Posts

မင်းဘူးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ မိသားစုဝင် လေးဦးဖမ်းဆီးခံရ

Image
မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦးကို ဇန်နဝါရီလ ၈ ရက် ဒီမနက် ၄ နာရီဝင်းကျင်မှာ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ထိ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ဦးဝင်းဝင်းဟာ မိသားစုနဲ့အတူ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာက ဆွေမျိုးတွေရဲ့နေအိမ်မှာ သွားရောက်တိမ်းရှောင်နေတာပါ။ ဒီကနေ့မနက်မှာတော့ ရှားတောကျေးရွာက နေအိမ်ကို စစ်ကောင်စီတပ်တွေ ရောက်လာပြီး ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။ “သူတို့ကို လင်းအားကြီးအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ။ အဲဒီနောက် ဘယ်ကိုခေါ်သွားလဲ ဆိုတာတော့ ကျနော်တို့ မသိဘူး။ စစ်တပ်က ဦးဝင်းဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့တော့ သိရတယ်” စစ်ကောင်စီတပ်တွေက ဦးဝင်းဝင်းအပြင် ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝေ၊ အသက် ၁၇ နှစ်အရွယ် မောင်သန့်ဇင်ဝင်းဝေဟိန်း၊ အသက် ၁၃ နှစ်အရွယ် မနှောင်းရတီဝင်းဝေထွေးနဲ့ အသက်သုံးနှစ်အရွယ် မောင်လပြည့်ဝင်းတို့ကိုပါ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်း...

သန်းကောင်စာရင်းလာကောက်ရင်ကြိုတင်ပြင်ဆင်စရာများ

Image
အိမ်ရှိလူအတွက်ပြဿနာမဟုတ်ပေမယ့် အိမ်မှာလတ်တလောမရှိတဲ့သူအတွက် ပြဿနာ အနည်းနဲ့အများရှိနိုင်ပါတယ်၊ မှတ်ပုံတင်တွေ နဲ့ သန်းကောင်စာရင်းမူရင်း တွဲပြရမယ် ပြောတယ်၊ အမှန်အကန်ဖြစ်စေ လှည့်ဖျား၍ဖြစ်စေ အိမ်မှာမရှိသူတွေရဲ့မှတ်ပုံတင်မပြမိဖို့လိုပါ တယ်သူတို့ယူသွားလို့ပြစရာမရှိဖြေရန်၊ ဖားကန့် မန္တလေး ရန်ကုန် ယုံလောက်မယ့် နေရာတခုခု မှာအလုပ်သွားလုပ်တယ် လို့ ပြောရာမှာအထောက်အထားတောင်းတာ မျိူးရှိနိုင်ပေမယ့်ဖြစ်နိုင်ခြေနည်းပါတယ်၊ ဒီနေရာမှာ စကစဖက်က တချက်ခုတ်နှစ် ချက်ပြတ် လုပ်တာပဲဖြစ်တယ်။ ရွေးကောက်ပွဲအကြောင်းပြုပြီး PDF ရှာ ပုံတော်ဖွင့်တာဖြစ်လို့ အိမ်မှာမရှိကြောင်း ပြောရာမှာ အကြောင်းပြချက်က ယုံကြည် ဖို့လိုပါတယ်၊ NUG ထုတ်ပြန်တဲ့စာမှာအပေါ် ကအချက်တွေမပါလို့ထပ်ဖြည့်ပေးတာပါ၊ ထိပ်တိုက်ရင်ဆိုင်ရမယ့် မိဘတွေ အကိုအမ တွေက ဖြေကြားရာမှာ တည်ငြိမ်ဖို့ စကားကို ရှေ့နောက်ညီဖို့လိုပါတယ်၊  နိုင်ငံခြားသွားသူတွေအတွက် ဘယ်နေ့ ဘယ် နိုင်ငံ ဘာအတွက်နဲ့ ပတ်စ်ပို့နံပါတ်ပါတောင်း လာနိုင်လို့ ယုံကြည်အောင်ပြောနိုင်ဖို့လိုပါတယ်၊ အပြန်အလှန်ပြောတာတွေ Voice Record ခိုးယူ ထားနိုင်ရင်ယူထားစေလိုပါတယ်၊ ဘာလို့လဲဆိုတော့ပြည်သူလိုလားတဲ့ရွေးကောက် ပွဲမဟုတ်...

