ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ
နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်း ပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ခေတ်သစ် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဖွင့်လှစ်လျက်ရှိသော ပုဂ္ဂလိကိုယ်ပိုင် ကျောင်း များတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုများကို သင်ကြား ခြင်းမပြုရန် နှင့် ဥပဒေထုတ်ပြန်၍ တားမြစ်ဟန့်တား အရေးယူရန် အကြမ်း ဖက် မင်းအောင်လှိုင်က ခိုင်းစေလိုက်ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်း ဖက် မင်းအောင် လှိုင်က ထိုသို့ ပြောဆို ခိုင်းစေညွှန်ကြားခြင်းဖြစ်ပြီး တိုင်းနှင့် ပြည် နယ် များရှိ ပညာရေး ဌာနများသို့ မင်းအောင်လှိုင်၏ ခိုင်းစေချက်ကို ဖြန့် ဝေ ထားကြောင်း သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်၏ ခိုင်းစေချက်တွင် ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန် ပြီးပါက အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်း သင်ကြားမှုများနှင့် အခြား မလိုလားအပ်သော သင်ကြားမှုများကို ထိရောက် သော ဥပဒေပုဒ်မများဖြင့် ထိရောက်စွာ ဟန့်တား အရေးယူဆောင် ရွက်ရ မည် ဖြစ်ကြောင်း သိရှိ