၊ ဧပြီ ၁  ခေတ်သစ်မီဒီယာ အကြမ်းဖက်စစ်ကောင်စီက ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲ ရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် ညွှန်ကြားထားသော လျှို့ဝှက်ကြေး နန်း စာ ထပ်မံပေါက်ကြားကြောင်း Myanmar Police CDM Channel က သတင်းထုတ်ပြန်သည်။  ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန်ညွှန်ကြားလျက်ရှိသည့် လျှို့ဝှက်ကြေးနန်းစာ တစ်စောင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။  အဆိုပါ စာတွင် ညွှန်ကြားစာများ ထပ်မံ မပေါက်ကြားစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားထားကြောင်း၊ ဝန်ကြီး၏ ညွှန်ကြားချက်ကို ရတဖမှူးများက လိုက်နာဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များကို ဖုန်း 067-412222၊ ဖက်စ် 067-412444 သို့ နေ့စဉ် ၀၅ နာရီ အရောက် မပျက်မကွက်တင်ပြရန်နှင့် ညွှန်ကြာ

ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀

Image
​ ဘိုင်ဒင်အစိုးရဟာ လောင်စာဆီစျေးနှုန်း မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နိုင်ငံ အရေးပေါ်အခြေအနေမှာ သုံးစွဲရန်အတွက် မထုတ်လုပ်ပဲ ထားရှိတဲ့ အရန်ရေနံတွေကို ထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရတယ်။ အမေရိကန်နိုင်ငံဟာ ရေနံသိုက်တွေရှိပေမယ့် ကိုယ်တိုင် ထုတ်လုပ်ခြင်းမရှိပဲ အခြားနိုင်ငံများကနေသာ ဝယ်ယူသုံးစွဲပြီး၊ အရန်အတွက်လည်း ဝယ်ယူသိုလှောင်ထားကာ စွမ်းအင် အရေးပေါ် အခြေအနေမှ အဆင့်ဆင့် သိုလှောင်ထားသော ရေနံတွေကို ထုတ်သုံးဖို့ စွမ်းအင်ကာကွယ်ရေး ဗျူဟာရှိပါတယ်။ ယခုကတော့ အဆမတန်မြင့်တက်လာတဲ့ လောင်စာဆီစျေးနှုန်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရန်ရေနံသိုလှောင်ထားသည့် ၄ နေရာမှ ရေနံစည်ပေါင်း သန်း ၁၈၀ ကို လ အနည်းငယ်အတွင်း ထုတ်ယူသုံးစွဲဖို့ရာ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀ ထုတ်လုပ်ရန်ပမာဏဟာ တစ်ကမ္ဘာလုံး စွမ်းအင်သုံးစွဲမှု ၂ ရက်တာကို ကောင်းကောင်းလုံလောက်စေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ . ဒါဟာ အမေရိကန်နိုင်ငံ အရန်ရေနံကနေ ထုတ်ယူသုံးစွဲဖို့ ၆ လ အတွင်း တတိယအကြိမ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နှစ် ၅၀ အတွင်းမှာ အများဆုံး ထုတ်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလည်

