မြန်မာစစ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့ အထူးအကြံပေးကောင်စီတိုက်တွန်း
VOA မြန်မာစစ်ကောင်စီရဲ့ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့်ရနေမှုကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အဆုံးသတ်နိုင်သလို ရပ်ဆိုင်းသွားအောင်လည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မနေ့က ဒီဇင်ဘာလ ၁၅ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ၂၀၂၂ တနှစ်ပတ်လုံး မြန်မာစစ်တပ်က လူ့အခွင့်ရေးချိုးဖေါက် သတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေတာဖြစ်ပြီး ဒါကို တာဝန်ခံတာဝန်ယူမှုရှိအောင် လုပ်မပေးနိုင်သရွေ့ ဆက်လက်ကျူးလွန်နေမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီနှစ်ထဲ မြန်မာ့လူ့အခွင့်ရေးအခြေနေဟာ ပိုဆိုးလာနေပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်စွာ ဆက်လက် သတ်ဖြတ်နေတာကြောင့် ဒါတွေကို ICC နိုင်ငံတကာခုံရုံးမှာ တရားမျှတမှုရအောင် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ တတ်နိုင်တာအားလုံး လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က တိုက်တွန်းထားပါတယ်။ မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေကို အတိုက်အခံ အင်အားစုတွေဖက်က ကျုးလွန်နေတာဖြစ်ကြောင်း လူ့အခွင့်အရေး ချိုးဖောက်မှ