စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေ
ခမရ ၄၀၃ မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူး သန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တိုက်ရန် ငြင်းဆန် ပုန်ကန်မှုဖြင့် ဖမ်းဆီးအရေးယူ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး / ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။ ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး / ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်