ခမရ ၄၀၅ တပ်ရင်းမှူး ရှေ့တန်းမှာ ဖမ်းဆီးခံရပြီးနောက် သရက်ချောင်း နောက်တန်းတပ်ရင်း ၃ ခုမှာ အောင်ခြင်းရှစ်ပါးနဲ့ ပရိတ်တရားခွေကို နေ့ရောညပါ လော်စပီကာနဲ့ ဖွင့်နေ

Image
ကိုကိုလေး/ဧရာဝတီတိုင်းမ် (သရက်ချောင်း)၊ ဇန်နဝါရီလ ၈ ရက် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများအတွင်း ကြာနီကန်ဆရာတော်၏ အောင်ခြင်းရှစ်ပါး၊ပဌာန်းနှင့်ဓာရဏပရိတ်တရားများပါ ဝင်သည့် တရားခွေကို လော်စပီကာဖြင့် နေ့ရောညပါ ဖွင့်လှစ်နေကြောင်း ဒေသခံများထံကသိရသည်။ အဆိုပါ သရက်ချောင်းအခြေစိုက်တပ်ရင်းများသည် ကရင်ပြည်နယ်အတွင်းတိုက်ခိုက်ရေးဝင်ရောက်နေသည့်တပ်ရင်းများဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်စခန်းကိုစစ်ကူ သွားရောက်ရန် ခမရ ၄၀၅ ကို အမိန့်ပေးစေခိုင်းမှုအား ငြင်းဆန်ခဲ့မှုကြောင့် ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင် အကြီးတန်းအရာရှိ ၃ ဦးဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းကာလများတွင် ယင်းတပ်ရင်း ၃ ရင်းမှ တရားခွေများကိုနေ့စဥ်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ "၄၀၅ ရင်းမှူး အဖမ်းခံရပြီး ဒီဇင်ဘာလဝက်လောက်နောက်ပိုင်းကနေ နေ့တိုင်းဖွင့်တာ ကြာနီကန်ဆရာတော်ရဲ့ အောင်ခြင်းရှစ်ပါး ဂါထာ၊ ပဌာန်း၊ ပရိတ်ကြီး၊ဓာရဏပရိတ် အဲ့တာတွေနေ့ရောညရောဖွင့်တာ။ သူတို့တွေဖြစ်ပျက်နေတာမြို့ပေါ်နေတဲ့သူတွေကတော့သိ...

ပုသိမ်အကျဉ်းထောင်တွင် ပစ်သတ်ခံရသည့် ကိုဝေယံဖြိုးရဲ့ အလောင်းကို စစ်ကောင်စီက မိသားစုဝင်တွေကို မပေးပဲ မီးသဂြိုလ်

Image
ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၈ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ ကိုဝေယံဖြိုး ဦးခေါင်း သေနတ်ကျည် ၃ ချက် မှန်ပြီသေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။  ကိုဝေယံဖြိုးသေဆုံးတဲ့နေမှာ ချောင်းသာမှာနေထိုင်တဲ့ မိသားစုဝင်တွေကို ဆက်သွယ်ခေါ်ယူခဲ့ပေမယ့် မိသားစု ဝင်တွေနဲ့ တွေ့ခွင့်ပေးတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးသဂြိုလ်ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။  “ မိသားစုဝင်တွေက ၆ ရက်နေ့ ညထဲကရောက်တာ လပြည့်ဝန်းဟိုတယ်ရှေ့မှာ ထိုင်စောင့်နေတာ၊ အဲ့တာကို စစ်ကောင်စီက လုံးဝကို တွေ့ခွင့်မပေးတာ၊ တစ်ယောက်မေးရင် တစ်မျိုးပြောတာ အလောင်းကဆေးရုံကြီး ပို့လိုက်ပြီပြောလိုက် ရင်ခွဲရုံမှာပြောလိုက် ထောင်မှာပြောလိုက်ပေါ့ဗျာ အဲ့လိုမျိုးလုပ်တာ”လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။  ကိုဝေယံဖြိုးရဲ့ အလောင်းကို စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်နေ့က သရောင်းချောင်းသုသာန်မှာ မီးသဂြိုလ် ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေကို အဝေးကပဲ ကြည့်ခွင့်ပေးခဲ့တယ်...

လှိုင်သာယာတွင် နေအိမ်ချိတ်ပိတ်ခံရသည့်အိမ်များ ပြန်ဖွင့်ပေးဖို့ စာတင်ပေးမည်ဟုဆိုကာ စရဖများက ငွေသိန်းဆယ်နှင့်ချီ၍ လိမ်လည်တောင်းယူနေ

Image
ဧရာ၀တီတိုင်းမ် ဇန်နဝါရီလ ၈ ရက် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီလက်အောက်ရှိ စစ်ဖက်ရေးရာထောက်လှမ်းရေးအဖွဲ့  (စရဖ)များက စစ်ကောင်စီ ချိတ်ပိတ်ခဲ့သောနေအိမ်များကို ပြန်ဖွင့်ပေးရန်အတွက် အထက်ကို အသနားခံစာ စာတင်ပေးမည်ဟုဆိုကာ အိမ်ရှင်များထံမှ ငွေကျပ်သိန်းဆယ်နှင့်ချီ၍ လိမ်လည်တောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ “စရဖတွေက ချိတ်ပိတ်ခံရတဲ့အိမ်ရှင်တွေကို ချဉ်းကပ်ပြီးတော့ ခင်ဗျားတို့အိမ် ချိတ်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ အထက်ကိုအသနားခံစာတင်ပေးမယ်၊ အဲ့အတွက် ပိုက်ဆံပေးဆိုပြီး လိမ်တောင်းနေတာ။ တချို့အိမ်ရှင်တွေဆို သိန်းဆယ်နဲ့ချီ ပေးလိုက်မိပြီး အလိမ်ခံရတာတွေ ဖြစ်နေတယ်။ ချိတ်ပိတ်ခံရတဲ့ အိမ်ရှင်တွေကျတော့လည်း သူတို့အိမ်က သိန်းရာဂဏန်း၊ ထောင်ဂဏန်းတန်တဲ့အိမ်တွေဆိုတော့ စာတင်ရင် ပွင့်လိုပွင့်ငြား အကုန်ခံကြတာ။ စရဖတွေကလည်း အဲ့အကွက်ကိုနင်းပြီး အိမ်ရှင်တွေဆီက လိမ်စားနေတာ။ ကျနော့်မိတ်ဆွေတယောက်ဆို သိန်း ၅၀ ကျော်ပါသွားတာ”ဟု လှိုင်သာယာမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲ ဦးဆောင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်...

ပုသိမ်ထောင်တာဝန်ရှိသူတွေရဲ့ ထောင်တွင်းလူသတ်မှု

Image
ပုသိမ်ထောင်တာဝန်ရှိသူတွေရဲ့ ထောင်တွင်းလူသတ်မှုအကြောင်း (သတင်းဆောင်းပါး) ဆလိုင်းသန့်စင်/ဧရာ၀တီတိုင်းမ် ဇန်နဝါရီလ ၇ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့က ထောင်ဆူပူမှုနဲ့ အဓိကရုဏ်းတချို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးကာ အကျဉ်းသားအများအပြား ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေနဲ့ စုံစမ်းသိရှိရတဲ့အချက်အလက်တွေအရ ထောင်ဆူပူမှုဖြစ်စဉ်ဟာ မြန်အောင်မြို့နယ်က သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မူလတန်းပြကျောင်းဆရာ ကိုကောင်းခန့်ကျော်(ခ) စောကျော်စုကိစ္စနဲ့ ပတ်သတ်ပါတယ်။ မြန်အောင်မြို့နယ်၊ ထိပ်ပုတ်ကုန်းကျေးရွာ အထက်တန်းခွဲ ကျောင်းမှာ မူလတန်းပြအဖြစ် စာသင်ကြားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တဲ့ ကျောင်းဆရာ အသက် ၂၅ နှစ်အရွယ် ကိုကောင်ခန့်ကျော်(ခ)စောကျော်စုကို မြန်အောင်ခရိုင်တရားရုံးကနေ ဒလန်သတ်တယ်ဆိုပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။  သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းဆရာ ကိုကောင်းခန့်ကျော်ကို စစ်ကောင်စီက ဧရာ၀တီတိုင်းမှာ အကြီးဆုံးထောင်ဖြစ်တဲ့ ပုသိမ်ထောင်မှာ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။...