​ရန်ကုန်မြို့ထဲက ငွေစက္ကူအတုရောင်းချသူနှင့် တွေ့ဆုံခြင်း

Image
ရိုဇာ “လှည်းတန်းစင်တာထဲမှာတောင် တစ်ထောင်တန်အတုနဲ့ ငါ ကီးချိန်းတောင် ဝယ်လိုက်သေးတယ်”ဟု ငွေစက္ကူအတုရောင်းဝယ်သူဖြစ်သည့် ကိုစိုးနိုင်က အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသည်။ ကိုစိုးနိုင်ဟာ အွန်လိုင်းပေါ်မှာ ငွေစက္ကူအတုရောင်းချနေသူတစ်ဦးဖြစ်ပြီး သူ့နှင့်တွေ့ဖို့အတွက် Dayli ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ကနေတစ်ဆင့် ယခုသတင်းထောက်ကိုချိတ်ဆက်ပေးခဲ့တာဖြစ်သည်။ ငွေအတုများဝယ်လိုသောကြောင့် နမူနာကြည့်ချင်၍ အနည်းငယ်ဝယ်ချင်ကြောင်းပြောကာ ငွေအတုရောင်းသည့်သူနှင့် တွေ့ဖို့ ဖြစ်လာခဲ့သည်။ ငွေစက္ကူအတုကို လာယူတဲ့အခါ စာအုပ်ထဲတွင်ညှပ်ပေးရန် ပြောသော်လည်း ရောင်းသည့်သူကတော့ စိုးရိမ်စိတ်မရှိဘဲ "ငွေစက္ကူအတုတွေ အများကြီးပိုက်ပြီး လျှောက်သွား ရောင်းနေတာ ဘာမှမဖြစ်ဘူး၊ ကြောက်စရာမလိုဘူး"ဟူ၍တောင် ပြန်တုံ့ပြန်ခဲ့သည်။ ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းစင်တာအရှေ့ဝင်ပေါက်တွင် ငွေစက္ကူအတုရောင်းသည့် ကိုစိုးနိုင်ကို အင်္ကျီအဝါရောင်၊ အားကစားဘေးလွယ်အိတ်အမည်းတစ်လုံးကို ပိုက်ပြီး လူအများနှင့်ရောထိုင်နေတာတွေ့ရသည် ။ သူ့မျက်လုံးများက ကျီးကြည့်ကြောင်ကြည့် ကြည့်နေသော်လည်း ငွေစက္ကူအတုလာဝယ်သည့်သူကို သံသယဖြစ်ဟန်၊ ကြောက်ဟန်မရှိသည်ကိုတွေ့ရသည်။ သူ

မန္တလေး၊ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုဖြစ်

Image
​ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း (၃၀)နဲ့ (၈၄)လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။  ဒီကနေ့မတ်လ (၃၀)ရက်၊ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေများတယ်လို့ ဆိုပါတယ်။  “ကျွန်တော်တို့ရောက်တော့ ဆိုင်တံခါးကိုပိတ်ထားလိုက်ပြီ၊ အဲ့ဒီထဲကနေမှ ထိခိုက်မိသူတွေက ထွက်လာကျတာ။ ကျွန်တော်တို့ကတော့ နှစ်ဦးကူညီပေးလိုက်ရတယ်၊ အရေးပေါ်ပို့ပေးထားတယ်။ ဒဏ်ရာကတော့ မပြင်းထန်ပါဘူး။”လို့ ကူညီပေးခဲ့ရတဲ့ လူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောပါတယ်။  ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိစာရင်းအတိအကျတော့ ဘီဘီစီဘက်က အတည်မပြုနိုင်ခဲ့ပါဘူး။ လက်ရှိအခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ စစ်ဆေးမှုလုပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်အပြီး မိနစ်ပိုင်းအတွင်း ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း ၁ဝ၇လမ်းနဲ့ ၁ဝ၈လမ်းကြားမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နောက်ထပ်ဆိုင်ခွဲတခုမှာပါ ပေါက်ကွဲမှုတခု ထပ်ဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။  ဒီဖြစ်စဉ်ဟာ ဇွဲထက်ဆိုင်ရှေ့မှာဖြစ်ခဲ့တာဖြစ်ပြီး မန္တလေးဆိုင်ခွဲအကုန်လုံးကို ယာယီပိတ်ထားပြီလို့ ဇွဲထက်ရွှေဆ

​အငြင်းပွားစရာဖြစ်နေတဲ့ ကချင်သူဌေးကြီးရဲ့ မြစ်ဆုံရွှေတူးဖော်မှု

Image
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Frontier Myanmar ပါဆောင်းပါး (ဘာသာပြန်) FEBRUARY 11, 2022 By EMILY FISBHEIN, JAW TU HKAWNG,  NU NU LUSAN and JAUMAN NAW ကချင်ပြည်နယ် မလိခမြစ်ထဲ စတင် ရွှေတူးခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ ဆွတ်မိုင်ရဲ့ အသက်က (၁၈) နှစ် ရှိပါပြီ။ သူက မီးစက်၊ ရေစုပ်စက်၊ တူရွင်းစသဖြင့် တပိုင်တနိုင် ပစ္စည်းတွေကို သုံးပြီး ရွှေတူးနေပါတယ်။ ဒေသခံတွေ ဒီအတိုင်း ရွှေတူးလာတာ ဟိုးအရင်တည်းကပါ။ ဒါပေမယ့် အရမ်း ပင်ပန်းပြီး အကျိုးအမြတ်လည်း သိပ်မရကြပါဘူး လို့ သူက ပြောပြပါတယ်။ သူက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိတဲ့ တန်ဖရဲရွာဇာတိဖြစ်ပြီး မလိခနဲ့ မေခမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံရဲ့ အနောက်ဘက်ကပ်ရပ်မှာ တည်ရှိပါတယ်။ မြစ်ဆုံကနေ မြန်မာနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီ စီးဆင်းလာပါတယ်။ မြန်မာလို မြစ်ဆုံလို့ ခေါ်ကြပြီး ကချင်လို မလိအင်မိုင်ဇွပ်လို့ သိကြတဲ့ အဲဒီဒေသက (၂၀၁၁) ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် အမေရိကန်ဒေါ်လာ (၃.၆) ဘီလျံတန် ရေအားလျှပ်စစ် စီမံကိန်းကို အဲဒီအချိန်တုန်းက သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့တာမို့ပါ။ အဲဒီမတိုင်ခင် (၂) နှစ်အလိုမှာ မြစ်ဆုံဆည် စီမံကိန်းကို တရုတ်အစိ

