ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်
ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃)နှင့် ခလရ(၃၂)ကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ တပ်ရင်းမှူး ဇနီးကို အရှင်ဖမ်းမိထား မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၃)နှင့် ခရလ (၃၂) တပ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ခိုင်မာသော KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့အဝင်ရှိ အဆိုပါ စစ်ကောင်စီတပ် ခလရ(၂၈၃)နှင့် ခရလ (၃၂)တို့ကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကျန်ရှိသော ခလရ (၂၈၄) တပ်ရင်း ဆက်လက်တိုက်ခိုက်ခံနေရပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်ကောင်စီတပ်ဘက်က အသေအပျောက်များတယ်၊ အရှင်ဖမ်းမိသူတွေလည်း ရှိတယ်။ ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ KNLA သတင်းရင်းမြစ်၏အဆိုအရ တိုက်ပွဲအတွင်း ခလရ(၃၂)တပ်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇင်ဦး၏ ဇနီးဖြစ်သူ ဒေါ်သီရီဝေလည်း အရှင်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။ လက်ရှိတ