မအလ နဲ့ ပူးပေါင်းရင်ဒလန်တံဆိပ်အတတ်ခံရမှာပဲ

Image
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ALP စစ်ဦးစီးချုပ် နဲ့ တပ်မှူး ၂ ဦး စျာပန ကျင်းပ အာဇာနည်တွေ အဖြစ်သတ်မှတ် ဇန်နဝါရီ ၈ - ၂၀၂၃ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ မနက်ပိုင်းက စစ်တွေမြို့မှာ သေနတ် နဲ့ ပစ်သတ် လုပ်ကြံခြင်း ခံခဲ့ရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ် အမှုဆောင်နဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ခိုင်စိုးမြ နဲ့ တပ်မှူး ၂ ဦး တို့ ရဲ့ စျာပန ကို ဒီကနေ့ မနက် ၁၁ နာရီ က ပြုလုပ်ခဲ့ပြီး မီးသင်္ဂြုဟ်ခဲ့ ကြောင်း  ALP သတင်းထုတ်ပြန်ပါတယ်။ သူတို့ ၃ ဦးကို အာဇာနည်တွေ အဖြစ် မှတ်တမ်းတင်ပြီး အရိုးပြာတွေကို သိမ်းဆည်းထားကာ  အထိမ်းအမှတ်ကျောက်တိုင် သို့မဟုတ် ကျောက်ရုပ်များ စိုက်ထူ သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။ စျာပန အခမ်းအနားကို EAO တွေ နိုင်ငံရေးပါတီတွေနဲ့ လူမှု အဖွဲ့အစည်း တွေ က ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့လည်း သိရပါ တယ်။ THN freelance journalist

PDFစစ်​ဆေး​ရေးဂိတ်ကိုလာတိုက်သောစစ်တပ်နှင့်ရှမ်းနီတပ်ပူး​ပေါင်းစစ်​ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီး စစ်​ကြောင်းမှူးအပါအဝင် ၁၀ ဦး​သေ

Image
▪️︎စစ်​ရေးတင်းမာ​နေပြီး PDF နှင့် စစ်တပ်/ရှမ်းနီတပ် တပ်ဆိုင်ထား ဇန်နဝါရီလ ၈ ရက် စစ်ကိုင်းတိုင်းဟုမ္မလင်း-ဖောင်ပြင်လမ်းမှPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့က စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ​ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ဆယ်ဦးသေဆုံးသွား​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။ ဟုမ္မလင်း-ဖောင်ပြင်လမ်းပိုင်းရှိ နတ်နန်းကျေးရွာမှPDF စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)က ဇန်နဝါရီ ၅ရက်မှစတင်၍ စစ်ကြောင်းထိုးလာ​သောကြောင့်ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာပြီး ဖရိုဖရဲထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ "နတ်နန်းဂိတ်ကိုလာသိမ်းတာ။ကျွန်တော်တို့က၁၅မိနစ်လောက်သတင်းကြိုရတော့ ရှောင်ပေးလိုက်တယ်။ ပြီးမှ ပြန်ချတာ။ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးကျပြီး အုပ်ချုပ်မှုဖရိုဖရဲဖြစ်သွားပြီး ပြန်ပြေးတယ်။လက်ရှိ နတ်နန်းဂိတ်ကို ကျွန်တော်တို့ ရထားတယ်" ဟုခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင်  စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖ...

