ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး

ကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၃ ခေတ်သစ်

မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းများကို လစာတိုးပေးသော ရုံးတွင်းအမိန့်စာများ Facebook လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်း ဆီးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

မေလနှောင်းပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းခဲ့သည့်အတွက် ကုန်စျေးနှုန်းများ မြင့်တက်ပြီး ဝန်ထမ်းများ လစာဖြင့် မလောက်ငှမည်ကို စိုးရိမ်ကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ၎င်းတို့၏ ဝန်ထမ်းများ အတွက် လစာများ တိုးမြှင့်ပေးခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် အမိန့်စာကိုလည်း လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော်ပြမှုသည် နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ လက်ရှိ စစ်ကောင်စီကို Non-CDM ဝန်ထမ်းများက လစာမတိုးပေးမှုဖြင့် အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဝန်ထမ်းများကို လစာတိုးမြှင့်ပေးသည့် ကုမ္ပဏီနှင့်လုပ်ငန်းများတွင် ရန်ကုန်မြို့မှ Zaw Zaw  Mobile လည်းပါ ဝင် ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစျေးရှိ Zaw Zaw Mobile ဆိုင်ကို စစ်ကောင်စီက ချိတ်ပိတ်သွားခဲ့သည်ဟု မျက်မြင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများ လစာတိုးမြှင့်သည်ဟု လူမှုကွန်ရက်တွင် ရုံးတွင်း အမိန့်စာ များ ဖော်ပြခဲ့ကြသည့် ကုမ္ပဏီပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို ဖမ်းဆီး အမှုဖွင့်ထားကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းလစာတိုးသည့် ရုံးတွင်း အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော်ပြခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။ 

"အခုကတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒီလို ဝန်ထမ်းလစာတိုးတဲ့ ရုံးတွင်း အမိန့်စာတွေကို လူမှုကွန်ရက် တင်သလဲဆိုတာကို စစ်ဆေးနေတယ်။ စစ်ဆေးပြီးရင်တော့ ပုဒ်မတွေတပ်ပါလိမ့်မယ်။ ဖမ်းတာက ၁၀ ဦးကျော်တယ်။ ဒီလောက်ပဲ ပြောလို့ရမယ်" ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ကျပ်ငွေတန်ဖိုးထိုးကျပြီး တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ဝိသမ စီးပွားရေးသမားများက လုပ်ဆောင်နေသည်ဟုဆိုကာ ရွှေလုပ်ငန်းရှင်များ၊ ဒေါ်လာဝယ်ရောင်းများ၊ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူသူများ အပါအဝင် စီးပွားရေးသမားများကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်

Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Hotelတွေထဲမှာ Share အများဆုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး ဒေဝါရွှေ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

ဒဗမက၏ဇနီး ထမီအလှန်ခံရ