စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညပိုင်းက ကြည့်မြင်တိုင်ဘူတာလိုင်းခန်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သိရသည်။ အဆိုပါ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အခင်းဖြစ်ပွားသည့်နေ့က လူငယ်တစ်ဦးအား အရက်မူးပြီး ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ညပိုင်းတွင် ယခုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။ “လင်းတောင်အုပ်ချုပ်ရေးမှူးက လမ်းသွားနေတဲ့ကောင်လေးတစ်ယောက်ကို ခေါ်စစ်တယ်၊ အရက်မူးပြီး အာဏာပါဝါပြတယ်။ ညရောက်တော့ အဲဒီအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတယ်။ ပစ်တာတော့ ခေါင်း ကိုပစ်တာ ပါးစပ်ဟတဲ့အချိန်ဖြစ်သွားတော့ ပါးဖောက်ထွက်သွားတယ်လို့ ရပ်ကွက်ထဲကလူတွေကို ဆက် သွယ်ပြီးမေးကြည့်လို့ သိရတယ်”ဟု ယခင်က စမ်းချောင်းမြို့နယ်တွင်နေထိုင်ခဲ့သော တော်လှန်ရေး ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လင်းလွန်းတောင်ရပ်ကွက် ကြည့်မြင်တိုင်ဘူတာတွင် စစ်ကောင်စီတပ်သား များနှင့် လက်အောက်ခံရဲတပ်ဖွဲ့များရောက်ရှိလာပြီး ရထားတွဲများပေါ်သို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။ ပစ်ခတ်ခံရသည့် လင်းတောင်အုပ်ချုပ...