အမေတွေရဲ့မျက်ရည်ထပ်မကျပါစေနဲ့တော့🙏🏿🙏🏿🙏🏿

Image

ရှောင်တာနယ်ကိုပြန်ဖမ်းဖို့ စကစအမိန့်ထုတ်ပြန်

Image
ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့ စစ်ကောင်စီကြေညာပြန် ဆိုင်းမင်း/People's Spring ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အင်းစိန်ထောင်ကနေ လွှတ်လိုက်တဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်  ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ ရှောင်တာနယ်လ်ဟာ လွတ်မြောက်လာပြီး လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမဟုတ်မမှန်တာတွေပြောလို့ လွတ်ငြိမ်းခွင့်ပယ်ဖျက်တာလို့စစ်ကောင်စီကအကြောင်းပြထားပါတယ်။ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၇ ရက်(အမျိုးသားနေ့)မှာ စစ်ကောင်စီက လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ အင်းစိန်ထောင်ကလွတ်ပြီးနောက် သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်မှာ ရှောင်တာနယ်လ်ဟာ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကိုဖွင့်ချခဲ့ပါတယ်။ ဒါအပြင ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအမှန်တရားတွေကို ကမ္ဘာ့ကိုချပြဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မှာလိုက်တာကိုလည်း ရှောင်တာနယ်လ်က မီဒီယာကတဆင့် ပြောပါတယ်။ ရှောင်တာနယ်လ်ရဲ့အင်တာဗျုး တစ်ခုမှာဆိုရင်  မြန်...

(ဘာသာပြန်) အင်ဒိုနီးရှားသည် မြန်မာနိုင်ငံအကျပ်အတည်းတွင် ရိုးသားသော ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦး ဖြစ်နိုင်သည်

Image
Indonesia can be an honest peace broker in Myanmar crisis အင်ဒိုနီးရှားသည် မြန်မာနိုင်ငံအကျပ်အတည်းတွင် ရိုးသားသော ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦး ဖြစ်နိုင်သည်။ အကျပ်အတည်းကို ဖြေရှင်းခြင်းသည် ဒေသတွင်းလုံခြုံရေးအပေါ် ၎င်း၏ဂယက်ရိုက်ခတ်မှုကို ရှောင်ရှားရန် အင်ဒိုနီးရှားနှင့် အာဆီယံအဖွဲ့ဝင်အားလုံး၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်သည်။ Solving the crisis is in the best interest of Indonesia and all ASEAN members to avoid its repercussions on regional security. Haeril Halim The Jakarta Post The United Nations Security Council meets in preparation for a vote on a draft resolution calling for an immediate end to violence in Myanmar and the release of political prisoners, at the UN headquarters in New York, the United States, on Dec. 22, 2022. (AFP/Ed Jones)  January 5, 2023 JAKARTA  – Middle power Indonesia may now have earned the trust of the international community as a “neutral” peace mediator for its successful management of the Group of 20, in which leaders unanimously condemned Russi...

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ နှင့် နိုင်ငံတကာ တောင်းဆိုမှု လိုက်လျောရန် မင်းအောင်လှိုင် ဆန္ဒ မရှိဟုဆို

Image
ရန်ကုန်၊ ဇန်နဝါရီ ၇ ခေတ်သစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ တောင်း ဆို ဆုံးဖြတ်ချက်ကိုလည်းကောင်း၊  နေအိမ် အကျယ်ချုပ်  ပြန်ထားရန်  တောင်းဆိုမှုများကိုလည်းကောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  လိုက်လျောရန် ဆန္ဒမရှိကြောင်း နေပြည်တော်၊ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် ၃၃ နှစ် အပြီး သတ်အမိန့် ချမှတ်ပြီးနောက် နေအိမ် အကျယ်ချုပ်ပြန်ထားနိုင်သည်ဟု ယူဆ ချက် များရှိနေသော်လည်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကမူ မင်းအောင် လှိုင် အနေဖြင့် ယင်းကိစ္စကို စိတ်ဝင်စားမှု လုံး၀ မရှိသည့်အပြင် လိုက်လျောရန်လည်း ဆန္ဒ မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မင်း အောင် လှိုင်က အငြိုးအာဃာတကြီးမားစွာ ရှိနေဆဲဖြစ်ကြောင်း ပြောဆိုသည်။  "NLD အစိုးရလက်ထက်မှာ တပ်ချုပ်က သူ့ကို နှိမ်ခဲ့တယ်လို့ ယူဆပုံရတယ်။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ တပ်ချုပ်ကို  "ဘာရမလဲ သာ၀ရယ်"  ဆိုပြီး လူမှုကွန်ရက်မှာ နှိမ်ပြီးရေးခဲ့တာ။ နိုင်...

ကြံဖွံပါတီ ဉက္ကဋ္ဌဦးခင်ရီ နိုင်ငံရေးပါတီ၃၀ ကျော်ကို ထမင်းဖိတ်ကျွေး

Image
အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ကောက်ယူချိန်မှာ ကြံဖွံပါတီ ဉက္ကဋ္ဌဦးခင်ရီ နိုင်ငံရေးပါတီ၃၀ ကျော်ကို ထမင်းဖိတ်ကျွေး ================== ဇန်နဝါရီ၆ရက် မိုးကြိုးသတင််းစဉ် အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ကောက်ယူချိန်မှာ ကြံဖွံပါတီ ဉက္ကဋ္ဌဦးခင်ရီ နိုင်ငံရေးပါတီ၃၀ ကျော်ကို ထမင်းဖိတ်ကျွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ၅ရက်နေ့က နေပြည်တော်က ကြံ့ဖွံဌာနချုပ်မှာတွေ့ဆုံခဲ့တာလို့ဆိုပါတယ်။ "နိုင်ငံရေးပါတီ(၃၇)ပါတီက ဉက္ကဋ္ဌတွေ / ကိုယ်စားလှယ်တွေ နဲ့ ပါတီဌာနချုပ်ခန်းမမှာ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ကိုယ်စားလှယ်တွေကို မိတ်ဆက်ပေးဖို့နဲ့ နိုင်ငံရေးပါတီအချင်းချင်း ချစ်ကြည်ရင်းနှီးလိုမှု ဆန္ဒနဲ့ ဆောင်ရွက်ခဲ့တာပါ။တွေ့ဆုံပွဲကို မနက်ပိုင်း (၁၀၀၀)နာရီကစတင်ပြီး (၂)နာရီကျော်ကြာ သူ့အမြင်ကိုယ်အမြင်တွေ ဆွေးနွေးနိုင်ခဲ့သလို စုပေါင်း ဝိုင်းဖွဲ့ထမင်းစားရတာကလဲပျော်စရာကောင်းလှပါတယ်ခင်ဗျား"လို့ ဦးခင်ရီက ၄င်းလူမှုကွန်ရင်မှာဆိုထားပါတယ်။ ကြံ့ဖွံပါတီဟာ အကြမ်းဖက် စစ်ခေါင်းဆောင် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ ကျိန်းသေ နိုင်မယ်လို့ တွက်ချက်ထားတာလည်းဖြစ်ပြီးတော့ ကြံဖွံပါတီအတွင်းသို့ ယူနီဖောင်းချွတ် စစ်...

ဦးကျော်မိုးထွန်းကုလသို့အပတ်စဉ်အစီရင်ခံစာမြန်မာပြန်

Image
ဂူဂယ်ဘာသာပြန်ဖြစ်ပါ၍ စာထောက်နေလျှင် ပြင်ဆင်ပြီးဖတ်ပါရန်*** ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အမြဲတမ်းမစ်ရှင်  United Nations, New York ဖုန်းနံပါတ် - (212) 744-1271 FAX: (212) 744-1290 EMAIL: myanmarmission@verizon.net အရှေ့   ၇၇   လမ်းနယူးယောက်၊  NY 10075  ၁၀ ရက်စွဲ - 6  ဇန်နဝါရီ  2023 ဘုန်းကြီး၊ လူမဆန်စွာ   စစ်အုပ်စု၏   ရက်စက်ကြမ်းကြုတ်သော   လုပ်ရပ်ကြောင့်   ပြည်သူပြည်သားများအပေါ်   အကြပ်အတည်း   အလွှာလိုက်   ဒုက္ခရောက်နေကြရသည့်   မြန်မာနိုင်ငံတွင်   ကြေကွဲဝမ်းနည်းဖွယ်ရာ   အခြေအနေများကို သတိပြုမိစေရန်   ကျွန်ုပ်ရေးသားလိုက်ပါသည်။ စစ်တပ်က   တရားမ၀င်   အာဏာသိမ်းရန်   ကြိုးပမ်းခဲ့သည်မှာ   ၂၃   လကျော်ရှိပြီဖြစ်သည်။   စစ်တပ်သည်   လူပေါင်း ၂၇၀၇   ဦးကို   ရက်ရက်စက်စက်   သတ်ဖြတ်ခဲ့ပြီး   ထောင်နှင့်ချီသော   ဖမ်းဆီးချုပ်နှောင်ကာ   ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး   လူပေါင်း   တစ်သန်းကျော်   အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။   သေဒဏ်...