လားရှိုးဝန်းကျင် မြို့အဝင်လမ်းတွေ ဖြတ်တောက်ထားလို့ ခရီးသွား ကား၊ ပြည်သူတွေ အခက်ကြုံ
ဇွန် ၁၄-၆ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည် မြို့ အဝင်လမ်းတွေ ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဖြတ်တောက်ထားလို့ လားရှိုးကိုလာတဲ့ ခရီးသွား ကား၊ ပြည်သူတွေ ခက်ခဲ ဒုက္ခရောက်ကြောင်း ခရီးသွားတွေဆီက သိရပါတယ်။ "တနေကုန် လမ်းလိုက်ရှာတာ မိုင်းယော်ကနေ ဆင်းလာတဲ့ လမ်းလည်း မြေကော် စက်နဲ့ တူးပြီး လမ်းဖြတ်လိုက်ပြီ။ နမ္မတူ လမ်းဘက်လည်း ဖြတ်လိုက်ပြီလို့ ပြောတယ်။ အီနိုင်းလမ်းလည်း သွားလို့ မရဘူး။ ဟိုပိတ် ဘက်လည်း လမ်းပိတ်လိုက်ပြီ။ နမ့်ပေါင်လမ်းလည်း ပိတ်လိုက်ပြီ" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ တောင်ပေါ်လမ်း၊ ရွာလမ်းတွေကနေ လမ်းတွေမှာ ပိတ်မိနေတာကြောင့် ခရီးသွား ပြည်သူတွေနဲ့ ကားသမားတွေ နောက်ကြောင်း ပြန်လှည့်ဖို့လည်း ကား ဆီကုန်တဲ့ သူကုန် ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။ ပိတ်မိသောင်တင်နေတဲ့ သူတွေကလည်း ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က မိုးကြီး ရေလျှံလို့ မိုင်းလီလမ်းမှာ ပိတ်မိသောင်တင်နေတဲ့ ကားတွေနဲ့ ခရီးသွားတွေ ဖြစ်တယ်လို့ ခရီးသွားပြည်သူ တယောက်က ပြောပါတယ်။ "မူဆယ်ဘက်နေ အဆင်းကျရင် လားရှိုး မြို့ အဝင် ၆၈ ဂိတ်ကို မနေ့ညနေ ၄ နာရီလောက် က ပိတ်လိုက်ပါတယ်။ ဈေးသည်တွေကိုတ...