စစ်ကားပေါ်မှ စက် သေနတ်ဖြင့် ကလေးငယ် ၂ ဦးကို ပစ်သတ်

Image
​ ဘီးလင်းရွှေရောင်ပြရွာအနီး တိုက်ပွဲမဖြစ်ဘဲ  စစ်တပ်က စစ်ကားပေါ်မှ စက် သေနတ်ဖြင့်  ကလေးငယ် ၂ ဦးကို ပစ်သတ်ပြီး အရပ်သားများကိုပါ စိတ်ကြိုက် ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယို၊ မြင်မြင်သမျှ ပစ်သတ်ရန်နှင့်ရွာမီးရှို့ရန် စစ်သားများ ကြွေးကြော်ဆဲဆို (ရုပ်/သံ) ရန်ကုန်၊ မတ် ၃၀  ခေတ်သစ်မီဒီယာ မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းအကြား၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန် နေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားများဖြင့် ချီတက်ရာ လမ်းတလျှေက် အရပ်သားကားများကို စစ်ကားပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သည်။  ယခုဖော်ပြပါ ဗီဒီယိုဖိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားပေါ်မှ စက်သေနတ်ဖြင့် အရပ်သားကားများကို ဦးတည်ပစ်ခတ်နေသည်ကို မြင်တွေ့ရပြီး ယင်းဗီဒီယိုဖိုင်ကို စစ်တပ်ဘက်က ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းဗီဒီယိုတွင် စစ်သားများက မြင်မြင်သမျှကို ပစ်ခတ်သတ်ဖြတ်ရန် ၊ ရွာကို မီးရှို့ရန် ဆဲဆို ပြောဆိုနေသည်ကို မြင်တွေ့ရသည်။ စစ်တပ်က ပစ်သတ်လိုက်သော အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်တို့သည် သုံးဘီးယာဉ်

​ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား

Image
​ ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား၊ အညံ့မခံဘဲ အသေခံတိုက်ခိုင်းတဲ့သဘောလို့ ဆို ရန်ကုန် | မတ် ၃၀ ခေတ်သစ်မီဒီယာ အာဏာသိမ်းစစ်ကောင်စီလက်အောက် ရဲစခန်း၊ ရဲကင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေကြုံရပါက လက်နက်ချအညံခံတာတွေ၊ စခန်းကိုစွန့်ခွာထွက်ပြေးတာတွေ မလုပ်ကြဖို့ ညွှန်ကြားထားတဲ့ စစ်ကောင်စီကြေးနန်းစာတစ်စောင်ကို Myanmar Police CDM Channel က ထုတ်ပြန်ပါတယ်။  ရဲစခန်း၊ ရဲကင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ကြိုတင်စည်းရုံးသိမ်းသွင်းတာတွေလုပ်ဆောင်နေတယ်လို့လည်း အဆိုပါ စစ်ကောင်စီကြေးနန်းညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ပူးပေါင်းပြီး တပ်တွင်းသတင်းပေးတာတွေ၊ အလစ်အငိုက်တိုက်ခိုက်ခံရရင် လက်နက်ချအညံခံတာနဲ့ စခန်းစွန့်ခွာတာတွေလုပ်နေတယ်လို့လည်း အဆိုပါကြေးနန်းက ဆိုပါတယ်။ တပ်တွင်းစည်းလုံးမှုမပြိုကွဲဖို့နဲ့ တပ်ဖွဲ့ဝင်တွေ NUG၊ PDF အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေမလုပ်စေဖို့အတွက် ကြပ်မတ်‌