နျူနည်းပညာရရှိရေး အပူတပြင်းကြိုးပမ်းနေသည့် မင်းအောင်လှိုင်
၂၀ ရာခိုင်နှုန်း သန့်စင်ထားသည့် ယူရေနီယမ်လောင်စာတောင့်သည် လက်နက်ထုတ်လုပ်ရေးအတွက်ပင် ရည်ရွယ်နိုင်ကြောင်း နိုင်ငံတကာစွမ်းအင်ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။ Published on Feb 7, 202 နျူစင်တာဖွင့်ပွဲတွင် ရုရှားအချို့နှင့်အတူ တွေ့ရသည့် အာဏာသိမ်ခေါင်းဆောင်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် မြောက်ကိုရီးယားသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်များ စေလွှတ်ကာ ဖျက်အားပြင်းမဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ခွင့်ရရေး ကြိုးပမ်းခဲ့ဖူးရာ လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း နျူလက်နက်ပိုင်ဆိုင်ရေး စိုင်းပြင်းနေဖွယ်ရှိသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် မင်းအောင်လှိုင်အနေဖြင့် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည့်နည်းတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများ မနေမနားကြိုးပမ်းနေသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၆) က ရန်ကုန်မြို့တွင် ပြုလုပ်သည့် နျူကလီးယားစင်တာဖွင့်ပွဲကို ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း Rosatom မှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အာဏာသိမ်းခေါင်းဆောင် တက်ရောက်ခဲ့သည်။ ရုရှားနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကနဦး