ပျူတွေကိုသနပ်ခါးပင်တွေပါမီးရှို့ခိုင်းတဲ့အာဏာရူး
မြိုင်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဦးဆောင်ပြီး ဒေသခံတွေရဲ့ သနပ်ခါးခြံ ဧက ၂၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ ဧရာဝတီတ်ိုင်းမ် ဖေဖော်ဝါရီလ ၂၆ ရက် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်း ဆိုသူဦးဆောင်ပြီး ဒေသခံများ၏ သနပ်ခါးခြံများကို ဆက်တိုက်မီးဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။ အဆိုပါ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်မှာ ကန်နီကျေရွာတွင်နေထိုင်ပြီး သနပ်ခါးစိုက်ထားသည့် ခြံဧက ၂၀ ကျော်ခန့်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။ "အခုသူတို့မီးရှို့ ဖျက်ဆီးနေတဲ့ သနပ်ခါးခြံ ဧက အတော်များများဟာ ဒေသခံတွေရဲ့ သနပ်ခါးခြံတွေပါ။ တမင်သက်သက်ကို ဒီကောင်တွေ ဒုက္ခပေးနေကြတာ ယုတ်မာလွန်းပါတယ်ဗျာ။ အခုဆို သနပ်ခါးခြံတွေရဲ့ တန်ဘိုးကလည်း မနည်းပါဘူး အတော်လေးဆုံးရှုံးသွားသလို ပြာပုံပဲရှိတော့တယ်။ အခုလည်း သူတို့ရဲ့ရန်ကြောက်လို့ အိမ်မှာ မနေရဲဘဲ ထွက်ပြေးနေကြရတယ်" လို့ ကန်နီ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းနှင့် ပျူစောထီးအဖွဲ့များသည် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စတင်ပြီး ဒေသခံများ၏ သနပ်ခါးခြ